< ကမ္ဘာဦး 20 >
1 ၁ တဖန် အာဗြဟံ သည် တောင် ပြည် သို့ ခရီးသွား သဖြင့် ၊ ကာဒေရှ မြို့နှင့် ရှုရ မြို့စပ်ကြား မှာနေ ၍ ၊ ဂေရာ မြို့ သို့ တည်းခို ၏။
၁အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
2 ၂ ထိုအခါ မိမိ မယား စာရာ သည် မိမိ နှမ ဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံ ဆို သောကြောင့် ၊ ဂေရာ မင်းကြီး အဘိမလက် သည် မိမိလူကို စေလွှတ် ၍ ၊ စာရာ ကို ယူ စေ၏။
၂သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
3 ၃ ညဉ့် အချိန်တွင် အိပ်မက် အားဖြင့် ဘုရားသခင် သည် အဘိမလက် ဆီသို့ ကြွလာ ၍ ၊ သင် သည် လူ သေ ဖြစ်၏။ အကြောင်း မူကား၊ သင်ယူ သော မိန်းမ သည် သူ့ မယားဖြစ်၏ဟု မိန့် တော်မူ၏။
၃ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
4 ၄ အဘိမလက် သည်၊ ထိုမိန်းမ နှင့် မ ပေါင်းဘော် သေးသည်ဖြစ်၍ ၊ အိုဘုရား ရှင်၊ ဖြောင့်မတ် သော လူမျိုး ကို ကွပ်မျက် တော်မူမည်လော။
၄သို့ရာတွင်အဘိမလက်သည် သူမအနီးသို့ မချဉ်းကပ်သေး။ သူက``ထာဝရဘုရား၊ အကျွန်ုပ် သည်အပြစ်ကင်းပါ၏။ အကျွန်ုပ်နှင့်အကျွန်ုပ်၏ လူမျိုးကိုဖျက်ဆီးမည်လော။-
5 ၅ သူ သည် ငါ နှမ ဖြစ်၏ဟု အကျွန်ုပ် အား ယောက်ျား ဆို သည် မဟုတ် ပါလော။ အကျွန်ုပ်အား သူ သည်ငါ့ မောင် ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလော။ ဖြောင့်မတ် သော သဘော ရှိ၍ သန့်ရှင်း သော လက် နှင့် ဤ အမှုကို အကျွန်ုပ် ပြု ပါပြီဟု လျှောက်ဆို ၏။
၅အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
6 ၆ ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။
၆အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
7 ၇ ယခု မှာ သူ ၏မယား ကို သူ့အားပြန် ပေးလော့။ သူ သည် ပရောဖက် ဖြစ်၏။ သင့် အဘို့ ဆုတောင်း လျက် ၊ သင်သည် အသက် ချမ်းသာရလိမ့်မည်။ ပြန် ၍ မ ပေးဘဲ နေလျှင် သင် မှစ၍ သင် နှင့်ဆိုင် သော သူအပေါင်း တို့ သည် ဧကန် အမှန်သေ မည်ဟု မိန့် တော်မူ၏။
၇ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
8 ၈ နံနက် စောစောအဘိမလက် သည် ထ ၍ ၊ မိမိ ကျွန် အပေါင်း တို့ကိုခေါ် ပြီးမှ အမှု အရာအလုံးစုံ ကို ပြော သဖြင့် ၊ ထို သူတို့သည် အလွန် ကြောက် ကြ၏။
၈နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။-
9 ၉ အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။
၉ထိုနောက်အဘိမလက်သည်အာဗြဟံကိုခေါ် ၍``သင်သည် ငါတို့အားအဘယ်သို့ပြုဘိသနည်း။ သင့်ကိုငါဘယ်ကဲ့သို့ပြစ်မှားမိခဲ့သဖြင့် သင် သည်ငါနှင့်တကွငါ၏နိုင်ငံကိုဘေးဒုက္ခဆိုက် ရောက်စေပါသနည်း။ သင်သည် ငါ့အားမပြုအပ် သည့်အမှုကိုပြုပါသည်တကား။-
10 ၁၀ တဖန် အဘိမလက် က၊ သင်သည် အဘယ် အမှုကို မြင် ၍ ဤ သို့ပြု သနည်းဟု အာဗြဟံ ကိုမေး လျှင်၊
၁၀အဘယ်ကြောင့်သင်ဤသို့ပြုပါသနည်း'' ဟု မေးလေသည်။
11 ၁၁ အာဗြဟံ က၊ ဤ အရပ် သားတို့သည် ဘုရားသခင် ကို မ ကြောက် ၊ အကျွန်ုပ် ၏မယား အတွက် အကျွန်ုပ် ကို သတ် ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။
၁၁အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
12 ၁၂ သို့သော်လည်း သူ သည်အကျွန်ုပ် နှမ မှန် ပါ ၏။ အကျွန်ုပ် အဘ ၏သမီး ဖြစ်၏။ အမိ ၏သမီး မ ဟုတ်။ အကျွန်ုပ် မယား လည်း ဖြစ် ပါ၏။
၁၂စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
13 ၁၃ ဘုရားသခင် သည် အကျွန်ုပ် ကိုအဘ ၏ အိမ် မှ ခေါ်၍ လည် စေတော်မူသောအခါ ၊ အကျွန်ုပ် က၊ သင် သည် ငါ ၌ ပြု ရသောကျေးဇူး ဟူမူကား ၊ ငါသည် သင်၏မောင် ဖြစ် ကြောင်းကို ရောက်လေရာရာ ၌ ပြော ရမည်ဟု၊ မယား ကို မှာ ထားပါသည်ဟု ပြန်ပြောလေ၏။
၁၃သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။
14 ၁၄ ထိုအခါ အဘိမလက် သည်၊ သိုး ၊ နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုယူ ၍ အာဗြဟံ အား ပေး လေ ၏။ မယား စာရာ ကို လည်း ပြန် ပေး၏။
၁၄ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
15 ၁၅ အဘိမလက် ကလည်း ၊ ငါ့ မြေ သည် သင့် ရှေ့ မှာ ရှိ၏။ အလို ရှိသည်အတိုင်း နေ ပါဟု အမိန့် ရှိ၏။
၁၅အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
16 ၁၆ စာရာ ကို လည်း သင် နှင့် သင့်အပေါင်း အဘော်တို့ အဘို့ မျက်နှာ ဖုံး များကို ဝယ်စရာဖို့ သင် ၏မောင် အား ငွေ တထောင် ကို ငါပေး ပြီဟု အမိန့် ရှိသဖြင့် သူသည် လည်း အရာရာ ၌ အဆုံး အမခံရ၏။
၁၆ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
17 ၁၇ အာဗြဟံ သည်လည်း၊ ဘုရားသခင် ကို ဆုတောင်း ၍ ၊ ဘုရားသခင် သည် အဘိမလက် နှင့် သူ ၏ မယား ၊ သူ ၏ကျွန် မတို့ကို အနာ ပျောက်စေတော်မူသဖြင့် ၊ သူတို့သည် သား ကိုဘွားကြ၏။
၁၇အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
18 ၁၈ အထက်က အာဗြံဟံ ၏ မယား စာရာ ကြောင့် ထာဝရဘုရား သည် အဘိမလက် ၏အိမ်သူ ၊ မိန်းမတယောက် မျှ ပဋိသန္ဓေ မယူစေခြင်းငှါ စီရင် တော်မူသတည်း။
၁၈