< ကမ္ဘာဦး 29 >
1 ၁ တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊
Jacob continued on the road [MTY], and he arrived at the land that was east of Canaan.
2 ၂ မြော် ကြည့်၍ တော စ၌ ရေတွင်း တခုကို မြင် ၏။ ထိုတွင်း ရေ ဖြင့် သိုးစု များကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနား မှာ သိုးစု သုံး စု အိပ် လျက်ရှိ၏။ ရေတွင်း ဝ ပေါ် မှာ ကြီးစွာ သော ကျောက် ရှိ၏။
There he [was surprised to] see a well in a field, and three flocks of sheep were lying near the well. It was the well from which shepherds habitually got water for their sheep. There was a large stone covering the top of the well.
3 ၃ သိုး ထိန်းအပေါင်း တို့သည် ထို အရပ်၌ စုဝေး သောအခါ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်၍ ၊ သိုး များကို ရေ တိုက်ပြီးလျှင် ၊ ထိုကျောက် ကို မိမိ နေရာ ရေတွင်း ဝ ပေါ် မှာ တဖန် တင်ထားလေ့ရှိ၏။
When all the flocks were gathered there, the shepherds would work together to roll the stone away from the top of the well and get water for the sheep. When they finished doing that, they would put the stone back in its place over the top of the well.
4 ၄ ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။
[On that day], Jacob asked the shepherds who were sitting there, “Where are you from?” They replied, “We are from Haran.”
5 ၅ တဖန် ယာကုပ်က၊ နာခေါ် သား လာဗန် ကို သိ သလောဟု မေး လျှင်၊ သိ ၏ဟု ပြန် ဆိုသော်၊
He asked them, “Do you know Laban, the grandson of Nahor?” They replied, “Yes, we know him.”
6 ၆ သူသည်မာ ပါ၏လောဟု တဖန် မေး ပြန်လျှင် ၊ မာ ပါ၏။ သူ ၏သမီး ရာခေလ သည် သိုး များနှင့်တကွ လာ လိမ့်မည်ဟု ဆို ကြလေ၏။
Jacob asked them, “Is Laban well?” They replied, “Yes, he is well. Look! Here comes his daughter Rachel with the sheep!”
7 ၇ ယာကုပ်ကလည်း၊ နေ့ အချိန် အလွန်များ စွာရှိသေး၏။ သိုး တို့ကို စုဝေး ရာအချိန် မ ဟုတ်သေး။ ရေတိုက် ပြီးလျှင်၊ သွား ၍ ထိန်း ကြဦးလော့ဟု ဆို လေ၏။
Jacob said, “Hey! The sun is still high in the sky. It is not time for the flocks to be gathered for nighttime. Give the sheep some water and then take them back to (graze/eat grass) in the pastures!”
8 ၈ သူတို့ကလည်း၊ သိုး ထိန်းအပေါင်း စုဝေး ၍ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးမှ သာ၊ သိုး တို့ကို ရေတိုက် ရ၏။ သို့မဟုတ်၊ မ တိုက်ရဟု ပြန် ဆိုကြ ၏။
They replied, “No, we cannot do that until all the flocks are gathered here and the stone is removed from the top of the well. After that, we will give water to the sheep.”
9 ၉ ထိုသို့ တဦးနှင့်တဦးနှုတ်ဆက် ကြစဉ်တွင် ၊ ရာခေလ သည်၊ မိမိ အဘ ၏သိုး တို့ကို ထိန်းရသည် ဖြစ်၍ ၊ သိုး တို့ကို ဆောင် လျက်လာ၏။
While he was still talking with them, Rachel came with her father’s sheep. She was the one who took care of her father’s sheep.
10 ၁၀ ယာကုပ် သည်၊ မိမိ ဦးရီး လာဗန် ၏သမီး ရာခေလ နှင့် ဦးရီး လာဗန် ၏သိုး တို့ကို မြင် သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးလျှင် ၊ ဦးရီး လာဗန် ၏ သိုး တို့ကို ရေတိုက် လေ၏။
When Jacob saw Rachel, the daughter of Laban, who was his mother’s brother, [Jacob was so excited that] he went over and [by himself] rolled away the stone that covered the top of the well, and he got water for his uncle’s sheep.
11 ၁၁ ထိုနောက် ၊ ယာကုပ် သည် ရာခေလ ကို နမ်း ၍ ၊ ကျယ် သော အသံ နှင့် ငို လေ၏။
Then Jacob kissed Rachel [on the cheek], and he cried loudly [because he was so happy].
12 ၁၂ မိမိသည် ရာခေလ အဘ ၏ တူ၊ ရေဗက္က ၏သား ဖြစ်ကြောင်း ကို ကြားပြော လျှင် ၊ ရာခေလ သည်ပြေး ၍ မိမိ အဘ အား ပြန် ကြားလေ၏။
Jacob told Rachel that he was one of her father’s relatives, the son of her aunt Rebekah. So she ran and told that to her father.
13 ၁၃ လာဗန် သည် မိမိ တူ ယာကုပ် ၏ သိတင်း စကား ကို ကြား သောအခါ ၊ ကြိုဆို ခြင်းငှါ အလျင်အမြန် သွား၍ ၊ ပိုက် ဘက်နမ်းရှုတ် လျက် ၊ မိမိ အိမ် သို့ ဆောင် သွားလေ၏။ ယာကုပ်သည်လည်း မိမိ အမှုအရာ ရှိသမျှ ကို ကြား ပြောလျှင်၊
As soon as Laban heard that Jacob, his sister’s son, was there, he ran to meet him. He embraced him and kissed him [on the cheek]. Then he brought him to his home, and Jacob told him all that had happened to him.
14 ၁၄ လာဗန် က၊ အကယ်စင်စစ် သင် သည် ငါ့ အရိုး အသား ပင်ဖြစ်၏ဟု ဆို လေ၏။
Then Laban said to him, “Truly, you are part of my family!” After Jacob had stayed there and worked for Laban for a month,
15 ၁၅ ယာကုပ် သည် တ လခန့်မျှ နေ ပြီးမှ၊ လာဗန် က၊ သင် သည် ငါ့ တူ ဖြစ်သောကြောင့် ၊ အကျိုး မဲ့ကျွန် ခံရပါ မည် လော။ ခံလိုသောအခ ကို ငါ့ အား ပြော လော့ဟု ဆို လေ၏။
Laban said to him “(You should not work for me for nothing just because you are a relative of mine!/Why should you work for me for nothing just because you are a relative of mine?) [RHQ] Tell me how much you want me to pay you.”
16 ၁၆ ထိုအခါ လာဗန် ၌ သမီး နှစ် ယောက်ရှိ၏။ အကြီး ကား၊ လေအာ အမည် ရှိ၏။ အငယ် ကား၊ ရာခေလ အမည် ရှိ၏။
Well, Laban had two daughters. The older one was named Leah, and the younger one was named Rachel.
17 ၁၇ လေအာ ကား၊ မျက်စိ နုညံ့ ၏။ ရာခေလ ကား၊ ပုံ ပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်းလှ ၏။
Leah had pretty eyes, but Rachel had a very attractive figure and was beautiful.
18 ၁၈ ယာကုပ် သည် ရာခေလ ကို ချစ် သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ် ရာခေလ ကိုရခြင်းငှါ၊ ခုနစ် နှစ် အစေ ခံပါမည်ဟု ဆို လျှင်၊
Jacob (was in love with/wanted very much to be married to) Rachel, and he said, “I will work for you for seven years. That will be my payment for your letting me marry your younger daughter, Rachel.”
19 ၁၉ လာဗန် က၊ အခြား သောသူ အား ပေးစား သည် ထက် ၊ သင့် အား ပေးစား သော် သာ၍ကောင်း ၏။ ငါ နှင့်အတူ နေ လော့ဟုဆို ၏။
Laban replied, “It is better for me to let you marry her than for her to marry some other man!”
20 ၂၀ ယာကုပ် သည်လည်း ၊ ရာခေလ ကို ရခြင်းငှါခုနစ် နှစ် အစေခံ လေ၏။ ရာခေလ ကိုချစ် သောကြောင့် ၊ ခုနစ်နှစ်ကို နည်း သောနေ့ရက် ကဲ့သို့ ထင် မှတ်သတည်း။
So Jacob worked for Laban for seven years to get Rachel, but to him it seemed like it was only a few days, because he loved her so much.
21 ၂၁ ယာကုပ် ကလည်း ၊ ချိန်းချက်သော အချိန် စေ့ ပါပြီ။ ကျွန်ုပ် သည် မယား နှင့် ဆက်ဆံ ဘို့ရာ ပေးစား ပါဟု လာဗန် အား ဆို လျှင်၊
After the seven years were ended, Jacob said to Laban, “Let me marry Rachel now, because the time we agreed upon for me to work for you is ended, and I want to marry her. [EUP]”
22 ၂၂ လာဗန် သည် ထိုအရပ် ၌နေသောသူ အပေါင်း တို့ကို စည်းဝေး စေ၍ ပွဲ လုပ် လေ၏။
So Laban gathered together all the people who lived in that area and made a feast.
23 ၂၃ ည ဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသောကျွန်မကို သမီး လေအာ ၌ လက်ဖွဲ့ လျက် ၊
But that evening, instead of taking Rachel to Jacob, Laban took his older daughter, Leah, to him. But because it was already dark, he could not see that it was Leah and not Rachel, and he had sex [EUP] with her.
24 ၂၄ ထိုသမီး ကို ဆောင် သွင်း၍ ၊ ယာကုပ်သည် သူ နှင့် ဆက်ဆံ လေ၏။
(Laban had already given his slave girl Zilpah to his daughter Leah to be her maid/servant.)
25 ၂၅ နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊
The next morning, Jacob was shocked to see that it was Leah who was with him! So he went to Laban [and told him] very angrily, “(What you have done to me is disgusting!/What is this that you have done to me?) [RHQ] I worked for you to get Rachel, did I not? So why did you deceive me?”
26 ၂၆ လာဗန် က၊ ငါ တို့ပြည် ၌ သမီး အကြီးကို မ ပေးစား မှီ၊ အငယ် ကို မပေးစားရ။
Laban replied, “In this land, it is not our custom to give a younger daughter to be married before we let someone marry our firstborn daughter.
27 ၂၇ ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊
After we finish this week of celebration, we will let you marry the younger one also. But in return, you must pay for Rachel by working for me for another seven years.”
28 ၂၈ ယာကုပ် ဝန်ခံ ၍ ခုနစ် ရက်စေ့ ပြီးမှ ၊
So that is what Jacob did. After the week of celebration was ended, Laban gave him his daughter, Rachel, to be his wife.
29 ၂၉ လာဗန် သည် ဗိလဟာ အမည်ရှိသောကျွန် မကို လက်ဖွဲ့ လျက် ၊ သမီး ရာခေလ ကို ပေးစား လေ၏။
Laban gave his slave girl, Bilhah, to Rachel to be her maid/servant.
30 ၃၀ ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။
Jacob had sex [EUP] with Rachel also, and he loved Rachel more than he loved Leah. And Jacob worked for Laban for another seven years.
31 ၃၁ လေအာ သည် အမုန်း ခံရသည်ကို ထာဝရဘုရား သိမြင် ၍ ၊ သား ဘွားရသောအခွင့် ကိုပေး တော်မူ၏။ ရာခေလ မူကား မြုံ ၏။
When Yahweh saw that Jacob did not love Leah [very much], he enabled her to become pregnant. But Rachel was not able to become pregnant.
32 ၃၂ လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
Leah gave birth to a son, whom she named Reuben, [which sounds like the Hebrew words that mean ‘Look, a son]!’ She said, “Yahweh has seen that I was miserable, and because of that he has given me a son. Now, surely my husband will love me for giving birth to a son for him.”
33 ၃၃ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
Later she became pregnant again and gave birth to another son. She said, “Because Yahweh has heard that my husband doesn’t love me, he has given me this son, too.” So she named him Simeon, [which means ‘someone who hears’].
34 ၃၄ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။
Later she became pregnant again, and gave birth to another son. She said, “Now, finally, my husband will hold me close to him.” So she named him Levi, [which means ‘hold close’].
35 ၃၅ တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကို ဘွားမြင် သော် ၊ ထာဝရဘုရား ကို ယခုငါချီးမွမ်း မည်ဟု ဆို သည် ဖြစ်၍ ၊ ထို သားကို ယုဒ အမည် ဖြင့် မှည့် လေ၏။ ထိုနောက် ၊ သား ပြတ်၍ မဘွားဘဲနေ၏။
Later she became pregnant again and gave birth to another son. She said, “(This time/Now) I will praise Yahweh.” So she called his name Judah, [which sounds like the Hebrew word that means ‘praise’]. After that, she did not give birth to any more children [for several years].