< ကမ္ဘာဦး 22 >
1 ၁ ထိုနောက်မှ ဘုရားသခင် သည်၊ အာဗြဟံ ကို စုံစမ်း ခြင်းငှါ၊ အာဗြဟံ ဟု ခေါ် တော်မူ၍ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
Some time later God tested Abraham and said to him, “Abraham!” “Here I am,” he answered.
2 ၂ သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
“Take your son,” God said, “your only son Isaac, whom you love, and go to the land of Moriah. Offer him there as a burnt offering on one of the mountains, which I will show you.”
3 ၃ အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
So Abraham got up early the next morning, saddled his donkey, and took along two of his servants and his son Isaac. He split the wood for a burnt offering and set out for the place God had designated.
4 ၄ သုံး ရက်မြောက် သောနေ့၌ မြော် ကြည့်၍၊ ထိုအရပ် ကို အဝေး က မြင် လျှင်၊
On the third day Abraham looked up and saw the place in the distance.
5 ၅ ငယ်သား နှစ်ယောက်တို့အား ၊ သင် တို့သည် ဤ အရပ်၌မြည်း နှင့်အတူ နေ ရစ်ကြလော့။ ငါ သည် သားနှင့်အတူထိုအရပ် သို့သွား ၍ ၊ ကိုးကွယ် ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ ၊ သင် တို့ဆီသို့ ပြန် လာဦးမည်ဟု ဆို လေ၏။
“Stay here with the donkey,” Abraham told his servants. “The boy and I will go over there to worship, and then we will return to you.”
6 ၆ ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
Abraham took the wood for the burnt offering and placed it on his son Isaac. He himself carried the fire and the sacrificial knife, and the two of them walked on together.
7 ၇ သွားကြစဉ်တွင်၊ ဣဇာက် သည် အဘ အာဗြဟံ ကို အဘ ဟုခေါ် လျှင် ၊ ငါ့ သား ၊ ငါ ရှိ ၏ဟု ထူး လေ၏။ ဣဇာက်ကလည်း မီး ပါ၏၊ ထင်း လည်းပါ၏။ ယဇ် ရှို့စရာဘို့ သိုးသငယ် သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင်၊
Then Isaac said to his father Abraham, “My father!” “Here I am, my son,” he replied. “The fire and the wood are here,” said Isaac, “but where is the lamb for the burnt offering?”
8 ၈ အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
Abraham answered, “God Himself will provide the lamb for the burnt offering, my son.” And the two walked on together.
9 ၉ ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
When they arrived at the place God had designated, Abraham built the altar there and arranged the wood. He bound his son Isaac and placed him on the altar, atop the wood.
10 ၁၀ မိမိ လက် ကို ဆန့် ၍ သား ကိုသတ် ခြင်းငှါ ၊ ထား ကို ကိုင် ယူလေ၏။
Then Abraham reached out his hand and took the knife to slaughter his son.
11 ၁၁ ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
Just then the angel of the LORD called out to him from heaven, “Abraham, Abraham!” “Here I am,” he replied.
12 ၁၂ ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
“Do not lay a hand on the boy or do anything to him,” said the angel, “for now I know that you fear God, since you have not withheld your only son from me.”
13 ၁၃ ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
Then Abraham looked up and saw behind him a ram in a thicket, caught by its horns. So he went and took the ram and offered it as a burnt offering in place of his son.
14 ၁၄ ထို အရပ် ကို ယေဟောဝါ ယိရဟု အာဗြဟံ သမုတ် လေ၏။ ထိုသို့ နှင့်အညီတောင် ပေါ် မှာ ထာဝရဘုရား ပြင်ဆင် တော်မူမည်ဟု ယနေ့ တိုင်အောင်ဆို လေ့ ရှိသတည်း။
And Abraham called that place The LORD Will Provide. So to this day it is said, “On the mountain of the LORD it will be provided.”
15 ၁၅ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
And the angel of the LORD called to Abraham from heaven a second time,
16 ၁၆ သင်သည် ဤ အမှု ကိုပြု ၍ ၊ သင် ၏သား သင်၌ တ ယောက်တည်းသောသားကို၊ ငါ့အား မ ငြင်း သောကြောင့်၊
saying, “By Myself I have sworn, declares the LORD, that because you have done this and have not withheld your only son,
17 ၁၇ ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
I will surely bless you, and I will multiply your descendants like the stars in the sky and the sand on the seashore. Your descendants will possess the gates of their enemies.
18 ၁၈ သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
And through your offspring all nations of the earth will be blessed, because you have obeyed My voice.”
19 ၁၉ ထိုအခါ အာဗြဟံ သည် ငယ်သား တို့ ရှိရာသို့ ပြန် ၏။ သူတို့သည် ထ ပြီးလျှင် ဗေရာရဗတ အရပ်သို့ လိုက်သွား ကြ၏။ ထို အရပ်၌ အာဗြဟံ နေ လေ၏။
Abraham went back to his servants, and they got up and set out together for Beersheba. And Abraham settled in Beersheba.
20 ၂၀ ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
Some time later, Abraham was told, “Milcah has also borne sons to your brother Nahor:
21 ၂၁ သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
Uz the firstborn, his brother Buz, Kemuel (the father of Aram),
22 ၂၂ ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊
Chesed, Hazo, Pildash, Jidlaph, and Bethuel.”
23 ၂၃ သားရှစ် ယောက်တို့ကို၊ အာဗြဟံ အစ်ကို နာခေါ် ၏ မယားမိလခါ ဘွား မြင်လေ၏။ ဗေသွေလ ကား ၊ ရေဗက္က အဘ တည်း။
And Bethuel became the father of Rebekah. Milcah bore these eight sons to Abraham’s brother Nahor.
24 ၂၄ ရုမာ အမည် ရှိသောနာခေါ် ၏ မယား ငယ်သည်လည်း တေဘ ဂါဟံ ၊ သဟာရှ မာခါ တို့ကို ဘွား မြင်လေ၏။
Moreover, Nahor’s concubine, whose name was Reumah, bore Tebah, Gaham, Tahash, and Maacah.