< ကမ္ဘာဦး 21 >
1 ၁ ထာဝရဘုရား သည်၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာ ကို အကြည့် အရှုကြွတော်မူ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြု တော်မူသဖြင့်၊
Now the LORD attended to Sarah as He had said, and the LORD did for Sarah what He had promised.
2 ၂ စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
So Sarah conceived and bore a son to Abraham in his old age, at the very time God had promised.
3 ၃ အာဗြဟံ သည်လည်း ၊ မိမိ ရ သောသားတည်းဟူသော၊ စာရာ ဘွား သောသား ကို ဣဇာက် အမည် ဖြင့် မှည့် လေ၏။
And Abraham gave the name Isaac to the son Sarah bore to him.
4 ၄ ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။
When his son Isaac was eight days old, Abraham circumcised him, as God had commanded him.
5 ၅ သား ဣဇာက် ကို မြင် ရသောအခါ အာဗြဟံ သည် အသက် တ ရာ ရှိသတည်း။
Abraham was a hundred years old when his son Isaac was born to him.
6 ၆ စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊
Then Sarah said, “God has made me laugh, and everyone who hears of this will laugh with me.”
7 ၇ စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။
She added, “Who would have told Abraham that Sarah would nurse children? Yet I have borne him a son in his old age.”
8 ၈ ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။
So the child grew and was weaned, and Abraham held a great feast on the day Isaac was weaned.
9 ၉ အဲဂုတ္တ အမျိုးသားဟာဂရ တွင် အာဗြဟံ ရ သော သား သည် ဆဲရေး သည်ကို စာရာ သိ မြင်လျှင်၊
But Sarah saw that the son whom Hagar the Egyptian had borne to Abraham was mocking her son,
10 ၁၀ ဤ ကျွန်မ ၏သား သည် အကျွန်ုပ် ၏သား ဣဇာက် နှင့်အတူ အမွေ မ ခံရဟု အာဗြံဟံ အား ဆို လေ၏။
and she said to Abraham, “Expel the slave woman and her son, for the slave woman’s son will never share in the inheritance with my son Isaac!”
11 ၁၁ အာဗြဟံ လည်း ၊ မိမိ သား ဖြစ် သောကြောင့် ၊ ထိုအမှု အလွန် ခက် သည်ဟု ထင် လေ၏။
Now this matter distressed Abraham greatly because it concerned his son Ishmael.
12 ၁၂ သို့ရာတွင် ဘုရားသခင် က၊ ထိုသူငယ် နှင့် သင် ၏ ကျွန်မ ကြောင့် ၊ ဤအမှုခက် သည်ဟု မ ထင် နှင့်။ စာရာ ပြော လေရာရာ ၌ သူ ၏စကား ကို နားထောင် လော့။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုး တည် လိမ့်မည်။
But God said to Abraham, “Do not be distressed about the boy and your maidservant. Listen to everything that Sarah tells you, for through Isaac your offspring will be reckoned.
13 ၁၃ ကျွန်မ ၏သား သည် သင် ၏အမျိုး ဖြစ်သောကြောင့် ၊ သူ့ ကိုလည်း လူမျိုး ဖြစ် စေမည်ဟု အာဗြံဟံ အား မိန့် တော်မူ၏။
But I will also make a nation of the slave woman’s son, because he is your offspring.”
14 ၁၄ အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။
Early in the morning, Abraham got up, took bread and a skin of water, put them on Hagar’s shoulders, and sent her away with the boy. She left and wandered in the Wilderness of Beersheba.
15 ၁၅ ဘူး ၌ ရေ ကုန် သောအခါ ၊ သူငယ် ကို ချုံဖုတ် အောက် ၌ ထား ၍၊
When the water in the skin was gone, she left the boy under one of the bushes.
16 ၁၆ ငါသည်သူငယ်သေ သည်ကို မ မြင် လိုဟုဆို လျက် ၊ ခပ်ဝေးဝေး လေး တ ပစ်ခန့် လောက် သွားပြီးလျှင်၊ သူ ငယ်ရှေ့ မှာ ထိုင် ၍ နေလေ၏။ ထို သို့ထိုင် ၍ နေစဉ် သူ သည်အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
Then she went off and sat down nearby, about a bowshot away, for she said, “I cannot bear to watch the boy die!” And as she sat nearby, she lifted up her voice and wept.
17 ၁၇ ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။
Then God heard the voice of the boy, and the angel of God called to Hagar from heaven, “What is wrong, Hagar? Do not be afraid, for God has heard the voice of the boy where he lies.
18 ၁၈ ထ လော့။ လုလင် ကိုကြွ ၍ လက် နှင့်မ လော့။ ငါသည်သူ့ ကို လူမျိုး ကြီး ဖြစ် စေမည်ဟု ကောင်းကင် ထဲက ခေါ် ၍ ဟာဂရ အား မြွက်ဆို ၏။
Get up, lift up the boy, and take him by the hand, for I will make him into a great nation.”
19 ၁၉ ထိုအခါ ဘုရားသခင် သည် ဟာဂရ ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူသည်ရေ တွင်း ကို မြင် လေသော် ၊ သွား ၍ ဘူး ကို ရေ ဖြည့်ပြီးလျှင် ၊ လုလင် အား ရေ ကို တိုက် လေ၏။
Then God opened her eyes, and she saw a well of water. So she went and filled the skin with water and gave the boy a drink.
20 ၂၀ ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။
And God was with the boy, and he grew up and settled in the wilderness and became a great archer.
21 ၂၁ ပါရန် တော ၌ နေ သည်ဖြစ်၍ သူ့ အမိ သည် အဲဂုတ္တု ပြည် မှ မိန်းမ တယောက်ကိုခေါ်၍ သူ နှင့် စုံဘက် စေ၏။
And while he was dwelling in the Wilderness of Paran, his mother got a wife for him from the land of Egypt.
22 ၂၂ ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။
At that time Abimelech and Phicol the commander of his army said to Abraham, “God is with you in all that you do.
23 ၂၃ သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။
Now, therefore, swear to me here before God that you will not deal falsely with me or my children or descendants. Show to me and to the country in which you reside the same kindness that I have shown to you.”
24 ၂၄ အာဗြဟံ ကလည်း ၊ ထိုအတိုင်းငါ ကျိန် ဆိုပါမည်ဟု ပြန်ပြော လေ၏။
And Abraham replied, “I swear it.”
25 ၂၅ အဘိမလက် မင်း၏ ကျွန် တို့သည် အနိုင် အထက်လုယူသော ရေ တွင်း အကြောင်းကြောင့် ၊ အာဗြဟံ သည် လည်း အဘိမလက် မင်းကို အပြစ်တင် လေ၏။
But when Abraham complained to Abimelech about a well that Abimelech’s servants had seized,
26 ၂၆ အဘိမလက် မင်းကလည်း ၊ ဤ အမှု ကို အဘယ်သူ ပြု သည်ကို ငါမ သိ။ သင် သည်ငါ့ ကို မ ပြော။ ငါ လည်း ယနေ့ တိုင်အောင် မ ကြား ရဟု ဆို ၏။
Abimelech replied, “I do not know who has done this. You did not tell me, so I have not heard about it until today.”
27 ၂၇ အာဗြဟံ သည်လည်း သိုး ၊ နွား တို့ကို ယူ ပြီးလျှင် ၊ အဘိမလက် အား ပေး ၍ ထို နှစ် ပါးတို့သည် ပဋိညာဉ် ပြု ကြ ၏။
So Abraham brought sheep and cattle and gave them to Abimelech, and the two men made a covenant.
28 ၂၈ အာဗြဟံ သည်လည်း သိုးသငယ် မ ခုနစ် ကောင် တို့ကို သိုး စုနှင့်ခွဲ ထားလေ၏။
Abraham separated seven ewe lambs from the flock,
29 ၂၉ အဘိမလက် ကလည်း ၊ ခွဲ ထားသော ဤ သိုးသငယ် မခုနစ် ကောင်တို့သည်၊ အဘယ်သို့ နည်းဟုမေး သော်၊
and Abimelech asked him, “Why have you set apart these seven ewe lambs?”
30 ၃၀ အာဗြဟံ က၊ ဤ ရေ တွင်းကို ငါတူး ပြီးဟု ဤသိုးသငယ် မခုနစ် ကောင်တို့သည် ငါ့ ဘက် ၌ သက်သေ ဖြစ် မည် အကြောင်း သူတို့ကို သင်သည်ငါ့ လက် မှ ခံ ယူရမည်ဟု ဆို လေ၏။
He replied, “You are to accept the seven ewe lambs from my hand as my witness that I dug this well.”
31 ၃၁ သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။
So that place was called Beersheba, because it was there that the two of them swore an oath.
32 ၃၂ ထိုသို့ ဗေရရှေဘ အရပ်၌ ပဋိညာဉ် ပြု ကြ၏။ အဘိမလက် နှင့် ဗိုလ်ချုပ် မင်း ဖိကောလ တို့သည်ထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် ကြ၏။
After they had made the covenant at Beersheba, Abimelech and Phicol the commander of his army got up and returned to the land of the Philistines.
33 ၃၃ အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
And Abraham planted a tamarisk tree in Beersheba, and there he called upon the name of the LORD, the Eternal God.
34 ၃၄ ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။
And Abraham resided in the land of the Philistines for a long time.