< ကမ္ဘာဦး 28 >
1 ၁ ထိုအခါ ဣဇာက် သည် ယာကုပ် ကို ခေါ် ၍ ၊ သင်သည် ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရ။
2 ၂ အမိ ၏အဘ ဗေသွေလ အမျိုးသားနေရာ ပါဒနာရံ အရပ်သို့ ထ ၍ သွား လော့။ သင့် ဦးရီး လာဗန် ၏ သမီး တစုံတယောက်နှင့် အိမ်ထောင် ဘက်ပြု လော့။
3 ၃ အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
4 ၄ အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။
5 ၅ ထိုသို့ ယာကုပ် နှင့် ဧသော ၏ အမိ ၊ ရေဗက္က ၏ မောင် ၊ ရှုရိ လူဗေသွေလ သား လာဗန် နေရာ ပါဒနာရံ ပြည် သို့ ယာကုပ် သွား လေ၏။
6 ၆ ထိုသို့ ဣဇာက် သည် ယာကုပ် ကို ကောင်းကြီး ပေး၍ ၊ ပါဒနာရံ ပြည်၌ အိမ်ထောင် ဘက်ပြု စေခြင်းငှါ လွှတ် လိုက်သောအကြောင်းကို၎င်း၊ ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရဟု၊ ကောင်းကြီး ပေးသောအခါ မှာ ထားကြောင်းကို၎င်း၊
7 ၇ ယာကုပ် သည် မိဘ စကားကို နားထောင် ၍ ၊ ပါဒနာရံ ပြည်သို့ သွား ကြောင်း ကို၎င်း၊
8 ၈ ခါနာန် အမျိုးသမီး တို့ကို အဘ ဣဇာက် မ နှစ်သက်ကြောင်း ကို၎င်း၊ ဧသော သိ မြင်လျှင်၊
9 ၉ ဣရှမေလ ထံ သို့သွား ၍ အထက် မယား တို့မှတပါး၊ အာဗြဟံ သား ဣရှမေလ သမီး ၊ နဗာယုတ် နှမ ၊ မဟာလတ် နှင့် တဖန် အိမ်ထောင် ဘက် ပြုပြန်လေ၏။
10 ၁၀ ယာကုပ် သည် ဗေရရှေဘ ရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွား စဉ်တွင်၊
11 ၁၁ တစုံတခုသောအရပ် သို့ ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့် ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ် ၌ ကျောက် ကိုယူ ၍ ခေါင်းအုံး ဘို့ ထား ပြီးလျှင် အိပ် လေ၏။
12 ၁၂ မြင် ရသောအိပ်မက် ဟူမူကား ၊ မြေကြီး ပေါ် ၌ လှေကား ထောင် လျက် အဖျား သည် မိုဃ်းကောင်းကင် တိုင်အောင် မှီ ၏။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ သည်၊ ထို လှေကားဖြင့် ဆင်း လျက် တက် လျက် ရှိ ကြ၏။
13 ၁၃ ထာဝရဘုရား သည် လှေကားထက် ၌ ရပ် တော်မူလျက် ၊ ငါ သည် သင် ၏အဘ အာဗြဟံ ဘုရား ၊ ဣဇာက် ၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင် အိပ် သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်။
14 ၁၄ သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
15 ၁၅ ငါ သည် သင့် ဘက် မှာရှိ၏။ သင်သွား လေရာရာ ၌ ငါစောင့် မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိ ထားသည်အတိုင်း မပြည့်စုံမှီ၊ သင့် ကိုငါမ စွန့် ဟု မိန့်တော်မူ၏။
16 ၁၆ ယာကုပ် သည်အိပ်ပျော် ရာမှ နိုး လျင် ၊ အကယ်စင်စစ် ထာဝရဘုရား သည် ဤအရပ် ၌ ရှိ တော်မူ၏။ ရှိ တော်မူကြောင်းကို ငါ မ သိ။
17 ၁၇ ဤအရပ်ကား၊ အဘယ်မျှလောက်ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင် ၏ ဘုံ ဗိမာန်၊ ကောင်းကင် တံခါး ဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ ခြင်းသို့ ရောက်၍ ဆို ၏။
18 ၁၈ နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
19 ၁၉ ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
20 ၂၀ ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
21 ၂၁ ငါသည် တဖန် အဘ ၏အိမ် သို့ ငြိမ်ဝပ် စွာ ပြန် ရောက်၍ ၊ ထာဝရဘုရား သည်ငါ ၏ ဘုရား ဖြစ် တော်မူလျှင် ၎င်း၊ မှတ် တိုင်ပြု၍ ငါထူထောင် သော ဤ ကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန် ဖြစ် ရမည်။
22 ၂၂ ပေး သနားတော်မူသမျှ တို့ကို ဆယ်ဘို့ တဘို့ပူဇော် ပါမည်ဟူ၍သစ္စာ ပြုလေ၏။