< ကမ္ဘာဦး 17 >
1 ၁ ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။
And when Abram was ninety and nine years old, the Lord appeared to Abram, and said unto him, I am the Almighty God: walk before me, and be thou perfect.
2 ၂ ငါ ၏ ပဋိညာဉ် ကို သင် နှင့် ငါပြု မည်။ သင့် ကို ငါအလွန် များပြား စေမည်ဟု မိန့် တော်မူ၏။
And I will make my covenant between me and thee, and I will multiply thee exceedingly.
3 ၃ အာဗြံ သည်လည်း ပြပ်ဝပ် လျင် ၊ ဘုရား သခင်က၊
And Abram fell on his face, and God spoke with him, saying,
4 ၄ ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။
As for me, behold my covenant is with thee, and thou shalt become the father of a multitude of nations.
5 ၅ နောက်တဖန် သင် ၏ အမည် ကို အာဗြံ ဟုမ ခေါ် ရ။ သင် ၏အမည် ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ၊ ငါသည် သင့် ကို များ စွာသော လူ အမျိုးတို့၏ အဘ အရာ၌ ခန့်ထား ပြီ။
Neither shall thy name any more be called Abram, but thy name shall be Abraham; for the father of a multitude of nations have I made thee.
6 ၆ ငါသည် သင့် ကို အလွန် ပွား များစေမည်။ သင် အားဖြင့်လူအမျိုးမျိုးတို့ကို ဖြစ် စေမည်။ သင် ၏ အမျိုးအနွှယ် ၌ လည်း ရှင်ဘုရင် ဖြစ် ရကြလိမ့်မည်။
And I will make thee exceedingly fruitful, and I will cause thee to become nations; and kings shall come out of thee.
7 ၇ ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။
And I will establish my covenant between me and thee and between thy seed after thee in their generations for an everlasting covenant: to be a God unto thee, and to thy seed after thee.
8 ၈ သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
And I will give unto thee, and to thy seed after thee, the land wherein thou sojournest, all the land of Canaan, for an everlasting possession; and I will be their God.
9 ၉ တဖန် ဘုရား သခင်က၊ သို့ဖြစ်၍ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် အစဉ် အဆက်တို့သည်၊ ငါ ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
And God said unto Abraham, But thou, for thy part, shalt keep my covenant, thou and thy seed after thee, in their generations.
10 ၁၀ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။
This is my covenant, which ye shall keep, between me and between you, and between thy seed after thee: Every man-child among you shall be circumcised.
11 ၁၁ အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။
And ye shall circumcise the flesh of your foreskin; and this shall serve as the token of the covenant between me and you.
12 ၁၂ သင် တို့အမျိုး အစဉ်အဆက်တို့၌ သား ယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ဘွား သောသူဖြစ်စေ၊ ကိုယ့် အမျိုး မ ဟုတ်။ တပါး အမျိုးသား၌ ငွေ နှင့်ဝယ် သောသူ ဖြစ်စေ ၊ အသက်ရှစ် ရက် မြောက်လျှင် ၊ အရေဖျား လှီး မင်္ဂလာကို ခံရမည်။
And at eight days old shall every man-child in your generations be circumcised among you, he that is born in the house, or bought with money of any stranger, who is not of thy seed.
13 ၁၃ ကိုယ် အိမ် ၌ ဘွား သောသူ၊ ကိုယ် ငွေ နှင့်ဝယ် သောသူသည်၊ အရေဖျား လှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ် လည်း သင် တို့၏အသား ၌ ထာဝရ ပဋိညာဉ် ဖြစ် လိမ့်မည်။
He that is born in thy house, and he that is bought with thy money, must needs be circumcised; and my covenant shall be in your flesh for an everlasting covenant.
14 ၁၄ အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။
And any uncircumcised male, who circumciseth not the flesh of his foreskin, that soul shall be cut off from his people; he hath broken my covenant.
15 ၁၅ တဖန် ဘုရား သခင်က၊ သင် ၏မယား စာရဲ ကို မူကား၊ စာရဲ ဟူသောအမည် ဖြင့်မ ခေါ် ရ၊ စာရာ ဟူသောအမည် ဖြင့်ခေါ်ရ၏။
And God said unto Abraham, As for Sarai thy wife, thou shalt not call her name Sarai, but Sarah shall her name be.
16 ၁၆ သူ့ ကိုငါကောင်းကြီး ပေး၍ ၊ သူ့ အားဖြင့် လည်း သင် အား သား ကိုပေး မည်။ အကယ်စင်စစ်သူ့ ကို ကောင်းကြီး ပေး၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ ၏အမျိုးအနွယ် ၌ လည်း အပြည် ပြည်သော ရှင်ဘုရင် ဖြစ် ကြ လိမ့်မည်ဟု၊ အာဗြဟံ အား မိန့် တော်မူ၏။
And I will bless her, and give thee also a son of her; yea I will bless her, and she shall become a mother of nations; kings of people shall spring from her.
17 ၁၇ ထိုအခါ အာဗြဟံ သည် ပြပ်ဝပ် လျက် အသက် တ ရာရှိသောသူသည် သား ကို ရ လိမ့်မည်လော။ အသက် ကိုး ဆယ်ရှိသောစာရာ သည် သား ကိုဘွား လိမ့်မည်လော ဟု ရယ် လျက် ၊ စိတ် နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
Then Abraham fell upon his face, and laughed; and he said in his heart, Shall a child be born unto him that is a hundred years old? and shall Sarah, who is ninety years old, bear?
18 ၁၈ ဣရှမေလ သည် ရှေ့ တော်၌ အသက်ရှင် ပါစေသောဟု၊ ဘုရား သခင်ကို လျှောက် သောအခါ၊
And Abraham said unto God, O that Ishmael might live before thee!
19 ၁၉ ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
And God said, Truly, Sarah thy wife shall bear thee a son; and thou shalt call his name Isaac; and I will establish my covenant with him for an everlasting covenant, for his seed after him.
20 ၂၀ ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။
And as for Ishmael, I have heard thee: behold, I have blessed him, and will make him fruitful, and will multiply him exceedingly; twelve princes shall he beget, and I will make of him a great nation.
21 ၂၁ သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊
But my covenant will I establish with Isaac, whom Sarah shall bear unto thee at this set time in the next year.
22 ၂၂ မိန့် မြွက်တော်မူသံငြိမ်း ၍ ဘုရား သခင်သည် အာဗြံဟံ မှ တက် ကြွတော်မူ၏။
And when he had left off talking with him, God went up from Abraham.
23 ၂၃ အာဗြဟံ သည်လည်း ၊ သား ဣမေလ မှစ၍ ၊ ကိုယ် အိမ် ၌ ဘွား သော သူအပေါင်း ၊ ကိုယ် ငွေ နှင့် ဝယ် သော သူအပေါင်း တည်းဟူသော ၊ အာဗြဟံ အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့ကို ယူ၍၊ ဘုရား သခင်မိန့် တော်မူသည် အတိုင်း ၊ တ နေ့ခြင်းတွင် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
And Abraham now took Ishmael his son, and all that were born in his house, and all that were bought with his money, every male among the men of Abraham's house; and he circumcised the flesh of their foreskin on the selfsame day, as God had spoken unto him.
24 ၂၄ အာဗြဟံ သည် ကိုယ်တိုင် အရေဖျား လှီးမင်္ဂလာကို ခံသောအခါ ၊ အသက် ကိုး ဆယ်ကိုး နှစ်ရှိ၏။
And Abraham was ninety and nine years old, when he was circumcised in the flesh of his foreskin.
25 ၂၅ သား ဣရှမေလ သည် အရေဖျား လှီး မင်္ဂလာကို ခံသောအခါ ၊ အသက် တ ဆယ်သုံး နှစ်ရှိ၏။
And Ishmael his son, was thirteen years old, when he was circumcised in the flesh of his foreskin.
26 ၂၆ တ နေ့ခြင်းတွင် အာဗြဟံ နှင့် သား ဣရှမေလ သည် အရေဖျား လှီးမင်္ဂလာကို ခံလေ၏။
On the self-same day was Abraham circumcised, with Ishmael his son.
27 ၂၇ သူ ၏အိမ် ၌ ဘွား သော သူတပါး အမျိုးသား၌ သူ၏ငွေ နှင့် ဝယ် သောသူ၊ သူ၏အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့သည်၊ သူ နှင့်အတူ အရေဖျား လှီး မင်္ဂလာကို ခံကြလေ၏။
And all the men of his house, born in the house, and bought with money of the stranger, were circumcised with him.