< ကမ္ဘာ​ဦး 3 >

1 မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။
Now the serpent was more shrewd than any of the wild animals which God had made. And he said to the woman, "Has God really said, 'You shall not eat of any tree of the garden?'"
2 မိန်းမ ကလည်း ၊ ငါတို့သည် ဥယျာဉ် ရှိ သောအပင် တို့၏ အသီး ကိုစား ရသောအခွင့်ရှိ၏။
And the woman said to the serpent, "Of the fruit of the trees of the garden we may eat,
3 ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
but of the fruit of the tree which is in the middle of the garden, God has said, 'You shall not eat of it, neither shall you touch it, lest you die.'"
4 မြွေ ကလည်း သင်တို့သည် ဧကန်အမှန်သေ ရမည်မ ဟုတ်၊
The serpent said to the woman, "You won't surely die,
5 အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။
for God knows that in the day you eat it, your eyes will be opened, and you will be like God, knowing good and evil."
6 ထို အပင် သည် စားဘွယ် ကောင်း ခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာ တိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် ၊ အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။
When the woman saw that the tree was good for food, and that it was a delight to the eyes, and that the tree was to be desired to make one wise, she took of its fruit, and ate, and she also gave some to her husband who was with her, and he ate.
7 ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
The eyes of both of them were opened, and they knew that they were naked. So they sewed fig leaves together, and made coverings for themselves.
8 နေဧသောအချိန် တွင် ၊ ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။
They heard the voice of God walking in the garden during the breeze of the day, and the man and his wife hid themselves from the presence of God among the trees of the garden.
9 ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။
So God called to the man, and said to him, "Where are you?"
10 ၁၀ လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။
And he said, "I heard your voice in the garden, and I was afraid, because I was naked; so I hid myself."
11 ၁၁ ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။
And he said, "Who told you that you were naked? Have you eaten from the tree that I commanded you not to eat from?"
12 ၁၂ လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။
The man said, "The woman whom you gave to be with me, she gave me of the tree, and I ate."
13 ၁၃ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် ၊ မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ၊ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။
Then God said to the woman, "What is this you have done?" The woman said, "The serpent deceived me, and I ate."
14 ၁၄ ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။
So God said to the serpent, "Because you have done this, cursed are you above every tame animal, and above every wild animal. On your belly you shall go, and you shall eat dust all the days of your life.
15 ၁၅ သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
I will put enmity between you and the woman, and between your offspring and her offspring. He will bruise your head, and you will bruise his heel."
16 ၁၆ မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
And to the woman he said, "I will greatly multiply your pain in childbirth. In pain you will bring forth children. Your desire will be for your husband, and he will rule over you."
17 ၁၇ ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
To Adam he said, "Because you have listened to your wife's voice, and have eaten of the tree, of which I commanded you, saying, 'You shall not eat of it,' cursed is the ground for your sake. In toil you will eat of it all the days of your life.
18 ၁၈ ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။
Thorns also and thistles will it bring forth to you; and you will eat the plants of the field.
19 ၁၉ သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
By the sweat of your face will you eat bread until you return to the ground, for out of it you were taken. For you are dust, and to dust you shall return."
20 ၂၀ ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။
The man called his wife Eve, because she was the mother of all living.
21 ၂၁ ထာဝရ အရှင် ဘုရား သခင်သည်လည်း လူ လင်မယား တို့ သားရေ ဖြင့် ဝတ်လုံ ကိုလုပ် ၍ ဝတ် ခြုံစေတော်မူ ၏။
And God made clothing out of skins for Adam and for his wife, and clothed them.
22 ၂၂ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
Then God said, "Look, the man has become like one of us, knowing good and evil. So now, let us send him out, lest he reach out his hand and also take of the tree of life and eat, and live forever."
23 ၂၃ လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။
Therefore the LORD sent him out of the garden of Eden, to till the ground from which he was taken.
24 ၂၄ ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင်၊ အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ ၊ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။
So he drove out the man; and he stationed the cherubim at the east of the garden of Eden, and a flaming sword which turned every direction, to guard the way to the tree of life.

< ကမ္ဘာ​ဦး 3 >