< ကမ္ဘာ​ဦး 25 >

1 တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊
ויסף אברהם ויקח אשה ושמה קטורה
2 ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
ותלד לו את זמרן ואת יקשן ואת מדן ואת מדין--ואת ישבק ואת שוח
3 ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။
ויקשן ילד את שבא ואת דדן ובני דדן היו אשורם ולטושם ולאמים
4 မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။
ובני מדין עיפה ועפר וחנך ואבידע ואלדעה כל אלה בני קטורה
5 အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
ויתן אברהם את כל אשר לו ליצחק
6 မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
ולבני הפילגשים אשר לאברהם נתן אברהם מתנת וישלחם מעל יצחק בנו בעודנו חי קדמה אל ארץ קדם
7 ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊
ואלה ימי שני חיי אברהם--אשר חי מאת שנה ושבעים שנה וחמש שנים
8 အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
ויגוע וימת אברהם בשיבה טובה זקן ושבע ויאסף אל עמיו
9 သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
ויקברו אתו יצחק וישמעאל בניו אל מערת המכפלה אל שדה עפרן בן צחר החתי אשר על פני ממרא
10 ၁၀ ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။
השדה אשר קנה אברהם מאת בני חת--שמה קבר אברהם ושרה אשתו
11 ၁၁ အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။
ויהי אחרי מות אברהם ויברך אלהים את יצחק בנו וישב יצחק עם באר לחי ראי
12 ၁၂ စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊
ואלה תלדת ישמעאל בן אברהם אשר ילדה הגר המצרית שפחת שרה--לאברהם
13 ၁၃ မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊
ואלה שמות בני ישמעאל בשמתם לתולדתם בכר ישמעאל נבית וקדר ואדבאל ומבשם
14 ၁၄ မိရှမ ၊ ဒုမာ ၊ မာစ ၊
ומשמע ודומה ומשא
15 ၁၅ ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊
חדד ותימא יטור נפיש וקדמה
16 ၁၆ ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။
אלה הם בני ישמעאל ואלה שמתם בחצריהם ובטירתם--שנים עשר נשיאם לאמתם
17 ၁၇ ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
ואלה שני חיי ישמעאל--מאת שנה ושלשים שנה ושבע שנים ויגוע וימת ויאסף אל עמיו
18 ၁၈ သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။
וישכנו מחוילה עד שור אשר על פני מצרים באכה אשורה על פני כל אחיו נפל
19 ၁၉ အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။
ואלה תולדת יצחק בן אברהם אברהם הוליד את יצחק
20 ၂၀ ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။
ויהי יצחק בן ארבעים שנה בקחתו את רבקה בת בתואל הארמי מפדן ארם--אחות לבן הארמי לו לאשה
21 ၂၁ ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
ויעתר יצחק ליהוה לנכח אשתו כי עקרה הוא ויעתר לו יהוה ותהר רבקה אשתו
22 ၂၂ ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
ויתרצצו הבנים בקרבה ותאמר אם כן למה זה אנכי ותלך לדרש את יהוה
23 ၂၃ ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
ויאמר יהוה לה שני גיים (גוים) בבטנך ושני לאמים ממעיך יפרדו ולאם מלאם יאמץ ורב יעבד צעיר
24 ၂၄ ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊
וימלאו ימיה ללדת והנה תומם בבטנה
25 ၂၅ အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။
ויצא הראשון אדמוני כלו כאדרת שער ויקראו שמו עשו
26 ၂၆ ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။
ואחרי כן יצא אחיו וידו אחזת בעקב עשו ויקרא שמו יעקב ויצחק בן ששים שנה בלדת אתם
27 ၂၇ သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
ויגדלו הנערים ויהי עשו איש ידע ציד איש שדה ויעקב איש תם ישב אהלים
28 ၂၈ ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။
ויאהב יצחק את עשו כי ציד בפיו ורבקה אהבת את יעקב
29 ၂၉ တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊
ויזד יעקב נזיד ויבא עשו מן השדה והוא עיף
30 ၃၀ ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။
ויאמר עשו אל יעקב הלעיטני נא מן האדם האדם הזה--כי עיף אנכי על כן קרא שמו אדום
31 ၃၁ ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊
ויאמר יעקב מכרה כיום את בכרתך לי
32 ၃၂ ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။
ויאמר עשו הנה אנכי הולך למות ולמה זה לי בכרה
33 ၃၃ ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
ויאמר יעקב השבעה לי כיום וישבע לו וימכר את בכרתו ליעקב
34 ၃၄ ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။
ויעקב נתן לעשו לחם ונזיד עדשים ויאכל וישת ויקם וילך ויבז עשו את הבכרה

< ကမ္ဘာ​ဦး 25 >