< ကမ္ဘာ​ဦး 28 >

1 ထိုအခါ ဣဇာက် သည် ယာကုပ် ကို ခေါ် ၍ ၊ သင်သည် ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရ။
ויקרא יצחק אל יעקב ויברך אתו ויצוהו ויאמר לו לא תקח אשה מבנות כנען
2 အမိ ၏အဘ ဗေသွေလ အမျိုးသားနေရာ ပါဒနာရံ အရပ်သို့ ထ ၍ သွား လော့။ သင့် ဦးရီး လာဗန် ၏ သမီး တစုံတယောက်နှင့် အိမ်ထောင် ဘက်ပြု လော့။
קום לך פדנה ארם ביתה בתואל אבי אמך וקח לך משם אשה מבנות לבן אחי אמך
3 အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
ואל שדי יברך אתך ויפרך וירבך והיית לקהל עמים
4 အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။
ויתן לך את ברכת אברהם לך ולזרעך אתך--לרשתך את ארץ מגריך אשר נתן אלהים לאברהם
5 ထိုသို့ ယာကုပ် နှင့် ဧသော ၏ အမိ ၊ ရေဗက္က ၏ မောင် ၊ ရှုရိ လူဗေသွေလ သား လာဗန် နေရာ ပါဒနာရံ ပြည် သို့ ယာကုပ် သွား လေ၏။
וישלח יצחק את יעקב וילך פדנה ארם--אל לבן בן בתואל הארמי אחי רבקה אם יעקב ועשו
6 ထိုသို့ ဣဇာက် သည် ယာကုပ် ကို ကောင်းကြီး ပေး၍ ၊ ပါဒနာရံ ပြည်၌ အိမ်ထောင် ဘက်ပြု စေခြင်းငှါ လွှတ် လိုက်သောအကြောင်းကို၎င်း၊ ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရဟု၊ ကောင်းကြီး ပေးသောအခါ မှာ ထားကြောင်းကို၎င်း၊
וירא עשו כי ברך יצחק את יעקב ושלח אתו פדנה ארם לקחת לו משם אשה בברכו אתו--ויצו עליו לאמר לא תקח אשה מבנות כנען
7 ယာကုပ် သည် မိဘ စကားကို နားထောင် ၍ ၊ ပါဒနာရံ ပြည်သို့ သွား ကြောင်း ကို၎င်း၊
וישמע יעקב אל אביו ואל אמו וילך פדנה ארם
8 ခါနာန် အမျိုးသမီး တို့ကို အဘ ဣဇာက် မ နှစ်သက်ကြောင်း ကို၎င်း၊ ဧသော သိ မြင်လျှင်၊
וירא עשו כי רעות בנות כנען בעיני יצחק אביו
9 ဣရှမေလ ထံ သို့သွား ၍ အထက် မယား တို့မှတပါး၊ အာဗြဟံ သား ဣရှမေလ သမီး ၊ နဗာယုတ် နှမ ၊ မဟာလတ် နှင့် တဖန် အိမ်ထောင် ဘက် ပြုပြန်လေ၏။
וילך עשו אל ישמעאל ויקח את מחלת בת ישמעאל בן אברהם אחות נביות על נשיו--לו לאשה
10 ၁၀ ယာကုပ် သည် ဗေရရှေဘ ရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွား စဉ်တွင်၊
ויצא יעקב מבאר שבע וילך חרנה
11 ၁၁ တစုံတခုသောအရပ် သို့ ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့် ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ် ၌ ကျောက် ကိုယူ ၍ ခေါင်းအုံး ဘို့ ထား ပြီးလျှင် အိပ် လေ၏။
ויפגע במקום וילן שם כי בא השמש ויקח מאבני המקום וישם מראשתיו וישכב במקום ההוא
12 ၁၂ မြင် ရသောအိပ်မက် ဟူမူကား ၊ မြေကြီး ပေါ် ၌ လှေကား ထောင် လျက် အဖျား သည် မိုဃ်းကောင်းကင် တိုင်အောင် မှီ ၏။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ သည်၊ ထို လှေကားဖြင့် ဆင်း လျက် တက် လျက် ရှိ ကြ၏။
ויחלם והנה סלם מצב ארצה וראשו מגיע השמימה והנה מלאכי אלהים עלים וירדים בו
13 ၁၃ ထာဝရဘုရား သည် လှေကားထက် ၌ ရပ် တော်မူလျက် ၊ ငါ သည် သင် ၏အဘ အာဗြဟံ ဘုရား ၊ ဣဇာက် ၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင် အိပ် သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်။
והנה יהוה נצב עליו ויאמר אני יהוה אלהי אברהם אביך ואלהי יצחק הארץ אשר אתה שכב עליה--לך אתננה ולזרעך
14 ၁၄ သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
והיה זרעך כעפר הארץ ופרצת ימה וקדמה וצפנה ונגבה ונברכו בך כל משפחת האדמה ובזרעך
15 ၁၅ ငါ သည် သင့် ဘက် မှာရှိ၏။ သင်သွား လေရာရာ ၌ ငါစောင့် မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိ ထားသည်အတိုင်း မပြည့်စုံမှီ၊ သင့် ကိုငါမ စွန့် ဟု မိန့်တော်မူ၏။
והנה אנכי עמך ושמרתיך בכל אשר תלך והשבתיך אל האדמה הזאת כי לא אעזבך עד אשר אם עשיתי את אשר דברתי לך
16 ၁၆ ယာကုပ် သည်အိပ်ပျော် ရာမှ နိုး လျင် ၊ အကယ်စင်စစ် ထာဝရဘုရား သည် ဤအရပ် ၌ ရှိ တော်မူ၏။ ရှိ တော်မူကြောင်းကို ငါ မ သိ။
וייקץ יעקב משנתו ויאמר אכן יש יהוה במקום הזה ואנכי לא ידעתי
17 ၁၇ ဤအရပ်ကား၊ အဘယ်မျှလောက်ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင် ၏ ဘုံ ဗိမာန်၊ ကောင်းကင် တံခါး ဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ ခြင်းသို့ ရောက်၍ ဆို ၏။
ויירא ויאמר מה נורא המקום הזה אין זה כי אם בית אלהים וזה שער השמים
18 ၁၈ နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
וישכם יעקב בבקר ויקח את האבן אשר שם מראשתיו וישם אתה מצבה ויצק שמן על ראשה
19 ၁၉ ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
ויקרא את שם המקום ההוא בית אל ואולם לוז שם העיר לראשנה
20 ၂၀ ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
וידר יעקב נדר לאמר אם יהיה אלהים עמדי ושמרני בדרך הזה אשר אנכי הולך ונתן לי לחם לאכל ובגד ללבש
21 ၂၁ ငါသည် တဖန် အဘ ၏အိမ် သို့ ငြိမ်ဝပ် စွာ ပြန် ရောက်၍ ၊ ထာဝရဘုရား သည်ငါ ၏ ဘုရား ဖြစ် တော်မူလျှင် ၎င်း၊ မှတ် တိုင်ပြု၍ ငါထူထောင် သော ဤ ကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန် ဖြစ် ရမည်။
ושבתי בשלום אל בית אבי והיה יהוה לי לאלהים
22 ၂၂ ပေး သနားတော်မူသမျှ တို့ကို ဆယ်ဘို့ တဘို့ပူဇော် ပါမည်ဟူ၍သစ္စာ ပြုလေ၏။
והאבן הזאת אשר שמתי מצבה--יהיה בית אלהים וכל אשר תתן לי עשר אעשרנו לך

< ကမ္ဘာ​ဦး 28 >