< ကမ္ဘာဦး 2 >
1 ၁ ထိုသို့ ကောင်းကင် မြေကြီး နှင့်တကွ ခပ်သိမ်း သော တန်ဆာ တို့သည် ပြီးစီး လျက်ရှိကြ၏။
The creation of the heavens, the earth, and everything in them was complete.
2 ၂ သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။
By the time the seventh day came, God had finished the work he'd done, and he rested on the seventh day from all the work he'd been doing.
3 ၃ ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။
God blessed the seventh day, and set it apart as holy, because he rested from all the work he'd done in creation.
4 ၄ ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။
This is the account of the Lord God's creation when he made the heavens and the earth.
5 ၅ မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊
Up to this point there were no wild plants or crops growing on the earth, because the Lord God hadn't sent rain, and there was no one to cultivate the ground.
6 ၆ မြေ မှ အခိုး အငွေ့ထွက် သဖြင့် မြေ တပြင်လုံးကို စို စေလေ၏။
Dew came up from the earth and made the whole surface of the ground wet.
7 ၇ ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
The Lord God shaped the man Adam from the dust of the ground. He breathed into his nostrils the breath of life, and Adam became a living being.
8 ၈ ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။
The Lord planted a garden in Eden, in the east. There he put the man Adam he had created.
9 ၉ ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။
The Lord God made all kinds of trees grow in the garden, beautiful trees and trees producing fruit that's good to eat. The tree of life was in the middle of the garden, along with the tree of the knowledge of good and evil.
10 ၁၀ ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။
A river flowed out from Eden to water the garden. From there it split into four branches.
11 ၁၁ ပဌမ မြစ်ကား ဖိရုန် အမည် ရှိ၏။ ထို မြစ်သည် ရွှေ ရှိသော ဟာဝိလ ပြည် နား တရှောက်လုံး ကို စီးသွား လေ၏။
The first branch was called the Pishon and it flowed through the whole land of Havilah, where gold is found.
12 ၁၂ ထို ပြည် မှဖြစ်သောရွှေ သည် ကောင်း လှ၏။
(The gold from that land is pure. Bdellium and onyx stone are also found there.)
13 ၁၃ ဗဓေလသစ်စေး နှင့် ရှဟံ ကျောက် လည်းရှိ၏။ ဒုတိယ မြစ်ကား ဂိဟုန် အမည် ရှိ၏။ ထိုမြစ် သည် ကုရှ ပြည် နား တရှောက်လုံး ကို စီးသွားလေ၏။
The second branch was called the Gihon and it flowed through the whole land of Cush.
14 ၁၄ တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။
The third branch was called the Tigris and it flowed east of the city of Asshur. The fourth branch was called the Euphrates.
15 ၁၅ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကိုယူ ၍ ဧဒင် ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါထား တော်မူ၏။
The Lord God put the man in the Garden of Eden to cultivate it and care for it.
16 ၁၆ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။
The Lord God ordered Adam, “You are free to eat fruit from every tree in the garden,
17 ၁၇ ထို အပင် ၏ အသီးကိုကား မ စား ရ။ စား သောနေ့ တွင် ဧကန်အမှန်သေ ရမည်ဟု လူ ကို ပညတ် ထားတော်မူ၏။
but you must not eat from the tree of the knowledge of good and evil, because the day you eat from it you are certain to die.”
18 ၁၈ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း ၊ သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။
Then the Lord God said, “It's not good for Adam to be alone. I will make someone to help him, someone that's like him.”
19 ၁၉ ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။
The Lord God used the ground to make all the wild animals, and all the birds. He took them all to Adam to see what he would call them, and Adam named every living creature.
20 ၂၀ ထိုသို့ လူ သည် သားယဉ် အပေါင်း တို့ကို ၎င်း ၊ မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို ၎င်း ၊ သားရဲ အပေါင်း တို့ကို ၎င်း၊ အမည်ပေး ၍မှည့်လေ၏။ သို့သော်လည်း လူ နှင့် တော် သော အထောက် အမ မ ပေါ် မရှိသေး၊
Adam gave names to all the livestock, all the birds, and all the wild animals. But Adam didn't find anyone like him who could help him.
21 ၂၁ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။
So the Lord God put Adam into a deep sleep and as he slept the Lord God removed one of Adam's ribs and closed up the place where he took it with body tissue.
22 ၂၂ ထာဝရ အရှင်ဘုရား သခင်သည် လူ ထဲက ထုတ် သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍ လူ ရှိရာသို့ ဆောင် ခဲ့ တော်မူ၏။
The Lord God made a woman, using the rib he'd taken from Adam, and presented her to Adam.
23 ၂၃ လူ ကလည်း ၊ ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ၊ ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။
“Finally!” said Adam. “Here is bone from my bone and flesh from my flesh. She shall be called woman, because she was taken out of man.”
24 ၂၄ ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။
This is the reason a man leaves his father and mother and is joined to his wife, and the two become one being.
25 ၂၅ ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။
Adam and his wife Eve were both naked, but they weren't embarrassed about it.