< ကမ္ဘာဦး 18 >
1 ၁ ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
Then the LORD appeared to Abraham by the Oaks of Mamre in the heat of the day, while he was sitting at the entrance of his tent.
2 ၂ မြော် ကြည့် ၍ ၊ မိမိ ရှေ့ မှာ လူ သုံး ယောက် ရပ် နေကြသည်ကို မြင် သောအခါ ၊ ခရီးဦးကြိုပြု ခြင်းငှါ တဲ တံခါးဝ မှ ပြေး ၍ မြေ သို့ ဦးညွတ် ချလျက်၊
And Abraham looked up and saw three men standing nearby. When he saw them, he ran from the entrance of his tent to meet them and bowed low to the ground.
3 ၃ အကျွန်ုပ်သခင် ၊ ရှေ့ တော်၌ အကျွန်ုပ်သည် မျက်နှာ ရလျှင် ကိုယ်တော် ကျွန် မှ လွန် ၍ မ သွားပါနှင့်။
“My lord,” said Abraham, “if I have found favor in your sight, please do not pass your servant by.
4 ၄ ရေ အနည်းငယ် ကို ယူ ခဲ့ပါရစေ။ ခြေ ကို ဆေး ပြီးလျှင် သစ်ပင် အောက် ၌ လျောင်း နေကြပါလော့။
Let a little water be brought, that you may wash your feet and rest yourselves under the tree.
5 ၅ မုန့် အနည်းငယ် ကိုလည်း ယူ ခဲ့ပါမည်။ အမောအပန်း ပြေသောအခါ သွား ကြပါလော့။ ထိုသို့ သော ကျေးဇူးတော်ကိုခံ စေခြင်းငှါ၊ ကိုယ်တော် ကျွန် ရှိရာသို့ ရောက် ပါပြီဟုဆို၏။ ထိုသူတို့ကလည်း ၊ ပြော သည်အတိုင်း ပြု ပါလော့ဟုဆို ကြ၏။
And I will bring a bit of bread so that you may refresh yourselves. This is why you have passed your servant’s way. After that, you may continue on your way.” “Yes,” they replied, “you may do as you have said.”
6 ၆ အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
So Abraham hurried into the tent and said to Sarah, “Quick! Prepare three seahs of fine flour, knead it, and bake some bread.”
7 ၇ တဖန် နွား စုသို့ ပြေး ၍ နုထွား ကောင်းမွန်သော နွားသငယ် ကို ယူခဲ့၍၊ လုလင် ၌ အပ် သဖြင့် မြန်မြန် ပြင်ဆင် စေ ၏။
Meanwhile, Abraham ran to the herd, selected a tender and choice calf, and gave it to a servant, who hurried to prepare it.
8 ၈ ထိုနောက် နို့ နှင့် နို့ဓမ်း ကို၎င်း၊ ပြင်ဆင် သော နွား သငယ် ကို၎င်း ယူ ၍၊ ထိုသူ တို့ရှေ့ ၌ ထည့် ပြီးလျှင် ၊ သစ်ပင် အောက် ၊ သူ တို့အနား မှာရပ် နေ၍ ၊ သူတို့သည် စား ကြ၏။
Then Abraham brought curds and milk and the calf that had been prepared, and he set them before the men and stood by them under the tree as they ate.
9 ၉ ပြီး သောအခါ၊ သင် ၏ မယား စာရာ သည် အဘယ် မှာရှိသနည်းဟုမေး ကြလျှင်၊ တဲ အတွင်း ၌ ရှိပါသည်ဟု ပြန် ပြော၏။
“Where is your wife Sarah?” they asked. “There, in the tent,” he replied.
10 ၁၀ ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
Then the LORD said, “I will surely return to you at this time next year, and your wife Sarah will have a son!” Now Sarah was behind him, listening at the entrance to the tent.
11 ၁၁ ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
And Abraham and Sarah were already old and well along in years; Sarah had passed the age of childbearing.
12 ၁၂ ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။
So she laughed to herself, saying, “After I am worn out and my master is old, will I now have this pleasure?”
13 ၁၃ သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
And the LORD asked Abraham, “Why did Sarah laugh and say, ‘Can I really bear a child when I am old?’
14 ၁၄ ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
Is anything too difficult for the LORD? At the appointed time I will return to you—in about a year—and Sarah will have a son.”
15 ၁၅ စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
But Sarah was afraid, so she denied it and said, “I did not laugh.” “No,” replied the LORD, “but you did laugh.”
16 ၁၆ ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။
When the men got up to leave, they looked out over Sodom, and Abraham walked along with them to see them off.
17 ၁၇ ထာဝရဘုရား ကလည်း ၊ ငါ ပြု မည်အမှုကို အာဗြဟံ အား မဘော်မပြဘဲ ဝှက် ထားရမည်လော။
And the LORD said, “Shall I hide from Abraham what I am about to do?
18 ၁၈ အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
Abraham will surely become a great and powerful nation, and through him all the nations of the earth will be blessed.
19 ၁၉ အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
For I have chosen him, so that he will command his children and his household after him to keep the way of the LORD by doing what is right and just, in order that the LORD may bring upon Abraham what He has promised.”
20 ၂၀ တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
Then the LORD said, “The outcry against Sodom and Gomorrah is great. Because their sin is so grievous,
21 ၂၁ ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
I will go down to see if their actions fully justify the outcry that has reached Me. If not, I will find out.”
22 ၂၂ ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။
And the two men turned away and went toward Sodom, but Abraham remained standing before the LORD.
23 ၂၃ ထိုအခါ အာဗြဟံ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ် သောသူတို့ ကို၊ မတရား သောသူတို့ နှင့်တကွ ဖျက်ဆီး တော်မူမည်လော။
Abraham stepped forward and said, “Will You really sweep away the righteous with the wicked?
24 ၂၄ ထိုမြို့ တွင် ဖြောင့်မတ် သောသူငါး ဆယ်ရှိ လျှင် ၊ ဖျက်ဆီး တော်မူမည်လော။ ဖြောင့်မတ် သောသူ ငါး ဆယ်ပါသောမြို့ကို သူ တို့အတွက် မ နှမြော ဘဲ ဖျက်ဆီးတော်မူ မည်လော။
What if there are fifty righteous ones in the city? Will You really sweep it away and not spare the place for the sake of the fifty righteous ones who are there?
25 ၂၅ ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
Far be it from You to do such a thing—to kill the righteous with the wicked, so that the righteous and the wicked are treated alike. Far be it from You! Will not the Judge of all the earth do what is right?”
26 ၂၆ ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။
So the LORD replied, “If I find fifty righteous ones within the city of Sodom, on their account I will spare the whole place.”
27 ၂၇ တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
Then Abraham answered, “Now that I have ventured to speak to the Lord—though I am but dust and ashes—
28 ၂၈ ဖြောင့်မတ် သောသူ ငါး ဆယ်တို့တွင် ငါး ယောက်မ ပြည့်လျှင် ၊ ထိုငါး ယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့ လုံး ကို ဖျက်ဆီး တော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထို မြို့၌ လေး ဆယ့်ငါး ယောက်ကို ငါတွေ့ လျှင် ၊ ငါမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
suppose the fifty righteous ones lack five. Will You destroy the whole city for the lack of five?” He replied, “If I find forty-five there, I will not destroy it.”
29 ၂၉ တဖန် တုံ၊ ထိုမြို့၌ လေး ဆယ်ကိုတွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထိုလေး ဆယ်အတွက် ငါမ ပြု ဘဲနေမည်ဟု မိန့် တော်မူ၏။
Once again Abraham spoke to the LORD, “Suppose forty are found there?” He answered, “On account of the forty, I will not do it.”
30 ၃၀ တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
Then Abraham said, “May the Lord not be angry, but let me speak further. Suppose thirty are found there?” He replied, “If I find thirty there, I will not do it.”
31 ၃၁ တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရ ဘုရားကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။ ထို မြို့၌ နှစ် ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ နှစ် ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
And Abraham said, “Now that I have ventured to speak to the Lord, suppose twenty are found there?” He answered, “On account of the twenty, I will not destroy it.”
32 ၃၂ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
Finally, Abraham said, “May the Lord not be angry, but let me speak once more. Suppose ten are found there?” And He answered, “On account of the ten, I will not destroy it.”
33 ၃၃ ထာဝရဘုရား သည် အာဗြံဟံ နှင့် နှုတ်ဆက် ခြင်း အမှုကုန်စင် ပြီးမှကြွ သွားတော်မူ၏။ အာဗြံဟံ သည် လည်း မိမိ နေရာ အရပ်သို့ ပြန် လေ၏။
When the LORD had finished speaking with Abraham, He departed, and Abraham returned home.