< ကမ္ဘာ​ဦး 27 >

1 ထိုနောက်ဣဇာက် သည် အို ၍ မျက်စိ မှုန် သဖြင့် မမြင် နိုင်သောအခါ ၊ သား အကြီး ဧသော ကို၊ ငါ့ သား ဟု ခေါ် လျှင် ၊ အကျွန်ုပ် ရှိ ပါ၏ဟု ထူး လေ၏။
Et il arriva, quand Isaac fut devenu vieux et que ses yeux furent trop faibles pour voir, qu'il appela Ésaü, son fils aîné, et lui dit: Mon fils! et il lui répondit: Me voici!
2 အဘကလည်း၊ ယခု ငါအို လှပြီ။ အဘယ်သောအခါ သေ ရမည်ကို ငါမ သိ။
Et il dit: Voici je suis vieux, et je ne sais point le jour de ma mort.
3 မ သေ မှီ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ သင် ၏လက်နက် တည်းဟူသောလေး နှင့် မြှား တောင့်ကို ဆောင်ယူ လျက် တော သို့ သွား၍ ၊ ငါစားစရာ ဘို့ အမဲ ကောင်ကို ရအောင်ရှာပြီးလျှင်၊
Maintenant donc, prends, je te prie, tes armes, ton carquois et ton arc, et va-t'en aux champs, et prends-moi du gibier.
4 ငါမြိန်ရှက် တတ်သော အမဲဟင်း လျာကို ချက် ၍ ငါ့ ထံသို့ ယူ ခဲ့ပါလော့ဟု ပြောဆို၏။
Et apprête-moi un mets appétissant, comme je les aime; et apporte-le-moi, que je le mange, afin que mon âme te bénisse avant que je meure.
5 ထိုသို့ ဣဇာက် သည် သား ဧသော အား ပြောဆို သောစကားကို၊ ရေဗက္က ကြား သည်ဖြစ်၍ ၊ ဧသော သည် အမဲသား ကို ရအောင်တော သို့ အရှာသွား စဉ်တွင်၊
Or, Rébecca écoutait, pendant qu'Isaac parlait à Ésaü, son fils. Ésaü s'en alla donc aux champs pour prendre du gibier et l'apporter.
6 ရေဗက္က သည် သား ယာကုပ် ကို ခေါ် ၍၊
Et Rébecca parla à Jacob, son fils, et lui dit: Voici, j'ai entendu ton père, qui parlait à Ésaü, ton frère, et lui disait:
7 သင် ၏အဘ က၊ ငါ မ သေ မှီ ထာဝရ ဘုရား၏ ရှေ့ တော်မှာ သင့် ကို ငါကောင်းကြီး ပေးမည်အကြောင်း ၊ ငါစား စရာဘို့ အမဲသား ကို ယူ ခဲ့၍၊ အမဲဟင်း လျာကို ချက် ပါဟု သင် ၏အစ်ကို ဧသော အား ပြော သည်ကို ငါကြား ပြီ။
Apporte-moi du gibier, et apprête-moi un mets appétissant, que je le mange, et que je te bénisse devant l'Éternel, avant de mourir.
8 သို့ဖြစ်၍ ငါ့ သား ၊ ငါ မှာ ထားသမျှသော စကား ကို နားထောင် ပါ လော့။
Maintenant donc, mon fils, obéis à ma voix, pour ce que je vais te commander.
9 ယခု ဆိတ် စုရှိရာသို့ သွား ၍၊ ကောင်းသော ဆိတ် သငယ် နှစ် ကောင်ကို ငါ့ ထံသို့ ယူ ခဲ့ပါလော့။ သင် ၏အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကို ငါချက် မည်။
Va me prendre au troupeau deux bons chevreaux, et j'en apprêterai pour ton père un mets appétissant, comme il les aime.
10 ၁၀ သင် ၏အဘ မ သေ မှီ သင့် ကို ကောင်းကြီး ပေး မည်အကြောင်း ၊ ထိုအစာကို အဘ စား စေခြင်းငှါသင် သည် အဘထံသို့ ပို့ဆောင် ရမည်ဟု ဆိုလေ၏။
Et tu le porteras à ton père, pour qu'il le mange, afin qu'il te bénisse avant sa mort.
11 ၁၁ ယာကုပ် ကလည်း ၊ ကျွန်ုပ် အစ်ကို ဧသော ကား အမွေး ရှိသောသူ ၊ ကျွန်ုပ် ကားချောမွှတ် သောသူ ဖြစ် ၏။
Et Jacob répondit à Rébecca sa mère: Voici, Ésaü, mon frère, est velu, et je ne le suis pas.
12 ၁၂ ကျွန်ုပ် အဘ သည် ကျွန်ုပ် ကို စမ်းသပ်ကောင်း စမ်းသပ် လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စား သော သူဟူ၍ ထင် သဖြင့်၊ ကျွန်ုပ် သည် မင်္ဂလာ ကိုမ ရဘဲ ကျိန်ခြင်း အမင်္ဂလာကိုသာ ခံရ လိမ့်မည်ဟု အမိ ကိုဆို လေ၏။
Peut-être que mon père me tâtera, et il me regardera comme un trompeur, et j'attirerai sur moi la malédiction, et non la bénédiction.
13 ၁၃ အမိ ရေဗက္ကလည်း၊ ငါ့ သား ၊ သင် ခံရသောကျိန်ခြင်း အမင်္ဂလာသည် ငါ ၌ သင့်ရောက်ပါစေ။ ငါ့ စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူ ခဲ့ပါဟု ဆိုသည်အတိုင်း၊
Et sa mère lui dit: Que ta malédiction soit sur moi, mon fils; obéis seulement à ma voix, et va me chercher ces chevreaux.
14 ၁၄ သူသည် သွား ၍ ဆိတ်သငယ်တို့ကို အမိ ထံသို့ ယူ ခဲ့သဖြင့် ၊ အမိ သည်လည်း အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကိုချက် လေ၏။
Il alla donc les chercher et les apporta à sa mère, et sa mère en apprêta un mets appétissant, comme son père les aimait.
15 ၁၅ ထိုအခါ ရေဗက္က သည် အိမ် တွင် မိမိ လက် ၌ ရှိသောသား ကြီး ဧသော ၏အဝတ် ၊ ကောင်းမွန် သော အဝတ်ကိုယူ ၍၊ သား ငယ် ယာကုပ် ကို ဝတ် စေလျက်၊
Puis Rébecca prit les plus riches habits d'Ésaü, son fils aîné, qu'elle avait auprès d'elle dans la maison, et elle en revêtit Jacob, son fils cadet.
16 ၁၆ ဆိတ် သငယ် ၏ သားရေ ကိုလည်း ယူ၍ သူ ၏ လက် ၌၎င်း ၊ လည်ပင်း ချော သော ဘက်၌ ၎င်း ဆင် ယင်ပြီးလျှင်၊
Et elle couvrit des peaux de chevreaux ses mains et son cou, qui était sans poil.
17 ၁၇ မိမိချက် သော အမဲဟင်း နှင့် မုန့် ကိုသား ယာကုပ် လက် ၌ အပ်ပေး ၏။
Ensuite elle mit le mets appétissant et le pain qu'elle avait apprêtés, dans la main de Jacob, son fils.
18 ၁၈ ယာကုပ်လည်း အဘ ထံ သို့ သွား ၍ ၊ အဘ ဟု ခေါ် လေ၏။ အဘကလည်း၊ ငါ ရှိ ၏ငါ့ သား။ သင် သည် အဘယ် သူနည်းဟုမေး ၏။
Et il vint vers son père, et dit: Mon père! Et il répondit: Me voici; qui es-tu, mon fils?
19 ၁၉ ယာကုပ် ကလည်း ၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏။ အဘမှာ ထားသည်အတိုင်း ပြု ပါပြီ။ ထ ၍ထိုင် ပါ။ အဘ၏ဝိညာဉ် သည် အကျွန်ုပ် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ အကျွန်ုပ် ၏အမဲသား ကို စား ပါလော့ဟု ဆို လေ၏။
Et Jacob dit à son père: Je suis Ésaü, ton fils aîné; j'ai fait ce que tu m'as commandé. Lève-toi, je te prie, assieds-toi, et mange de ma chasse, afin que ton âme me bénisse.
20 ၂၀ အဘဣဇာက် ကလည်း ၊ ငါ့ သား ၊ ဤ မျှလောက်လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့ နည်း ဟု သား အား မေး လျှင်၊ အဘ၏ ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် ရှိရာသို့ ဆောင် ခဲ့တော်မူသောကြောင့် ၊ လျင်မြန် စွာတွေ့ ရပါသည်ဟု ပြန်ဆို လေ၏။
Et Isaac dit à son fils: Comment donc en as-tu trouvé si tôt mon fils? Et il dit: C'est que l'Éternel ton Dieu me l'a fait rencontrer.
21 ၂၁ ဣဇာက် ကလည်း ၊ ငါ့ သား ၊ သင် သည် ငါ့ သား ဧသော မှန် သည် မ မှန်သည်ကိုသိလို၍၊ သင့် ကို ငါစမ်းသပ် စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ် ပါလော့ဟုဆို လျှင်၊
Et Isaac dit à Jacob: Approche, que je te tâte, mon fils, pour savoir si tu es mon fils Ésaü, ou non.
22 ၂၂ ယာကုပ် သည် အဘထံပါးသို့ချဉ်းကပ် ၍ ၊ အဘသည် စမ်းသပ် လျက် ၊ အသံ ကား ယာကုပ် ၏အသံ ၊ လက် တို့ကား ဧသော ၏လက် ဖြစ်ပေသည်ဟု ဆို လေ၏။
Jacob s'approcha donc d'Isaac, son père, qui le tâta, et dit: La voix est la voix de Jacob; mais les mains sont les mains d'Ésaü.
23 ၂၃ ထိုသို့သူ ၏ လက် တို့သည် ဧသော ၏လက် ကဲ့သို့ အမွေး ပါသောကြောင့် ၊ ယာကုပ်ဖြစ်မှန်းကို အဘ မ ရိပ်မိ သဖြင့် ၊ ကောင်းကြီး ပေးလေ၏။
Il ne le reconnut pas; car ses mains étaient velues, comme les mains d'Ésaü, son frère; et il le bénit.
24 ၂၄ သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့ သား ဧသော စင်စစ် အမှန်ပင် ဖြစ်သလောဟုမေး ပြန်လျင်၊ မှန်ပါသည် ဟု ဆို ၏။
Et il dit: C'est toi qui es mon fils Ésaü? Et il répondit: C'est moi.
25 ၂၅ အဘကလည်း၊ ငါ့ ထံ ပါးသို့ သွင်း ခဲ့ပါ။ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ ငါ့ သား ၏ အမဲသား ကို ငါစား အံ့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘ ထံ ပါးသို့ သွင်း ၍ ၊ အဘစား လေ၏။ စပျစ်ရည် ကိုလည်း ပေး ၍ အဘသောက် လေ၏။
Alors il dit: Sers-moi, que je mange de la chasse de mon fils, pour que mon âme te bénisse. Et il le servit, et il mangea. Il lui apporta aussi du vin, et il but.
26 ၂၆ ထိုနောက် အဘက၊ ငါ့ သား ချဉ်းကပ် ၍ ငါ့ ကို နမ်း ပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ် ၍ အဘ ကို နမ်း လေ၏။
Puis Isaac, son père, lui dit: Approche, et baise-moi, mon fils.
27 ၂၇ အဘ ဣဇာက် ကလည်း၊ သူ့ အဝတ် ၏ အနံ့ ကိုခံ ၍ ကြည့် ပါ။ ငါ့ သား ၏အနံ့ သည်၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောလယ် ၏အမွှေး အကြိုင်နှင့် တူ၏။
Et il s'approcha, et le baisa. Et Isaac sentit l'odeur de ses habits, et il le bénit, et dit: Voici, l'odeur de mon fils est comme l'odeur d'un champ que l'Éternel a béni.
28 ၂၈ ထိုကြောင့် ဘုရားသခင် ပင် မိုယ်းကောင်းကင် ၏နှင်း ကို ၎င်း ၊ မြေကြီး ၏ဆီဥ ကို ၎င်း ၊ များစွာ သော ဆန် စပါး၊ စပျစ်ရည် ကို၎င်း ၊ သင့် အား ပေး တော်မူစေသတည်း။
Que Dieu te donne de la rosée des cieux et de la graisse de la terre, et une abondance de froment et de moût!
29 ၂၉ သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
Que des peuples te servent, et que des nations se prosternent devant toi! Sois le maître de tes frères, et que les fils de ta mère se prosternent devant toi! Quiconque te maudira, soit maudit, et quiconque te bénira, soit béni!
30 ၃၀ ယာကုပ် သည်၊ အဘ ဣဇာက် ပေးသော ကောင်းကြီး မင်္ဂလာကို ခံ၍၊ အဘထံ မှ ထွက်သွား သော ခဏခြင်း တွင်၊ အစ်ကို ဧသော သည် မုဆိုး ပြုရာမှ ရောက် လာ၏။
Et il arriva, aussitôt qu'Isaac eut achevé de bénir Jacob, et comme Jacob était à peine sorti de devant Isaac, son père, qu'Ésaü, son frère, revint de la chasse.
31 ၃၁ သူ သည်လည်း အမဲဟင်း လျာကို ချက် ၍ အဘ ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ အကျွန်ုပ် အဘ ၏ဝိညာဉ် သည်၊ အကျွန်ုပ် ကိုကောင်းကြီး ပေးမည်အကြောင်း ၊ သား ၏ အမဲသား ကို ထ ၍ စား ပါလော့ဟုဆို လေ၏။
Il apprêta, lui aussi, un mets appétissant, et l'apporta à son père, et il lui dit: Que mon père se lève, et mange de la chasse de son fils, afin que ton âme me bénisse.
32 ၃၂ အဘ ဣဇာက် ကလည်း ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင်၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏ဟု ဆို လေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
Et Isaac, son père, lui dit: Qui es-tu? Et il dit: Je suis ton fils, ton premier-né, Ésaü.
33 ၃၃ အမဲသား ကိုရ၍၊ ငါ့ ထံ သို့ဆောင် ခဲ့ပြီးသောသူ သည် အဘယ် မှာရှိသနည်း။ သင်မ ရောက် မှီ ငါသည် အကုန်အစင် စား ပြီး၍ ၊ သူ့ ကို ကောင်းကြီး ပေးမိပြီ။ သူ သည် ကောင်းကြီး မင်္ဂလာကို ဧကန် အမှန်ခံရလိမ့်မည်ဟု ဆို လေ၏။
Et Isaac fut saisi d'une émotion extraordinaire; et il dit: Qui est donc celui qui a pris du gibier, et m'en a apporté? et j'ai mangé de tout, avant que tu vinsses, et je l'ai béni, et aussi sera-t-il béni.
34 ၃၄ အဘ ဆိုသော စကား ကိုဧသော ကြား လျှင် ၊ အလွန် ပြင်း သောအသံနှင့် သည်းထန် စွာ ငိုကြွေး လျက် ၊ အိုအဘ ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလော့ဟုဆို လေသော်၊
Dès qu'Ésaü eut entendu les paroles de son père, il jeta un cri très grand et très amer. Et il dit à son père: Bénis-moi, moi aussi, mon père!
35 ၃၅ အဘက၊ သင့် ညီ သည် လိမ္မာ စွာလာ ၍ ၊ သင် ၏ ကောင်းကြီး မင်္ဂလာကို ယူ သွားပြီဟု ဆို လေ၏။
Mais il dit: Ton frère est venu avec ruse, et il a pris ta bénédiction.
36 ၃၆ ဧသောကလည်း၊ သူ့ ကို ယာကုပ် ဟူသောအမည် ဖြင့် လျောက်ပတ် စွာ မှည့် ပါပြီ မဟုတ်လော။ အကျွန်ုပ် ကို နှစ် ကြိမ်လှည့်စား ၍ နိုင်ပါပြီ။ သားဦး အရိပ် အရာကို အရင်ယူ သွားပါပြီ။ ယခု လည်း တဖန် အကျွန်ုပ် ၏ကောင်းကြီး မင်္ဂလာကို ယူ သွားပါပြီဟူ၍၎င်း ၊ အကျွန်ုပ် အဘို့ ကောင်းကြီး မင်္ဂလာတပါးကိုမျှ မ ခြွင်း ပါသလောဟူ၍၎င်း ဆို လေ၏။
Et Ésaü dit: Est-ce parce qu'on l'a appelé Jacob, qu'il m'a déjà supplanté deux fois? Il a pris mon droit d'aînesse, et voici, maintenant il a pris ma bénédiction. Ensuite il dit: N'as-tu point réservé de bénédiction pour moi?
37 ၃၇ ဣဇာက် ကလည်း ၊ သူ့ ကို သင် ၏အရှင် ဖြစ် စေပြီ။ ညီအစ်ကို အပေါင်း တို့ကို သူ ၌ ကျွန် ခံ စေပြီ။ ဆန် စပါး၊ စပျစ်ရည် နှင့် သူ့ ကိုထောက် မပြီး။ သို့ဖြစ်၍ ငါ့ သား ၊ သင် ၌ အဘယ်သို့ ပြု နိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန် ပြောလျှင်၊
Et Isaac répondit et dit à Ésaü: Voici, je l'ai établi ton maître et je lui ai donné tous ses frères pour serviteurs; et je l'ai pourvu de froment et de moût. Et que ferais-je donc pour toi, mon fils?
38 ၃၈ ဧသော က၊ အိုအဘ ၊ ကောင်းကြီး မင်္ဂလာ တစုံတခု မျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလောဟု အဘ အား ပြော ဆိုလျက် ၊ တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး လေ၏။
Et Ésaü dit à son père: N'as-tu que cette bénédiction, mon père? bénis-moi, moi aussi, mon père! Et Ésaü éleva la voix, et pleura.
39 ၃၉ အဘ ဣဇာက် ကလည်း ၊ ကြည့်ရှု ပါ။ သင် ၏ နေရာ သည် မြေကြီး ၏ဆီဥ နှင့် ၎င်း ၊ အထက် မိုယ်း ကောင်းကင် ၏နှင်း နှင့် ၎င်း ပြည့်စုံ လိမ့်မည်။
Et Isaac son père répondit, et lui dit: Voici, ta demeure sera de la graisse de la terre, de la rosée des cieux d'en haut.
40 ၄၀ ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ၌ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါ ၊ သူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။
Et tu vivras de ton épée, et tu serviras ton frère; mais il arrivera, comme tu seras errant, que tu briseras son joug de dessus ton cou.
41 ၄၁ အဘ သည် ယာကုပ် အားပေး သော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသော သည် ယာကုပ်ကို အငြိုး ထား၍ ၊ ငါ့ အဘ ကြောင့် ညည်းတွား ရသော နေ့ရက် ကာလ အချိန် နီး ပြီ။ ထိုအခါ ငါ့ ညီ ယာကုပ် ကို ငါသတ် မည်ဟု၊ အကြံ နှင့် ပြော လေ၏။
Et Ésaü prit Jacob en aversion à cause de la bénédiction que son père lui avait donnée; et Ésaü dit en son cœur: Les jours du deuil de mon père approchent; et je tuerai Jacob, mon frère.
42 ၄၂ ထိုသို့သား ကြီး ဧသော ပြောသောစကား ကို အမိ ရေဗက္က ကြား လျှင် ၊ သား ငယ် ယာကုပ် ကိုခေါ် ၍ ၊ သင် ၏ အစ်ကို ဧသော သည် သင့် ကို သတ် သဖြင့် ၊ သင့် အမှု၌ စိတ် ပြေလိမ့်မည်။
Et l'on rapporta à Rébecca les paroles d'Ésaü, son fils aîné; et elle envoya appeler Jacob, son second fils, et lui dit: Voici, Ésaü ton frère va se venger de toi en te tuant.
43 ၄၃ ထိုကြောင့် ၊ ငါ့ သား ၊ ငါ့ စကား ကို နားထောင် ပါ။ ငါ့ မောင် လာဗန် နေရာခါရန် မြို့သို့ ထ ၍ ပြေး သွား ပါလော့။
Maintenant donc, mon fils, obéis à ma voix: lève-toi, enfuis-toi vers Laban, mon frère, à Charan.
44 ၄၄ သင် ၏အစ်ကို စိတ် ပြေ သည်တိုင်အောင် ၊ သူ့ ထံမှာ ခဏရှောင်၍ နေ ပါလော့။
Et tu demeureras avec lui quelque temps, jusqu'à ce que la fureur de ton frère soit passée,
45 ၄၅ သင် ၏အစ်ကို စိတ် ပြေ ၍၊ သင် သည် သူ ၌ ပြု သောအမှု ကိုသူမေ့လျော့ သောအခါ ၊ ငါမှာ လိုက်၍ ၊ ထို အရပ်မှ သင့် ကို ဆောင် ခဲ့စေမည်။ ငါ့သားနှစ် ယောက် လုံးကို တ နေ့ ခြင်းတွင် အဘယ်ကြောင့် ငါရှုံး ရမည်နည်း ဟု ဆိုလေ၏။
Jusqu'à ce que la colère de ton frère se détourne de toi, et qu'il ait oublié ce que tu lui as fait. Alors je t'enverrai chercher de là. Pourquoi serais-je privée de vous deux en un même jour?
46 ၄၆ တဖန် ရေဗက္က သည် ဣဇာက် ထံ သို့သွား၍၊ ကျွန်မ သည် ဟေသ အမျိုးသမီး တို့ ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့ လှ၏။ ဤ ပြည် သူသမီး ကဲ့သို့ သောသူ၊ ဟေသ အမျိုးသမီး နှင့် ယာကုပ်အိမ်ထောင် ဘက်ပြု လျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ် ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆို လေ၏။
Et Rébecca dit à Isaac: Je suis dégoûtée de la vie, à cause des filles de Heth. Si Jacob prend parmi les filles de Heth, parmi les filles du pays, une femme comme celles-là, à quoi me sert la vie?

< ကမ္ဘာ​ဦး 27 >