< ကမ္ဘာ​ဦး 21 >

1 ထာဝရဘုရား သည်၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာ ကို အကြည့် အရှုကြွတော်မူ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြု တော်မူသဖြင့်၊
Rəbbee ögiyl uvhuyn xhinne, Sarrays yugvalla haa'ana. Mang'vee huvuyn cuvab aqqaqqan.
2 စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
Allahee uvhuyne gahıl, Sarra vuxhne ayxu, q'əsde İbrahimıs dix uxu.
3 အာဗြဟံ သည်လည်း ၊ မိမိ ရ သောသားတည်းဟူသော၊ စာရာ ဘွား သောသား ကို ဣဇာက် အမည် ဖြင့် မှည့် လေ၏။
İbrahimee Sarrayke ıxhayne duxays I'saq' (əqəna) do giyxhe.
4 ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။
Allahee İbrahimık'le cune əmree uvhuyn xhinne, mang'vee dix, I'saq' ıxhayne molyne yiğıle sunnat ha'a.
5 သား ဣဇာက် ကို မြင် ရသောအခါ အာဗြဟံ သည် အသက် တ ရာ ရှိသတည်း။
I'saq' yedike ıxhayng'a, İbrahimıqa vəş senniy vod.
6 စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊
Sarree uvhuyn: – Allahee yizde aq'veeqa əqəna qali'ı! Man g'ayxhıyne gırgıng've zaka sacigee əqəna ha'as!
7 စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။
Sarreecad meed eyhen: – Şavaa İbrahimık'le eyheyiy, ine q'əsvalee zı uşax uxu yic gyoqa'as? Haane, yicıd uxuyn!
8 ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။
Uşax xət qıxha, nikneke gyarğılyna. I'saq' nikneke gyarğılyne yiğıl, İbrahimee xədın otxhun-ulyodğuy hele.
9 အဲဂုတ္တ အမျိုးသားဟာဂရ တွင် အာဗြဟံ ရ သော သား သည် ဆဲရေး သည်ကို စာရာ သိ မြင်လျှင်၊
10 ၁၀ ဤ ကျွန်မ ၏သား သည် အကျွန်ုပ် ၏သား ဣဇာက် နှင့်အတူ အမွေ မ ခံရဟု အာဗြံဟံ အား ဆို လေ၏။
11 ၁၁ အာဗြဟံ လည်း ၊ မိမိ သား ဖြစ် သောကြောင့် ၊ ထိုအမှု အလွန် ခက် သည်ဟု ထင် လေ၏။
12 ၁၂ သို့ရာတွင် ဘုရားသခင် က၊ ထိုသူငယ် နှင့် သင် ၏ ကျွန်မ ကြောင့် ၊ ဤအမှုခက် သည်ဟု မ ထင် နှင့်။ စာရာ ပြော လေရာရာ ၌ သူ ၏စကား ကို နားထောင် လော့။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုး တည် လိမ့်မည်။
13 ၁၃ ကျွန်မ ၏သား သည် သင် ၏အမျိုး ဖြစ်သောကြောင့် ၊ သူ့ ကိုလည်း လူမျိုး ဖြစ် စေမည်ဟု အာဗြံဟံ အား မိန့် တော်မူ၏။
14 ၁၄ အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။
15 ၁၅ ဘူး ၌ ရေ ကုန် သောအခါ ၊ သူငယ် ကို ချုံဖုတ် အောက် ၌ ထား ၍၊
16 ၁၆ ငါသည်သူငယ်သေ သည်ကို မ မြင် လိုဟုဆို လျက် ၊ ခပ်ဝေးဝေး လေး တ ပစ်ခန့် လောက် သွားပြီးလျှင်၊ သူ ငယ်ရှေ့ မှာ ထိုင် ၍ နေလေ၏။ ထို သို့ထိုင် ၍ နေစဉ် သူ သည်အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
17 ၁၇ ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။
18 ၁၈ ထ လော့။ လုလင် ကိုကြွ ၍ လက် နှင့်မ လော့။ ငါသည်သူ့ ကို လူမျိုး ကြီး ဖြစ် စေမည်ဟု ကောင်းကင် ထဲက ခေါ် ၍ ဟာဂရ အား မြွက်ဆို ၏။
19 ၁၉ ထိုအခါ ဘုရားသခင် သည် ဟာဂရ ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူသည်ရေ တွင်း ကို မြင် လေသော် ၊ သွား ၍ ဘူး ကို ရေ ဖြည့်ပြီးလျှင် ၊ လုလင် အား ရေ ကို တိုက် လေ၏။
20 ၂၀ ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။
21 ၂၁ ပါရန် တော ၌ နေ သည်ဖြစ်၍ သူ့ အမိ သည် အဲဂုတ္တု ပြည် မှ မိန်းမ တယောက်ကိုခေါ်၍ သူ နှင့် စုံဘက် စေ၏။
22 ၂၂ ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။
23 ၂၃ သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။
24 ၂၄ အာဗြဟံ ကလည်း ၊ ထိုအတိုင်းငါ ကျိန် ဆိုပါမည်ဟု ပြန်ပြော လေ၏။
25 ၂၅ အဘိမလက် မင်း၏ ကျွန် တို့သည် အနိုင် အထက်လုယူသော ရေ တွင်း အကြောင်းကြောင့် ၊ အာဗြဟံ သည် လည်း အဘိမလက် မင်းကို အပြစ်တင် လေ၏။
26 ၂၆ အဘိမလက် မင်းကလည်း ၊ ဤ အမှု ကို အဘယ်သူ ပြု သည်ကို ငါမ သိ။ သင် သည်ငါ့ ကို မ ပြော။ ငါ လည်း ယနေ့ တိုင်အောင် မ ကြား ရဟု ဆို ၏။
27 ၂၇ အာဗြဟံ သည်လည်း သိုး ၊ နွား တို့ကို ယူ ပြီးလျှင် ၊ အဘိမလက် အား ပေး ၍ ထို နှစ် ပါးတို့သည် ပဋိညာဉ် ပြု ကြ ၏။
28 ၂၈ အာဗြဟံ သည်လည်း သိုးသငယ် မ ခုနစ် ကောင် တို့ကို သိုး စုနှင့်ခွဲ ထားလေ၏။
29 ၂၉ အဘိမလက် ကလည်း ၊ ခွဲ ထားသော ဤ သိုးသငယ် မခုနစ် ကောင်တို့သည်၊ အဘယ်သို့ နည်းဟုမေး သော်၊
30 ၃၀ အာဗြဟံ က၊ ဤ ရေ တွင်းကို ငါတူး ပြီးဟု ဤသိုးသငယ် မခုနစ် ကောင်တို့သည် ငါ့ ဘက် ၌ သက်သေ ဖြစ် မည် အကြောင်း သူတို့ကို သင်သည်ငါ့ လက် မှ ခံ ယူရမည်ဟု ဆို လေ၏။
31 ၃၁ သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။
32 ၃၂ ထိုသို့ ဗေရရှေဘ အရပ်၌ ပဋိညာဉ် ပြု ကြ၏။ အဘိမလက် နှင့် ဗိုလ်ချုပ် မင်း ဖိကောလ တို့သည်ထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် ကြ၏။
33 ၃၃ အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
34 ၃၄ ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။

< ကမ္ဘာ​ဦး 21 >