< ကမ္ဘာဦး 26 >
1 ၁ အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။
Now a famine happened in the land, besides the first famine that had been in the days of Abraham. Isaac went to Abimelech, king of the Philistines at Gerar.
2 ၂ ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။
Now Yahweh appeared to him and said, “Do not go down to Egypt; live in the land that I tell you to live in.
3 ၃ ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
Stay in this very land, and I will be with you and will bless you; for to you and to your descendants, I will give all these lands, and I will fulfill the oath that I swore to Abraham your father.
4 ၄ သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
I will multiply your descendants like the stars of heaven, and will give to your descendants all these lands. Through your descendants all the nations of the earth will be blessed.
5 ၅ အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
I will do this because Abraham obeyed my voice and kept my instructions, my commandments, my statutes, and my laws.”
6 ၆ ဣဇာက် သည် ဂေရာ မြို့၌ နေ စဉ်တွင် ၊ - မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊
So Isaac settled in Gerar.
7 ၇ ဤပြည် သားယောက်ျား တို့သည် သူ့ အကြောင်းကြောင့် ငါ့ ကိုသတ် မည်ဟုစိုးရိမ် ၍၊ သူသည် ငါ့ မယား ဖြစ်သည်ဟု မ ပြော မဆိုဝံ့၊ ငါ့ နှမ ဖြစ်သည် ဟု ပြော ဆို၏။
When the men of the place asked him about his wife, he said, “She is my sister.” He feared to say, “She is my wife,” because he thought, “The men of this place will kill me to get Rebekah, because she is so beautiful.”
8 ၈ ထို မြို့၌ ကာလအတန်ကြာ နေပြီးမှ ၊ တနေ့သ၌၊ ဣဇာက် သည် မိမိ မယား ရေဗက္က နှင့် ကစား သည်။ ဖိလိတ္တိ မင်းကြီး အဘိမလက် သည် ပြတင်းပေါက် ဝက ကြည့် မြင်လျှင်၊
After Isaac had been there a long time, Abimelech king of the Philistines happened to look out of a window. He saw, behold, Isaac was caressing Rebekah, his wife.
9 ၉ ဣဇာက် ကို ခေါ် ၍ ၊ ထို မိန်းမသည်၊ အကယ်စင်စစ် သင် ၏မယား ဖြစ်၏။ သို့ရာတွင် ၊ သူသည် ငါ့ နှမ ဖြစ်၏ဟု အဘယ် ကြောင့်သင်ပြော ရ သနည်းဟုမေး သော်၊ ဣဇာက် က၊ သူ့ အတွက် ကြောင့် ကျွန်ုပ်သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏။
Abimelech called Isaac to him and said, “Look, certainly she is your wife. Why did you say, 'She is my sister'?” Isaac said to him, “Because I thought someone might kill me to get her.”
10 ၁၀ အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
Abimelech said, “What is this you have done to us? One of the people might easily have slept with your wife, and you would have brought guilt upon us.”
11 ၁၁ ဤ လင် မယားကို ပြစ်မှား သောသူသည် ဆက်ဆက်အသေ ခံရမည်ဟု မိမိလူ အပေါင်း တို့ကို မှာ ထားသနည်း။
So Abimelech warned all the people and said, “Whoever touches this man or his wife will surely be put to death.”
12 ၁၂ ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊
Isaac planted crops in that land and reaped in the same year a hundredfold, because Yahweh blessed him.
13 ၁၃ သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
The man became rich, and grew more and more until he became very great.
14 ၁၄ သိုးစု ၊ နွားစု များ၊ ကျွန် များ နှင့် ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့် ၊ ဖိလိတ္တိ လူတို့သည် သူ့ ကိုငြူစူ ကြ၏။
He had many sheep and cattle, and a large household. The Philistines envied him.
15 ၁၅ အဘ အာဗြဟံ လက်ထက် ၌ ၊ အဘ ၏ကျွန် တို့ တူး သော ရေတွင်း ရှိသမျှ တို့ကို မြေ နှင့် ဖို့ ပိတ်ကြ၏။
Now all the wells that his father's servants had dug in the days of Abraham his father, the Philistines stopped them up by filling them with earth.
16 ၁၆ အဘိမလက် မင်းကလည်း ၊ သင်သည် ငါ့ တို့ထက် တန်ခိုး ကြီး၏။ ငါ တို့ထံမှ ထွက် သွားလော့ဟု၊ ဣဇာက် ကို အမိန့် ရှိသောကြောင့်၊
Abimelech said to Isaac, “Go away from us, for you are much mightier than we.”
17 ၁၇ ဣဇာက် သည် ထို မြို့မှ ထွက်သွား ပြီးလျှင် ၊ ဂေရာ ချိုင့် ၌ တဲ ကို ဆောက်၍ နေ လေ၏။
So Isaac departed from there and settled in the Valley of Gerar, and lived there.
18 ၁၈ ထိုအခါ ဣဇာက် သည်၊ အဘ အာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေ သောနောက် ၊ ဖိလိတ္တိ လူတို့ဖို့သော ရေ တွင်း တို့ကို တူး ဘော်ပြန်၍ ၊ အထက်က အဘ သမုတ် သော အမည် ဖြင့် သမုတ် လေ၏။
Once again Isaac dug out the wells of water, which they had dug in the days of Abraham his father. The Philistines had stopped them up after Abraham's death. Isaac called the wells by the same names that his father had called them.
19 ၁၉ ဣဇာက် ကျွန် တို့လည်း ၊ ချိုင့် ထဲ၌ တူး ၍ စမ်း ရေ တွင်း ကို တွေ့ ကြ၏။
When Isaac's servants dug in the valley, they found there a well of flowing water.
20 ၂၀ ဂေရာ အမျိုးသားနွား ကျောင်းတို့ကလည်း ၊ ဤရေ သည် ငါ တို့ရေဖြစ်၏ဟု၊ ဣဇာက် ၏နွား ကျောင်းတို့ နှင့် လုယက် ပြော ဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်း ကို ဧသက် အမည် ဖြင့်မှည့် လေ၏။
The herdsmen of Gerar quarreled with Isaac's herdsmen, and said, “This water is ours.” So Isaac called that well “Esek,” because they had quarreled with him.
21 ၂၁ နောက် တဖန် အခြား သောရေတွင်း ကို တူး ပြန် ကြ၏။ ထို ရေတွင်းကို လည်း တဖန် လု ကြသောကြောင့် ၊ သိတန အမည် ဖြင့် မှည့် လေ၏။
Then they dug another well, and they quarreled over that, too, so he gave it the name of “Sitnah.”
22 ၂၂ ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။
He left there and dug yet another well, but they did not quarrel over that one. So he called it Rehoboth, and he said, “Now Yahweh has made room for us, and we will prosper in the land.”
23 ၂၃ တဖန် ထို အရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်း လေ၏။
Then Isaac went up from there to Beersheba.
24 ၂၄ ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။
Yahweh appeared to him that same night and said, “I am the God of Abraham your father. Do not fear, for I am with you and will bless you and multiply your descendants, for my servant Abraham's sake.”
25 ၂၅ ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။
Isaac built an altar there and called on the name of Yahweh. There he pitched his tent, and his servants dug a well.
26 ၂၆ ထိုအခါ အဘိမလက် မင်းသည်၊ အဆွေ တော် အဟုဇာတ် နှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့ကို ခေါ်၍၊ ဂေရာ မြို့မှ ဣဇာက် ရှိရာသို့ သွား ၏။
Then Abimelech went to him from Gerar, with Ahuzzath, his friend, and Phicol, the captain of his army.
27 ၂၇ ဣဇာက် ကလည်း ၊ သင် တို့သည် ငါ့ ကို မြင်ပျင်း ၍ နှင်ထုတ် ပြီးမှ ၊ အဘယ်ကြောင့် လာ ကြသနည်းဟုမေး လျှင်၊
Isaac said to them, “Why are you coming to me, since you hate me and have sent me away from you?”
28 ၂၈ ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊
Then they said, “We have clearly seen that Yahweh has been with you. So we decided that there should be an oath between us, yes, between us and you. So let us make a covenant with you,
29 ၂၉ ငါ တို့သည် သင့် ကိုမ ထိ မခိုက်၊ ကျေးဇူး ကိုသာ ပြု ၍ ၊ ငြိမ်ဝပ် စွာလွှတ် လိုက်သည်နည်းတူ ၊ သင် သည်ငါတို့ကို အပြစ် မ ပြုရဟု၊ ငါ တို့တစ်ဖက် ၊ သင့် တစ်ဖက် ၊ နှစ်ဘက်သား တို့သည်၊ သစ္စာ ဂတိထား၍ မိဿဟာယ ဖွဲ့ ကြစို့။ သင် သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါ၏ဟု ဆိုကြလေသော်၊
that you will do us no harm, just as we have not harmed you, and as we have treated you well and have sent you away in peace. Indeed, you are blessed by Yahweh.”
30 ၃၀ ဣဇာက်သည်၊ သူ တို့အဘို့ စားသောက်ပွဲ ကို လုပ် ၍ ၊ အတူစား သောက် ကြ၏။
So Isaac made a feast for them, and they ate and drank.
31 ၃၁ နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။
They rose early in the morning and swore an oath with each other. Then Isaac sent them away, and they left him in peace.
32 ၃၂ ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊
That same day Isaac's servants came and told him about the well that they had dug. They said, “We have found water.”
33 ၃၃ ထို ရေတွင်းကို ရှေဘ အမည် ဖြင့် မှည့် လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ ကို ဗေရရှေဘ မြို့ဟု ယနေ့ တိုင်အောင် တွင်လေသတည်း။
He called the well Shibah, so the name of that city is Beersheba to this day.
34 ၃၄ ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။
When Esau was forty years old, he took a wife, Judith the daughter of Beeri the Hittite, and also Basemath the daughter of Elon the Hittite.
35 ၃၅ ထိုမိန်းမတို့သည် ဣဇာက် နှင့် ရေဗက္က ၌ စိတ် နှလုံး ပူပန် စရာအကြောင်း ဖြစ် သတည်း။
They brought sorrow to Isaac and Rebekah.