< ကမ္ဘာ​ဦး 18 >

1 ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
وَظَهَرَ لَهُ ٱلرَّبُّ عِنْدَ بَلُّوطَاتِ مَمْرَا وَهُوَ جَالِسٌ فِي بَابِ ٱلْخَيْمَةِ وَقْتَ حَرِّ ٱلنَّهَارِ،١
2 မြော် ကြည့် ၍ ၊ မိမိ ရှေ့ မှာ လူ သုံး ယောက် ရပ် နေကြသည်ကို မြင် သောအခါ ၊ ခရီးဦးကြိုပြု ခြင်းငှါ တဲ တံခါးဝ မှ ပြေး ၍ မြေ သို့ ဦးညွတ် ချလျက်၊
فَرَفَعَ عَيْنَيْهِ وَنَظَرَ وَإِذَا ثَلَاثَةُ رِجَالٍ وَاقِفُونَ لَدَيْهِ. فَلَمَّا نَظَرَ رَكَضَ لِٱسْتِقْبَالِهِمْ مِنْ بَابِ ٱلْخَيْمَةِ وَسَجَدَ إِلَى ٱلْأَرْضِ،٢
3 အကျွန်ုပ်သခင် ၊ ရှေ့ တော်၌ အကျွန်ုပ်သည် မျက်နှာ ရလျှင် ကိုယ်တော် ကျွန် မှ လွန် ၍ မ သွားပါနှင့်။
وَقَالَ: «يَا سَيِّدُ، إِنْ كُنْتُ قَدْ وَجَدْتُ نِعْمَةً فِي عَيْنَيْكَ فَلَا تَتَجَاوَزْ عَبْدَكَ.٣
4 ရေ အနည်းငယ် ကို ယူ ခဲ့ပါရစေ။ ခြေ ကို ဆေး ပြီးလျှင် သစ်ပင် အောက် ၌ လျောင်း နေကြပါလော့။
لِيُؤْخَذْ قَلِيلُ مَاءٍ وَٱغْسِلُوا أَرْجُلَكُمْ وَٱتَّكِئُوا تَحْتَ ٱلشَّجَرَةِ،٤
5 မုန့် အနည်းငယ် ကိုလည်း ယူ ခဲ့ပါမည်။ အမောအပန်း ပြေသောအခါ သွား ကြပါလော့။ ထိုသို့ သော ကျေးဇူးတော်ကိုခံ စေခြင်းငှါ၊ ကိုယ်တော် ကျွန် ရှိရာသို့ ရောက် ပါပြီဟုဆို၏။ ထိုသူတို့ကလည်း ၊ ပြော သည်အတိုင်း ပြု ပါလော့ဟုဆို ကြ၏။
فَآخُذَ كِسْرَةَ خُبْزٍ، فَتُسْنِدُونَ قُلُوبَكُمْ ثُمَّ تَجْتَازُونَ، لِأَنَّكُمْ قَدْ مَرَرْتُمْ عَلَى عَبْدِكُمْ». فَقَالُوا: «هَكَذَا تَفْعَلُ كَمَا تَكَلَّمْتَ».٥
6 အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
فَأَسْرَعَ إِبْرَاهِيمُ إِلَى ٱلْخَيْمَةِ إِلَى سَارَةَ، وَقَالَ: «أَسْرِعِي بِثَلَاثِ كَيْلَاتٍ دَقِيقًا سَمِيذًا. ٱعْجِنِي وَٱصْنَعِي خُبْزَ مَلَّةٍ».٦
7 တဖန် နွား စုသို့ ပြေး ၍ နုထွား ကောင်းမွန်သော နွားသငယ် ကို ယူခဲ့၍၊ လုလင် ၌ အပ် သဖြင့် မြန်မြန် ပြင်ဆင် စေ ၏။
ثُمَّ رَكَضَ إِبْرَاهِيمُ إِلَى ٱلْبَقَرِ وَأَخَذَ عِجْلًا رَخْصًا وَجَيِّدًا وَأَعْطَاهُ لِلْغُلَامِ فَأَسْرَعَ لِيَعْمَلَهُ.٧
8 ထိုနောက် နို့ နှင့် နို့ဓမ်း ကို၎င်း၊ ပြင်ဆင် သော နွား သငယ် ကို၎င်း ယူ ၍၊ ထိုသူ တို့ရှေ့ ၌ ထည့် ပြီးလျှင် ၊ သစ်ပင် အောက် ၊ သူ တို့အနား မှာရပ် နေ၍ ၊ သူတို့သည် စား ကြ၏။
ثُمَّ أَخَذَ زُبْدًا وَلَبَنًا، وَٱلْعِجْلَ ٱلَّذِي عَمِلَهُ، وَوَضَعَهَا قُدَّامَهُمْ. وَإِذْ كَانَ هُوَ وَاقِفًا لَدَيْهِمْ تَحْتَ ٱلشَّجَرَةِ أَكَلُوا.٨
9 ပြီး သောအခါ၊ သင် ၏ မယား စာရာ သည် အဘယ် မှာရှိသနည်းဟုမေး ကြလျှင်၊ တဲ အတွင်း ၌ ရှိပါသည်ဟု ပြန် ပြော၏။
وَقَالُوا لَهُ: «أَيْنَ سَارَةُ ٱمْرَأَتُكَ؟» فَقَالَ: «هَا هِيَ فِي ٱلْخَيْمَةِ».٩
10 ၁၀ ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
فَقَالَ: «إِنِّي أَرْجِعُ إِلَيْكَ نَحْوَ زَمَانِ ٱلْحَيَاةِ وَيَكُونُ لِسَارَةَ ٱمْرَأَتِكَ ٱبْنٌ». وَكَانَتْ سَارَةُ سَامِعَةً فِي بَابِ ٱلْخَيْمَةِ وَهُوَ وَرَاءَهُ.١٠
11 ၁၁ ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
وَكَانَ إِبْرَاهِيمُ وَسَارَةُ شَيْخَيْنِ مُتَقَدِّمَيْنِ فِي ٱلْأَيَّامِ، وَقَدِ ٱنْقَطَعَ أَنْ يَكُونَ لِسَارَةَ عَادَةٌ كَٱلنِّسَاءِ.١١
12 ၁၂ ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။
فَضَحِكَتْ سَارَةُ فِي بَاطِنِهَا قَائِلَةً: «أَبَعْدَ فَنَائِي يَكُونُ لِي تَنَعُّمٌ، وَسَيِّدِي قَدْ شَاخَ؟».١٢
13 ၁၃ သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
فَقَالَ ٱلرَّبُّ لِإِبْرَاهِيمَ: «لِمَاذَا ضَحِكَتْ سَارَةُ قَائِلَةً: أَفَبِٱلْحَقِيقَةِ أَلِدُ وَأَنَا قَدْ شِخْتُ؟١٣
14 ၁၄ ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
هَلْ يَسْتَحِيلُ عَلَى ٱلرَّبِّ شَيْءٌ؟ فِي ٱلْمِيعَادِ أَرْجِعُ إِلَيْكَ نَحْوَ زَمَانِ ٱلْحَيَاةِ وَيَكُونُ لِسَارَةَ ٱبْنٌ».١٤
15 ၁၅ စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
فَأَنْكَرَتْ سَارَةُ قَائِلَةً: «لَمْ أَضْحَكْ». لِأَنَّهَا خَافَتْ. فَقَالَ: «لَا! بَلْ ضَحِكْتِ».١٥
16 ၁၆ ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။
ثُمَّ قَامَ ٱلرِّجَالُ مِنْ هُنَاكَ وَتَطَلَّعُوا نَحْوَ سَدُومَ. وَكَانَ إِبْرَاهِيمُ مَاشِيًا مَعَهُمْ لِيُشَيِّعَهُمْ.١٦
17 ၁၇ ထာဝရဘုရား ကလည်း ၊ ငါ ပြု မည်အမှုကို အာဗြဟံ အား မဘော်မပြဘဲ ဝှက် ထားရမည်လော။
فَقَالَ ٱلرَّبُّ: «هَلْ أُخْفِي عَنْ إِبْرَاهِيمَ مَا أَنَا فَاعِلُهُ،١٧
18 ၁၈ အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
وَإِبْرَاهِيمُ يَكُونُ أُمَّةً كَبِيرَةً وَقَوِيَّةً، وَيَتَبَارَكُ بِهِ جَمِيعُ أُمَمِ ٱلْأَرْضِ؟١٨
19 ၁၉ အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
لِأَنِّي عَرَفْتُهُ لِكَيْ يُوصِيَ بَنِيهِ وَبَيْتَهُ مِنْ بَعْدِهِ أَنْ يَحْفَظُوا طَرِيقَ ٱلرَّبِّ، لِيَعْمَلُوا بِرًّا وَعَدْلًا، لِكَيْ يَأْتِيَ ٱلرَّبُّ لِإِبْرَاهِيمَ بِمَا تَكَلَّمَ بِهِ».١٩
20 ၂၀ တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
وَقَالَ ٱلرَّبُّ: «إِنَّ صُرَاخَ سَدُومَ وَعَمُورَةَ قَدْ كَثُرَ، وَخَطِيَّتُهُمْ قَدْ عَظُمَتْ جِدًّا.٢٠
21 ၂၁ ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
أَنْزِلُ وَأَرَى هَلْ فَعَلُوا بِٱلتَّمَامِ حَسَبَ صُرَاخِهَا ٱلْآتِي إِلَيَّ، وَإِلَا فَأَعْلَمُ».٢١
22 ၂၂ ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။
وَٱنْصَرَفَ ٱلرِّجَالُ مِنْ هُنَاكَ وَذَهَبُوا نَحْوَ سَدُومَ، وَأَمَّا إِبْرَاهِيمُ فَكَانَ لَمْ يَزَلْ قَائِمًا أَمَامَ ٱلرَّبِّ.٢٢
23 ၂၃ ထိုအခါ အာဗြဟံ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ် သောသူတို့ ကို၊ မတရား သောသူတို့ နှင့်တကွ ဖျက်ဆီး တော်မူမည်လော။
فَتَقَدَّمَ إِبْرَاهِيمُ وَقَالَ: «أَفَتُهْلِكُ ٱلْبَارَّ مَعَ ٱلْأَثِيمِ؟٢٣
24 ၂၄ ထိုမြို့ တွင် ဖြောင့်မတ် သောသူငါး ဆယ်ရှိ လျှင် ၊ ဖျက်ဆီး တော်မူမည်လော။ ဖြောင့်မတ် သောသူ ငါး ဆယ်ပါသောမြို့ကို သူ တို့အတွက် မ နှမြော ဘဲ ဖျက်ဆီးတော်မူ မည်လော။
عَسَى أَنْ يَكُونَ خَمْسُونَ بَارًّا فِي ٱلْمَدِينَةِ. أَفَتُهْلِكُ ٱلْمَكَانَ وَلَا تَصْفَحُ عَنْهُ مِنْ أَجْلِ ٱلْخَمْسِينَ بَارًّا ٱلَّذِينَ فِيهِ؟٢٤
25 ၂၅ ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
حَاشَا لَكَ أَنْ تَفْعَلَ مِثْلَ هَذَا ٱلْأَمْرِ، أَنْ تُمِيتَ ٱلْبَارَّ مَعَ ٱلْأَثِيمِ، فَيَكُونُ ٱلْبَارُّ كَٱلْأَثِيمِ. حَاشَا لَكَ! أَدَيَّانُ كُلِّ ٱلْأَرْضِ لَا يَصْنَعُ عَدْلًا؟»٢٥
26 ၂၆ ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။
فَقَالَ ٱلرَّبُّ: «إِنْ وَجَدْتُ فِي سَدُومَ خَمْسِينَ بَارًّا فِي ٱلْمَدِينَةِ، فَإِنِّي أَصْفَحُ عَنِ ٱلْمَكَانِ كُلِّهِ مِنْ أَجْلِهِمْ».٢٦
27 ၂၇ တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
فَأَجَابَ إِبْرَاهِيمُ وَقَالَ: «إِنِّي قَدْ شَرَعْتُ أُكَلِّمُ ٱلْمَوْلَى وَأَنَا تُرَابٌ وَرَمَادٌ.٢٧
28 ၂၈ ဖြောင့်မတ် သောသူ ငါး ဆယ်တို့တွင် ငါး ယောက်မ ပြည့်လျှင် ၊ ထိုငါး ယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့ လုံး ကို ဖျက်ဆီး တော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထို မြို့၌ လေး ဆယ့်ငါး ယောက်ကို ငါတွေ့ လျှင် ၊ ငါမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
رُبَّمَا نَقَصَ ٱلْخَمْسُونَ بَارًّا خَمْسَةً. أَتُهْلِكُ كُلَّ ٱلْمَدِينَةِ بِٱلْخَمْسَةِ؟» فَقَالَ: «لَا أُهْلِكُ إِنْ وَجَدْتُ هُنَاكَ خَمْسَةً وَأَرْبَعِينَ».٢٨
29 ၂၉ တဖန် တုံ၊ ထိုမြို့၌ လေး ဆယ်ကိုတွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထိုလေး ဆယ်အတွက် ငါမ ပြု ဘဲနေမည်ဟု မိန့် တော်မူ၏။
فَعَادَ يُكَلِّمُهُ أَيْضًا وَقَالَ: «عَسَى أَنْ يُوجَدَ هُنَاكَ أَرْبَعُونَ». فَقَالَ: «لَا أَفْعَلُ مِنْ أَجْلِ ٱلْأَرْبَعِينَ».٢٩
30 ၃၀ တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
فَقَالَ: «لَا يَسْخَطِ ٱلْمَوْلَى فَأَتَكَلَّمَ. عَسَى أَنْ يُوجَدَ هُنَاكَ ثَلَاثُونَ». فَقَالَ: «لَا أَفْعَلُ إِنْ وَجَدْتُ هُنَاكَ ثَلَاثِينَ».٣٠
31 ၃၁ တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရ ဘုရားကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။ ထို မြို့၌ နှစ် ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ နှစ် ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
فَقَالَ: «إِنِّي قَدْ شَرَعْتُ أُكَلِّمُ ٱلْمَوْلَى. عَسَى أَنْ يُوجَدَ هُنَاكَ عِشْرُونَ». فَقَالَ: «لَا أُهْلِكُ مِنْ أَجْلِ ٱلْعِشْرِينَ».٣١
32 ၃၂ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
فَقَالَ: «لَا يَسْخَطِ ٱلْمَوْلَى فَأَتَكَلَّمَ هَذِهِ ٱلْمَرَّةَ فَقَطْ. عَسَى أَنْ يُوجَدَ هُنَاكَ عَشْرَةٌ». فَقَالَ: «لَا أُهْلِكُ مِنْ أَجْلِ ٱلْعَشْرَةِ».٣٢
33 ၃၃ ထာဝရဘုရား သည် အာဗြံဟံ နှင့် နှုတ်ဆက် ခြင်း အမှုကုန်စင် ပြီးမှကြွ သွားတော်မူ၏။ အာဗြံဟံ သည် လည်း မိမိ နေရာ အရပ်သို့ ပြန် လေ၏။
وَذَهَبَ ٱلرَّبُّ عِنْدَمَا فَرَغَ مِنَ ٱلْكَلَامِ مَعَ إِبْرَاهِيمَ، وَرَجَعَ إِبْرَاهِيمُ إِلَى مَكَانِهِ.٣٣

< ကမ္ဘာ​ဦး 18 >