< ကမ္ဘာဦး 16 >
1 ၁ အာဗြံ ၏ မယား စာရဲ ၌ သားဘွား ခြင်းမ ရှိသဖြင့် ၊ အဲဂုတ္တု ပြည်သူဟာဂရ အမည် ရှိသောကျွန် မတယောက် ရှိသည်ဖြစ်၍၊
၁အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။-
2 ၂ စာရဲ က၊ အကျွန်ုပ် အား သားဘွား ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ် ၏ ကျွန် မထံသို့ ဝင် ပါလော့။ သူ့ အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံ အား ပြောဆို ၍ ၊ အာဗြံ သည် စာရဲ ၏စကား ကို နားထောင် လေ၏။
၂သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊-
3 ၃ ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။
၃စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
4 ၄ အာဗြံသည်လည်း ဟာဂရ ထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ မိမိ သခင် မကို မထီမဲ့မြင် ပြုလေ၏။
၄အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။
5 ၅ စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။
၅ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။
6 ၆ အာဗြံ ကလည်း ၊ သင် ၏ ကျွန် မသည် သင် ၏လက် ၌ ရှိ၏။ သူ ၌ ပြု ချင်သမျှပြု ပါလော့ဟု စာရဲ အား ပြန်ပြော လျှင်၊ စာရဲ သည် ကျွန် မကို ညှဉ်းဆဲ သဖြင့် ၊ ကျွန်မသည် သခင် မထံမှ ထွက် ပြေးလေ၏။
၆အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7 ၇ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊
၇ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
8 ၈ စာရဲ ကျွန် မဟာဂရ ၊ အဘယ် က လာ သနည်း။ အဘယ် အရပ်သို့ သွား မည်နည်းဟုမေးသော်၊ ကျွန်မ သည် သခင် မစာရဲ ထံမှ ပြေး လာပါသည်ဟု ဆို လေ၏။
၈``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
9 ၉ ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။
၉ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
10 ၁၀ တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ သင် ၏ အမျိုးအနွယ် ကို မ ရေတွက် နိုင်အောင်၊ ငါအလွန် များပြား စေမည်ဟူ၍၎င်း၊
၁၀တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က``သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။-
11 ၁၁ သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
၁၁သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
12 ၁၂ သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
၁၂သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
13 ၁၃ ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။
၁၃ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
14 ၁၄ ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။
၁၄ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။
15 ၁၅ ထိုနောက် ဟာဂရ သည် အာဗြံ အား သား ကို ဘွားမြင် ၏။ အာဗြံ လည်း ဟာဂရ တွင် မြင် သော သား ကို ဣရှမေလ အမည် ဖြင့် မှည့် လေ၏။
၁၅အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။-
16 ၁၆ အာဗြံ သည် သား ဣရှမေလ ကို ဟာဂရ ဘွားမြင် သောအခါ ၊ အသက် ရှစ် ဆယ်ခြောက် နှစ် ရှိသတည်း။
၁၆ထိုသားဖွားသောအချိန်၌ အာဗြံသည်အသက် ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။