< ကမ္ဘာ​ဦး 29 >

1 တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊
And Jacob lifteth up his feet, and goeth towards the land of the sons of the east;
2 မြော် ကြည့်၍ တော စ၌ ရေတွင်း တခုကို မြင် ၏။ ထိုတွင်း ရေ ဖြင့် သိုးစု များကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနား မှာ သိုးစု သုံး စု အိပ် လျက်ရှိ၏။ ရေတွင်း ဝ ပေါ် မှာ ကြီးစွာ သော ကျောက် ရှိ၏။
and he looketh, and lo, a well in the field, and lo, there three droves of a flock crouching by it, for from that well they water the droves, and the great stone [is] on the mouth of the well.
3 သိုး ထိန်းအပေါင်း တို့သည် ထို အရပ်၌ စုဝေး သောအခါ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်၍ ၊ သိုး များကို ရေ တိုက်ပြီးလျှင် ၊ ထိုကျောက် ကို မိမိ နေရာ ရေတွင်း ဝ ပေါ် မှာ တဖန် တင်ထားလေ့ရှိ၏။
(When thither have all the droves been gathered, and they have rolled the stone from off the mouth of the well, and have watered the flock, then they have turned back the stone on the mouth of the well to its place.)
4 ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။
And Jacob saith to them, 'My brethren, from whence [are] ye?' and they say, 'We [are] from Haran.'
5 တဖန် ယာကုပ်က၊ နာခေါ် သား လာဗန် ကို သိ သလောဟု မေး လျှင်၊ သိ ၏ဟု ပြန် ဆိုသော်၊
And he saith to them, 'Have ye known Laban, son of Nahor?' and they say, 'We have known.'
6 သူသည်မာ ပါ၏လောဟု တဖန် မေး ပြန်လျှင် ၊ မာ ပါ၏။ သူ ၏သမီး ရာခေလ သည် သိုး များနှင့်တကွ လာ လိမ့်မည်ဟု ဆို ကြလေ၏။
And he saith to them, 'Hath he peace?' and they say, 'Peace; and lo, Rachel his daughter is coming with the flock.'
7 ယာကုပ်ကလည်း၊ နေ့ အချိန် အလွန်များ စွာရှိသေး၏။ သိုး တို့ကို စုဝေး ရာအချိန် မ ဟုတ်သေး။ ရေတိုက် ပြီးလျှင်၊ သွား ၍ ထိန်း ကြဦးလော့ဟု ဆို လေ၏။
And he saith, 'Lo, the day [is] still great, [it is] not time for the cattle to be gathered; water ye the flock, and go, delight yourselves.'
8 သူတို့ကလည်း၊ သိုး ထိန်းအပေါင်း စုဝေး ၍ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးမှ သာ၊ သိုး တို့ကို ရေတိုက် ရ၏။ သို့မဟုတ်၊ မ တိုက်ရဟု ပြန် ဆိုကြ ၏။
And they say, 'We are not able, till that all the droves be gathered together, and they have rolled away the stone from the mouth of the well, and we have watered the flock.'
9 ထိုသို့ တဦးနှင့်တဦးနှုတ်ဆက် ကြစဉ်တွင် ၊ ရာခေလ သည်၊ မိမိ အဘ ၏သိုး တို့ကို ထိန်းရသည် ဖြစ်၍ ၊ သိုး တို့ကို ဆောင် လျက်လာ၏။
He is yet speaking with them, and Rachel hath come with the flock which her father hath, for she [is] shepherdess;
10 ၁၀ ယာကုပ် သည်၊ မိမိ ဦးရီး လာဗန် ၏သမီး ရာခေလ နှင့် ဦးရီး လာဗန် ၏သိုး တို့ကို မြင် သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးလျှင် ၊ ဦးရီး လာဗန် ၏ သိုး တို့ကို ရေတိုက် လေ၏။
and it cometh to pass when Jacob hath seen Rachel, daughter of Laban his mother's brother, and the flock of Laban his mother's brother, that Jacob cometh nigh and rolleth the stone from off the mouth of the well, and watereth the flock of Laban his mother's brother.
11 ၁၁ ထိုနောက် ၊ ယာကုပ် သည် ရာခေလ ကို နမ်း ၍ ၊ ကျယ် သော အသံ နှင့် ငို လေ၏။
And Jacob kisseth Rachel, and lifteth up his voice, and weepeth,
12 ၁၂ မိမိသည် ရာခေလ အဘ ၏ တူ၊ ရေဗက္က ၏သား ဖြစ်ကြောင်း ကို ကြားပြော လျှင် ၊ ရာခေလ သည်ပြေး ၍ မိမိ အဘ အား ပြန် ကြားလေ၏။
and Jacob declareth to Rachel that he [is] her father's brother, and that he [is] Rebekah's son, and she runneth and declareth to her father.
13 ၁၃ လာဗန် သည် မိမိ တူ ယာကုပ် ၏ သိတင်း စကား ကို ကြား သောအခါ ၊ ကြိုဆို ခြင်းငှါ အလျင်အမြန် သွား၍ ၊ ပိုက် ဘက်နမ်းရှုတ် လျက် ၊ မိမိ အိမ် သို့ ဆောင် သွားလေ၏။ ယာကုပ်သည်လည်း မိမိ အမှုအရာ ရှိသမျှ ကို ကြား ပြောလျှင်၊
And it cometh to pass, when Laban heareth the report of Jacob his sister's son, that he runneth to meet him, and embraceth him, and kisseth him, and bringeth him in unto his house; and he recounteth to Laban all these things,
14 ၁၄ လာဗန် က၊ အကယ်စင်စစ် သင် သည် ငါ့ အရိုး အသား ပင်ဖြစ်၏ဟု ဆို လေ၏။
and Laban saith to him, 'Only my bone and my flesh [art] thou;' and he dwelleth with him a month of days.
15 ၁၅ ယာကုပ် သည် တ လခန့်မျှ နေ ပြီးမှ၊ လာဗန် က၊ သင် သည် ငါ့ တူ ဖြစ်သောကြောင့် ၊ အကျိုး မဲ့ကျွန် ခံရပါ မည် လော။ ခံလိုသောအခ ကို ငါ့ အား ပြော လော့ဟု ဆို လေ၏။
And Laban saith to Jacob, 'Is it because thou [art] my brother that thou hast served me for nought? declare to me what [is] thy hire.'
16 ၁၆ ထိုအခါ လာဗန် ၌ သမီး နှစ် ယောက်ရှိ၏။ အကြီး ကား၊ လေအာ အမည် ရှိ၏။ အငယ် ကား၊ ရာခေလ အမည် ရှိ၏။
And Laban hath two daughters, the name of the elder [is] Leah, and the name of the younger Rachel,
17 ၁၇ လေအာ ကား၊ မျက်စိ နုညံ့ ၏။ ရာခေလ ကား၊ ပုံ ပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်းလှ ၏။
and the eyes of Leah [are] tender, and Rachel hath been fair of form and fair of appearance.
18 ၁၈ ယာကုပ် သည် ရာခေလ ကို ချစ် သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ် ရာခေလ ကိုရခြင်းငှါ၊ ခုနစ် နှစ် အစေ ခံပါမည်ဟု ဆို လျှင်၊
And Jacob loveth Rachel, and saith, 'I serve thee seven years for Rachel thy younger daughter:'
19 ၁၉ လာဗန် က၊ အခြား သောသူ အား ပေးစား သည် ထက် ၊ သင့် အား ပေးစား သော် သာ၍ကောင်း ၏။ ငါ နှင့်အတူ နေ လော့ဟုဆို ၏။
and Laban saith, 'It is better for me to give her to thee than to give her to another man; dwell with me;'
20 ၂၀ ယာကုပ် သည်လည်း ၊ ရာခေလ ကို ရခြင်းငှါခုနစ် နှစ် အစေခံ လေ၏။ ရာခေလ ကိုချစ် သောကြောင့် ၊ ခုနစ်နှစ်ကို နည်း သောနေ့ရက် ကဲ့သို့ ထင် မှတ်သတည်း။
and Jacob serveth for Rachel seven years; and they are in his eyes as some days, because of his loving her.
21 ၂၁ ယာကုပ် ကလည်း ၊ ချိန်းချက်သော အချိန် စေ့ ပါပြီ။ ကျွန်ုပ် သည် မယား နှင့် ဆက်ဆံ ဘို့ရာ ပေးစား ပါဟု လာဗန် အား ဆို လျှင်၊
And Jacob saith unto Laban, 'Give up my wife, for my days have been fulfilled, and I go in unto her;'
22 ၂၂ လာဗန် သည် ထိုအရပ် ၌နေသောသူ အပေါင်း တို့ကို စည်းဝေး စေ၍ ပွဲ လုပ် လေ၏။
and Laban gathereth all the men of the place, and maketh a banquet.
23 ၂၃ ည ဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသောကျွန်မကို သမီး လေအာ ၌ လက်ဖွဲ့ လျက် ၊
And it cometh to pass in the evening, that he taketh Leah, his daughter, and bringeth her in unto him, and he goeth in unto her;
24 ၂၄ ထိုသမီး ကို ဆောင် သွင်း၍ ၊ ယာကုပ်သည် သူ နှင့် ဆက်ဆံ လေ၏။
and Laban giveth to her Zilpah, his maid-servant, to Leah his daughter, a maid-servant.
25 ၂၅ နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊
And it cometh to pass in the morning, that lo, it [is] Leah; and he saith unto Laban, 'What [is] this thou hast done to me? for Rachel have I not served with thee? and why hast thou deceived me?'
26 ၂၆ လာဗန် က၊ ငါ တို့ပြည် ၌ သမီး အကြီးကို မ ပေးစား မှီ၊ အငယ် ကို မပေးစားရ။
And Laban saith, 'It is not done so in our place, to give the younger before the first-born;
27 ၂၇ ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊
fulfil the week of this one, and we give to thee also this one, for the service which thou dost serve with me yet seven other years.'
28 ၂၈ ယာကုပ် ဝန်ခံ ၍ ခုနစ် ရက်စေ့ ပြီးမှ ၊
And Jacob doth so, and fulfilleth the week of this one, and he giveth to him Rachel his daughter, to him for a wife;
29 ၂၉ လာဗန် သည် ဗိလဟာ အမည်ရှိသောကျွန် မကို လက်ဖွဲ့ လျက် ၊ သမီး ရာခေလ ကို ပေးစား လေ၏။
and Laban giveth to Rachel his daughter Bilhah his maid-servant, for a maid-servant to her.
30 ၃၀ ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။
And he goeth in also unto Rachel, and he also loveth Rachel more than Leah; and he serveth with him yet seven other years.
31 ၃၁ လေအာ သည် အမုန်း ခံရသည်ကို ထာဝရဘုရား သိမြင် ၍ ၊ သား ဘွားရသောအခွင့် ကိုပေး တော်မူ၏။ ရာခေလ မူကား မြုံ ၏။
And Jehovah seeth that Leah [is] the hated one, and He openeth her womb, and Rachel [is] barren;
32 ၃၂ လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
and Leah conceiveth, and beareth a son, and calleth his name Reuben, for she said, 'Because Jehovah hath looked on mine affliction; because now doth my husband love me.'
33 ၃၃ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
And she conceiveth again, and beareth a son, and saith, 'Because Jehovah hath heard that I [am] the hated one, He also giveth to me even this [one];' and she calleth his name Simeon.
34 ၃၄ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။
And she conceiveth again, and beareth a son, and saith, 'Now [is] the time, my husband is joined unto me, because I have born to him three sons,' therefore hath [one] called his name Levi.
35 ၃၅ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကို ဘွားမြင် သော် ၊ ထာဝရဘုရား ကို ယခုငါချီးမွမ်း မည်ဟု ဆို သည် ဖြစ်၍ ၊ ထို သားကို ယုဒ အမည် ဖြင့် မှည့် လေ၏။ ထိုနောက် ၊ သား ပြတ်၍ မဘွားဘဲနေ၏။
And she conceiveth again, and beareth a son, and saith this time, 'I praise Jehovah;' therefore hath she called his name Judah; and she ceaseth from bearing.

< ကမ္ဘာ​ဦး 29 >