< ကမ္ဘာ​ဦး 19 >

1 ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊
A AHIAHI iho la, hiki aku la na anela elua ma Sodoma: a noho iho la o Lota ma ka ipuka o Sodoma: ike aku la o Lota, ku ae la ia e halawai me lakou, a kulou iho la kona mau maka ilalo ma ka honua;
2 အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
I aku la, E kuu mau haku, ke noi aku nei au ia olua, e kipa mai olua maloko o ka hale o ka olua kauwa nei, e moe no a ao ka po, a e holoi i ko olua wawae, a kakahiaka nui e ala'e olua a e hele aku. I mai la laua, Aole, e moe no maua ma ke alanui a ao ka po.
3 ကျပ်ကျပ် သွေးဆောင် သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ ၏အိမ် သို့ ဝင် ကြ၏။ လောတ လည်း သူ တို့အဘို့ ပွဲ လုပ်၍ တဆေးမပါသော မုန့် ကို ပေါင်း ပြီးမှသူတို့သည်စား ကြ၏။
Koi ikaika aku la ia ia laua; a kipa ae la laua io na la, a komo aku la iloko o kona hale; a hana iho no ia i ahaaina na laua, pulehu iho la i ka palaoa huole, a ai iho la laua.
4 ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊
Aole laua i moe iho, a o na kanaka o ke kulanakauhale, o na kanaka o Sodoma, o ka poe kahiko a me ka poe hou, o na kanaka a pau mai o a o, hoopuni mai la lakou i ka hale:
5 လောတ ကို ဟစ် ခေါ်လျက် ယနေ့ည မှာ သင့် အိမ်သို့ ဝင် သော လူ တို့သည် အဘယ် မှာရှိသနည်း။ ထိုသူ တို့နှင့်ငါတို့သည် ဆက်ဆံ လိုသည် ဖြစ်၍ ငါ တို့ထံသို့ ထွက် စေလော့ဟု ဆို ကြ၏။
Kahea mai la lakou ia Lota, i mai la ia ia, Auhea na kanaka i hele mai i ou la i keia po? E kai mai ia laua iwaho io makou nei, i ike makou ia laua.
6 လောတ သည်လည်း၊ တံခါး ပြင် မှာ သူ တို့ထံသို့ ထွက် ၍ ၊ မိမိ နောက် ၌ တံခါးကို ပိတ် ပြီးလျှင်၊
Hele aku la o Lota iwaho ma ka puka io lakou la; a papani ae la i ka puka mahope ona.
7 ညီအစ်ကို တို့၊ အဓမ္မ အမှုကို ဤ မျှလောက်မ ပြုကြပါနှင့်။
I aku la, E na hoahanau, ke nonoi aku nei au ia oukou, mai hana hewa oukou.
8 အကျွန်ုပ် ၌ ယောက်ျား နှင့် မ ဆက်ဆံ သော သမီး နှစ် ယောက်ရှိပါ၏။ သူ တို့ကို သင် တို့ထံသို့ ထုတ် ရသောအခွင့်ကိုပေးကြပါလော့။ သူ တို့၌ ပြု ချင် သမျှပြုကြပါလော့။ ဤလူ တို့ ၌ အလျှင်မ ပြု ကြပါနှင့်။ အကြောင်းမူကား၊ သူ တို့သည် အကျွန်ုပ် အိမ် မိုးအရိပ် ကို ခို နေပါ၏ဟု တောင်းပန်သော်လည်း၊
Eia hoi ia'u na kaikamahine elua i ike ole i ke kane; e ae mai oukou ia'u e lawe mai ia laua iwaho io oukou nei, a e hana aku oukou ia laua i ka mea pono ma ko oukou maka: aka, mai hana aku oukou i kekahi mea i keia mau kanaka; no ka mea, nolaila laua i hele mai nei ma ka malumalu o kuu hale.
9 သူတို့က ဆုတ် လော့ဟုဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခို ခြင်းငှာ သာရောက် လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခု မှာ ထို သူတို့၌ ပြု သည်ထက် ၊ သင် ၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတ ကို ကျပ်ကျပ် ဖိ ၍ တံခါး ကိုလည်း ပေါက် ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်း လာကြ၏။
I mai la lakou, E hookaawale oe. I ae la hoi lakou, I hele mai no oia nei e noho wale maanei, a e lilo ana ka ia i lunakanawai: ano hoi, e oi aku ka makou hana ino ana ia oe i ko laua la. A hookeke nui mai la lakou i ua kanaka nei, ia Lota, a neenee mai la e wawahi i ka pani puka.
10 ၁၀ ထိုအခါ ကောင်းကင်တမန်တို့သည် လက် ကိုဆန့် ၍ လောတ ကို မိမိ တို့နေရာအိမ် အတွင်း သို့ ဆွဲ သွင်း ပြီးလျှင် တံခါး ကို ပိတ် ကြ၏။
Aka, lalau aku la ua mau kanaka la ia Lota, a huki mai laua ia ia iloko o ka hale io laua la, a papani aku la i ka puka.
11 ၁၁ အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။
Hoomakapo iho la laua i ka poe kanaka iwaho o ka puka o ka hale, i na mea uuku a me na mea nui: a hoopauaho lakou ia lakou iho i ka imi i ka puka.
12 ၁၂ ကောင်းကင်တမန်တို့ကလည်း၊ ဤ အရပ်၌ သင် နှင့် ဆိုင်သောသူ ရှိ သေးသလော။ သားသမီး ၊ သမက် ၊ မြို့ ထဲမှာ သင် ၌ ရှိသမျှ ကို ဤအရပ် က ထုတ် ဆောင် လော့။
I mai la laua ia Lota, Aole anei ia oe kekahi poe e ae maanei? o ka hunonakane paha, o na keikikane au, a me au mau kaikamahine, a o na mea a pau ia oe, e laweia'ku iwaho o keia wahi:
13 ၁၃ ဤ အရပ် ကို ငါ တို့သည် ဖျက်ဆီး ရမည်။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့ တော်မှာ အလွန် ကြွေးကြော် ခြင်းရှိသည်ဖြစ်၍ ၊ ဖျက်ဆီး စေခြင်းငှါ ထာဝရဘုရား သည် ငါ တို့ကို စေလွှတ် တော်မူပြီဟု လောတ အား ပြော ဆိုကြ၏။
No ka mea, e luku aku maua i keia wahi, no ka nui loa ae o ka leo no lakou, imua o ke alo o Iehova; a ua hoouna mai no o Iehova ia maua e luku aku ia wahi.
14 ၁၄ လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
Hele aku la o Lota iwaho, olelo aku la i kona mau hunonakane i mare me na kaikamahine ana, i aku la, E ala'e, e holo aku iwaho o keia wahi; no ka mea, e luku mai ana o Iehova i neia kulanakauhale. Aka, ua like ia i ka manao o na hunonakane me ka mea hoomaewaewa.
15 ၁၅ မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
I ka wanaao, hoolalelale ua mau anela la ia Lota, i mai la, E ala ae, e lawe i kau wahine, a me kau mau kaikamahine elua maanei, o pau auanei oe iloko o ka make o ko ke kulanakauhale.
16 ၁၆ သူသည်ဖင့်နွှဲ သောအခါ ထာဝရဘုရား သနား တော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူ နှင့် သူ ၏ မယား ၊ သူ ၏သမီး နှစ် ယောက်တို့ကို လက် ဆွဲ ၍ မြို့ ပြင် သို့ ထုတ် ဆောင်ကြ၏။
Ia ia i hookaulua ai, lalau aku la ua mau kanaka la i kona lima, me ka lima o kana wahine, a me ka lima o kana mau kaikamahine elua; ahonui mai la o Iehova ia ia: alakai aku la laua ia ia, a hookuu aku la iwaho o ke kulanakauhale.
17 ၁၇ ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
I ka wa i alakai aku ai laua ia lakou iwaho o ke kulanakauhale, alaila i mai la ia, E holo i pakele kou ola; mai nana i hope ou, mai kali oe ma neia wahi papu a pau; e holo i ka mauna, o make oe.
18 ၁၈ လောတ ကလည်း ၊ အကျွန်ုပ် သခင် ထိုသို့မ ဆိုပါနှင့်။
I aku la o Lota ia laua, Auwe! e kuu Haku, aole pela.
19 ၁၉ ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။
Eia hoi, ua loaa iho nei i kau kauwa ka lokomaikai imua o kou mau maka, a ua hoonui ae nei oe i kou aloha au i hoike mai ai ia'u i ka hoola ana mai ia'u, aole e hiki ia'u ke holo ma ka mauna, o loaa ia'u ka poino, a make au.
20 ၂၀ ကြည့် ပါ။ ထို မြို့ နီး ပါ၏၊ပြေး သာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထို အရပ်သို့ ပြေး ပါရစေ။ ထို မြို့သည် ငယ် သောမြို့မ ဟုတ်လော။ သို့ပြေးလျှင် အသက် ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
Eia ae ke kulanakauhale, e hiki koke ke holo malaila, a ua liilii hoi ia; ea, e ae mai ia'u e holo malaila, (aole anei ia he wahi liilii?) a e malamaia kuu ola.
21 ၂၁ ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
I mai la kela ia ia, Aia, ua hoolohe aku no au i keia mea hoi; aole au e luku aku ia kulanakauhale, no ka mea au i olelo mai ai.
22 ၂၂ ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
E wikiwiki oe e holo ilaila; no ka mea, aole e hiki ia'u ke hana i kekahi mea, a puka aku no oe ilaila. Nolaila, ua kapaia ka inoa o ia kulanakauhale, o i Zoara.
23 ၂၃ လောတ သည် ဇောရ မြို့သို့ ဝင် သောအခါ ၊ မြေကြီး ပေါ် မှာ နေ ထွက် ချိန်ဖြစ်သတည်း။
Ua puka mai ka la maluna o ka honua i ke komo ana o Lota iloko o Zoara.
24 ၂၄ ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
Alaila, hooua mai la o Iehova maluna o Sodoma i ka luaipele a me ke ahi mai o Iehova la, mai ka lani mai.
25 ၂၅ ထို မြို့ တို့ကို၎င်း ၊ ချိုင့်အရပ် တရှောက်လုံး ကို၎င်း၊ မြို့ သား အပေါင်း တို့ကို၎င်းမြေ ၌ ပေါက် သမျှကို၎င်း၊ မှောက် လဲတော်မူ၏။
Hookahuli iho la oia ia mau kulanakauhale, a me kahi papu a pau, a me na kanaka a pau o ua mau kulanakauhale la, a me na mea ulu ma ka honua.
26 ၂၆ လောတ ၏ မယား မူကား နောက် သို့ လှည့်ကြည့် ၍ ဆား တိုင် ဖြစ် လေ၏။
Aka, nana ae la kana wahine mahope ona, a lilo iho la ia i kukulu paakai.
27 ၂၇ နံနက် စောစောအာဗြဟံ သည် ထ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေသောအရပ် သို့ သွားပြီးလျှင်၊
Ala ae la o Aberahama i kakahiaka nui, a hoi hou aku la ia i kahi ana i ku ai imua o Iehova:
28 ၂၈ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။
Nana aku la ia ma Sodoma a me Gomora, a ma ka aina papu a pau, ike aku la ia, aia hoi, pii ae la ka uahi o ia aina iluna, e like me ka punohu o ka lua ahi.
29 ၂၉ ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
A i ka wa a ke Akua i luku ai i na kulanakauhale o ka papu, hoomanao iho la no ke Akua ia Aberahama, a hoopakele ae la ia Lota maiwaena aku o ka hookahuli ana, ia ia i hookahuli ai i na kulanakauhale kahi a Lota i noho ai.
30 ၃၀ လောတ သည် ဇောရ မြို့မှ ထွက် ၍ ၊ သမီး နှစ် ယောက်နှင့်တကွ တောင် ပေါ် မှာနေ ၏။ ဇောရ မြို့၌ မ နေ ဝံ့၍ ၊ သမီး နှစ် ယောက်နှင့်တကွ ဥမှင် ၌ နေ ၏။
Pii ae la o Lota mailoko aku o Zoara, a noho iho la ma ka mauna, a me ia pu na kaikamahine ana elua; no ka mea, makau iho la ia ke noho ma Zoara: noho no ia ma kekahi ana, oia a me kana mau kaikamahine elua.
31 ၃၁ သမီးအကြီး က၊ ငါ တို့အဘ အို ပြီး မြေကြီး သား အပေါင်း တို့၏ ဘာသာအတိုင်း ငါ တို့ထံသို့ဝင်ရသောယောက်ျား တယောက် မျှ မြေပေါ်မှာ မရှိ။
I aku la ka hanau mua i kona kaikaina, Ea, ua elemakule ko kana makuakane, aole hoi he kanaka ma ka honua nei a pau nana e komo mai io kaua nei, e like me ka nana ana a ko ka honua nei:
32 ၃၂ လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။
Ina kaua, o hooinu kaua i ko kaua makuakane i ka waina, a e moe kaua me ia, i malama ai kana i hua na ko kaua makuakane.
33 ၃၃ ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
Hooinu laua ia po i ko laua makuakane i ka waina: a komo aku la ka hanau mua iloko, a moe iho la me kona makuakane: aole nae i ike kela i kona wa i moe iho ai, aole hoi kona wa i ala'i.
34 ၃၄ နက်ဖြန် နေ့တွင် အကြီး ကလည်း မနေ့ ညမှာ ငါသည် အဘ နှင့် အိပ် လေပြီ။ ယနေ့ည တဖန် သူ့ ကို စပျစ်ရည် တိုက် ကြစို့။ သင်သည်ဝင် ၍ အဘ ၏အမျိုးအနွယ် ကို စောင့် မခြင်းငှါ ၊ သူ နှင့် အိပ် လော့ဟု ညီမ ကို ပြော ဆို၏။
A ia la ae, i aku la ka hanau mua i ke kaikaina, Aia hoi, moe iho no au me kuu makuakane i ka po nei: e hooinu kaua ia ia i ka waina i keia po no hoi; a e komo aku oe iloko, e moe me ia, i malama ai kana i hua na ko kana makuakane.
35 ၃၅ ထို နေ့ည၌လည်း သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင်၊ အငယ် သည်ဝင် ၍ အဘ နှင့် အိပ် လေ၏။ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘမ သိ။
Hooinu laua i ko laua makuakane i ka waina ia po no hoi: a ku ae la ke kaikaina, a moe iho la me ia; aole kela i ike i kona wa i moe iho ai, aole hoi i kona wa i ala ai.
36 ၃၆ ထိုသို့ လောတ ၏ သမီး နှစ် ယောက်တို့သည်၊ မိမိ အဘ အားဖြင့် ပဋိသန္ဓေ စွဲနေ၏။
Hapai na kaikamahine elua a Lota na ko laua makuakane.
37 ၃၇ သမီးအကြီး သည် သား ကို ဘွား ၍ မောဘ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောမောဘ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
Hanau mai la ka mua i keikikane, a kapa iho la i kona inoa o Moaba: oia ke kupuna o ka Moaba a hiki i keia manawa.
38 ၃၈ သမီးအငယ် သည်လည်း သား ကိုဘွား ၍ ဗေနမ္မိ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောအမ္မုန် အမျိုးသား တို့၏ အဘ ဖြစ်သတည်း။
A hanau mai la hoi ka muli iho i keikikane, a kapa iho la i kona inoa o Benami: oia ke kupuna o ka Amona a hiki i keia manawa.

< ကမ္ဘာ​ဦး 19 >