< ကမ္ဘာဦး 25 >
1 ၁ တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊
Y Abraham tomó otra mujer, cuyo nombre fue Cetura;
2 ၂ ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
la cual le dio a luz a Zimram, y a Jocsán, y a Medán, y a Madián, y a Isbac, y a Súa.
3 ၃ ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။
Y Jocsán engendró a Seba, y a Dedán: e hijos de Dedán fueron Asurim, y Letusim, y Leumim.
4 ၄ မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။
E hijos de Madián: Efa, y Efer, y Hanoc, y Abida, y Elda. Todos estos fueron hijos de Cetura.
5 ၅ အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
Y Abraham dio todo cuanto tenía a Isaac.
6 ၆ မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
Y a los hijos de sus concubinas dio Abraham dones, y los envió de junto Isaac su hijo, mientras él vivió, al oriente, a la tierra oriental.
7 ၇ ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊
Y estos fueron los días de vida que vivió Abraham: ciento setenta y cinco años.
8 ၈ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
Y expiró, y murió Abraham en buena vejez, anciano y lleno de días y fue unido a su pueblo.
9 ၉ သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
Y lo sepultaron Isaac e Ismael sus hijos en la cueva doble, en la heredad de Efrón, hijo de Zoar heteo, que está enfrente de Mamre;
10 ၁၀ ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။
la heredad que compró Abraham de los hijos de Het; allí está sepultado, y Sara su mujer.
11 ၁၁ အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။
Y sucedió, después de muerto Abraham, que Dios bendijo a Isaac su hijo; y habitó Isaac junto al pozo del Viviente que me ve.
12 ၁၂ စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊
Y estas son las generaciones de Ismael, hijo de Abraham, que dio a luz Agar, la egipcia, sierva de Sara a Abraham:
13 ၁၃ မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊
Estos, pues, son los nombres de los hijos de Ismael, por sus nombres, por sus linajes: El primogénito de Ismael, Nabaiot; y Cedar, y Abdeel, y Mibsam,
14 ၁၄ မိရှမ ၊ ဒုမာ ၊ မာစ ၊
y Misma, y Duma, y Massa,
15 ၁၅ ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊
Hadar, y Tema, y Jetur, y Nafis, y Cedema.
16 ၁၆ ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။
Estos son los hijos de Ismael, y estos sus nombres por sus villas y por sus palacios; doce príncipes por sus familias.
17 ၁၇ ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
Y estos fueron los años de la vida de Ismael, ciento treinta y siete años; y expiró y murió Ismael; y fue unido a su pueblo.
18 ၁၈ သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။
Y habitaron desde Havila hasta Shur, que está enfrente de Egipto, viniendo a Asiria; y delante de todos sus hermanos cayó.
19 ၁၉ အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။
Y estas son las generaciones de Isaac, hijo de Abraham. Abraham engendró a Isaac;
20 ၂၀ ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။
y era Isaac de cuarenta años cuando tomó a Rebeca, hija de Betuel, el arameo, de Padan-aram, hermana de Labán, el arameo, por su mujer.
21 ၂၁ ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
Y oró Isaac al SEÑOR por su mujer, que era estéril; y lo aceptó el SEÑOR, y concibió Rebeca su mujer.
22 ၂၂ ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
Y los hijos se combatían dentro de ella; y dijo: Si es así ¿para qué vivo yo? Y fue a consultar al SEÑOR.
23 ၂၃ ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
Y le respondió el SEÑOR: Dos naciones hay en tu vientre, y dos pueblos serán divididos desde tus entrañas; mas un pueblo será más fuerte que el otro pueblo, y el mayor servirá al menor.
24 ၂၄ ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊
Y cuando se cumplieron sus días para dar a luz, he aquí mellizos en su vientre.
25 ၂၅ အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။
Y salió el primero bermejo, y todo él velludo como una pelliza; y llamaron su nombre Esaú.
26 ၂၆ ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။
Y después salió su hermano, trabada su mano al calcañar de Esaú; y fue llamado su nombre Jacob. Y era Isaac de edad de sesenta años cuando Rebeca los dio a luz.
27 ၂၇ သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
Y crecieron los niños, y Esaú fue varón sabio en la caza, hombre del campo; Jacob, empero, era varón entero, que estaba en las tiendas.
28 ၂၈ ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။
Y amó Isaac a Esaú, porque comía de su caza; mas Rebeca amaba a Jacob.
29 ၂၉ တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊
Y guisó Jacob un potaje; y volviendo Esaú del campo cansado,
30 ၃၀ ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။
dijo a Jacob: Te ruego que me des a comer de eso bermejo, pues estoy muy cansado. Por tanto fue llamado su nombre Edom.
31 ၃၁ ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊
Y Jacob respondió: Véndeme hoy en este día tu primogenitura.
32 ၃၂ ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။
Entonces dijo Esaú: He aquí yo me voy a morir; ¿para qué, pues, me servirá la primogenitura?
33 ၃၃ ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
Y dijo Jacob: Júrame hoy en este día. Y él le juró, y vendió a Jacob su primogenitura.
34 ၃၄ ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။
Entonces Jacob dio a Esaú del pan y del guisado de las lentejas; y él comió y bebió, y se levantó, y se fue. Así menospreció Esaú la primogenitura.