< ကမ္ဘာ​ဦး 25 >

1 တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊
Na ka tangohia e Aperahama tetahi wahine ano, ko Ketura tona ingoa.
2 ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
A whanau ake a raua tama ko Timirana, ko Iokohana, ko Merana, ko Miriana, ko Ihipaka, ratou ko Huaha.
3 ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။
A whanau ake a Iokohana ko Hepa, ko Rerana. A ko nga tama a Rerana ko Ahurimi, ko Retuhimi, ko Reumime.
4 မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။
A ko nga tama a Miriana ko Epa, ko Epere, ko Hanoka, ko Apira, ko Ereraaha. He tama katoa enei na Ketura.
5 အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
A i hoatu e Aperahama ana mea katoa ki a Ihaka.
6 မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
Ki nga tama ia a nga wahine iti a Aperahama i hoatu e ia etahi taonga, a tonoa atu ana e ia i a ia ano e ora ana kia matara atu i a Ihaka, i tana tama, whaka te rawhiti, ki te whenua i te rawhiti.
7 ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊
Ko nga ra enei o nga tau o te oranga o Aperahama i ora ai ia, kotahi rau e whitu tekau ma rima nga tau.
8 အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
Na ka hemo a Aperahama, a ka mate, he pai hoki tona koroheketanga, he kaumatua, kua ata tutuki ona tau; a kohia ana ia ki tona iwi.
9 သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
A ka tanumia ia e ana tama e Ihaka raua ko Ihimaera ki te ana o Makapera, ki te wahi o Eperona tama a Tohara Hiti, i te ritenga o Mamere;
10 ၁၀ ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။
Ki te wahi i hokona ra e Aperahama i nga tama a Hete: i tanumia ki reira a Aperahama, raua ko Hara, ko tana wahine.
11 ၁၁ အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။
A muri iho i te matenga o Aperahama ka manaakitia e te Atua a Ihaka, tana tama; a ka noho a Ihaka ki te taha o Peererahairoi.
12 ၁၂ စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊
Na ko nga whakatupuranga enei o Ihimaera tama a Aperahama, i whanau nei ma Aperahama i a Hakara, i te Ihipiana, pononga wahine a Hara:
13 ၁၃ မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊
A ko nga ingoa enei o nga tama a Ihimaera, o ratou ingoa i o ratou whakatupuranga: ta Ihimaera matamua ko Nepaioto; na, ko Kerara, ko Arapeere, ko Mipihama,
14 ၁၄ မိရှမ ၊ ဒုမာ ၊ မာစ ၊
Ko Mihima, ko Ruma, ko Maha,
15 ၁၅ ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊
Ko Hatara, ko Tema, ko Ieturu, ko Napihi, ko Kerema:
16 ၁၆ ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။
Ko nga tama enei a Ihimaera, ko o ratou ingoa hoki enei i o ratou pa, i o ratou puni; kotahi tekau ma rua nga rangatira o o ratou iwi.
17 ၁၇ ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
A ko nga tau enei o te oranga o Ihimaera, kotahi rau e toru tekau ma whitu nga tau: na ka hemo ia, a ka mate; ka kohia ki tona iwi.
18 ၁၈ သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။
A ko o ratou nohoanga i Hawira a tae noa ki Huru, i te ritenga o Ihipa ina haere koe ki Ahiria: a i noho ia ki te aroaro o ona teina katoa.
19 ၁၉ အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။
Na ko nga whakatupuranga enei o Ihaka tama a Aperahama: na Aperahama ko Ihaka:
20 ၂၀ ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။
Na e wha tekau nga tau o Ihaka i tana tangohanga i a Ripeka, tamahine a Petuere Hiriani o Paranaarama, tuahine o Rapana Hiriani, hei wahine mana.
21 ၂၁ ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
Na ka inoi a Ihaka ki a Ihowa mo tana wahine, no te mea he pakoko ia: a ka whakaae a Ihowa ki a ia, a ka hapu a Ripeka, tana wahine.
22 ၂၂ ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
A ka takatakahi nga tamariki i a raua i roto i a ia; a ka mea ia, Ki te mea ko tenei, he aha ahau i penei ai? Na haere ana ia ki a Ihowa ki te ui.
23 ၂၃ ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
A ka mea a Ihowa ki a ia, e rua nga iwi kei roto i tou kopu, a e rua nga iwi e wehea mai i roto i ou whekau; a ka kaha tetahi iwi i tetahi iwi; ka waiho hoki te tuakana hei papa mo te teina.
24 ၂၄ ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊
A ka rite ona ra e whanau ai ia, na, he mahanga kei roto i tona kopu.
25 ၂၅ အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။
Na ka puta mai te tuatahi, he whero, rite katoa ia ki te kakahu huruhuru; a huaina ana e ratou tona ingoa ko Ehau.
26 ၂၆ ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။
A muri iho ka puta mai tona teina, me te pupuri ano tona ringa i te rekereke o Ehau; a huaina iho tona ingoa ko Hakopa; a e ono tekau nga tau o Ihaka i to raua whanautanga.
27 ၂၇ သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
Na ka tupu nga tamariki ra: ko Ehau he tangata mohio ki te hopu kirehe mohoao, he tangata noho koraha; ko Hakopa ia he tangata ata noho, he tangata noho teneti.
28 ၂၈ ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။
Na i aroha a Ihaka ki a Ehau, he kai nona i ana i hopu ai: ko Ripeka i aroha ki a Hakopa.
29 ၂၉ တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊
Na ka kohuatia he kai e Hakopa, a ka haere mai a Ehau i te koraha, a e hemo ana ia:
30 ၃၀ ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။
A ka mea a Ehau ki a Hakopa, E, homai he kai maku i taua mea whero e whero na, ne? e hemo ana hoki ahau: koia i huaina ai tona ingoa ko Eroma.
31 ၃၁ ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊
Na ko te meatanga mai a Hakopa, Hokona mai ki ahau i tenei ra tou matamuatanga.
32 ၃၂ ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။
Na ka mea a Ehau, Na, kua tata ahau te mate: a he aha te hua o te matamuatanga ki ahau?
33 ၃၃ ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
A ka mea a Hakopa, Oati mai ki ahau aianei; na ka oati ia ki a ia: a ka hokona atu e ia tona matamuatanga ki a Hakopa.
34 ၃၄ ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။
Katahi ka hoatu e Hakopa he taro ki a Ehau me nga pi i kohuatia ra: na ka kai ia, ka inu, ka whakatika hoki, haere ana: na whakahaweatia ana e Ehau tona matamuatanga.

< ကမ္ဘာ​ဦး 25 >