< ကမ္ဘာ​ဦး 15 >

1 ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
Después de estas cosas, la palabra de Yahvé vino a Abram en una visión, diciendo: “No temas, Abram. Yo soy tu escudo, tu gran recompensa”.
2 အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။
Abram dijo: “Señor Yahvé, ¿qué me darás, ya que me voy sin hijos, y el que heredará mis bienes es Eliezer de Damasco?”
3 တဖန် အာဗြံ က အကျွန်ုပ် အား အမျိုး အနွယ်ကိုပေး တော်မ မူပါ။ အကျွန်ုပ် ၏ အိမ် ၌ ဘွား သောသူသည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါသည်တကားဟု လျှောက် ဆို၏။
Abram respondió: “He aquí que no me has dado hijos, y he aquí que uno nacido en mi casa es mi heredero.”
4 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဤသူ သည် သင် ၏အမွေခံ မ ဖြစ်ရ။ သင် ၏ ကိုယ် ထဲက ထွက် သောသူသည် သင် ၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊
He aquí que la palabra de Yahvé vino a él, diciendo: “Este hombre no será tu heredero, pero el que saldrá de tu propio cuerpo será tu heredero.”
5 အာဗြံ ကိုပြင် သို့ ထုတ် ဆောင်တော်မူ၍ ၊ မိုဃ်းကောင်းကင် ကို မြော်ကြည့် လော့။ ကြယ် များကို ရေတွက် နိုင် လျှင် ရေတွက် လော့။ သင် ၏အမျိုး အနွယ်သည်ထိုသို့ ဖြစ် လိမ့်မည်ဟု မိန့် တော်မူ၏။
Yahvé lo sacó fuera y le dijo: “Mira ahora hacia el cielo y cuenta las estrellas, si eres capaz de contarlas”. Le dijo a Abram: “Así será tu descendencia”.
6 အာဗြံသည် ထာဝရဘုရား ကို ယုံကြည် သည် ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
Él creyó en Yahvé, que se lo acreditó por justicia.
7 တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊
Le dijo a Abram: “Yo soy Yahvé, que te saqué de Ur de los caldeos, para darte esta tierra en herencia.”
8 အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။
Dijo: “Señor Yahvé, ¿cómo sabré que lo heredaré?”
9 ထာဝရဘုရားကလည်း၊ သုံး နှစ်အသက်ရှိသောနွား မတကောင်၊ သုံး နှစ်အသက်ရှိသောဆိတ် တကောင်၊ သုံး နှစ်အသက်ရှိသောသိုး ထီးတကောင်၊ ချိုး တကောင်၊ ခို သငယ်တကောင်တို့ကို ငါ ဘို့ ယူ လော့ဟု မိန့် တော်မူသည်အတိုင်း၊
Le dijo: “Tráeme una ternera de tres años, una cabra de tres años, un carnero de tres años, una tórtola y un pichón”.
10 ၁၀ ထို တိရစ္ဆာန်အပေါင်း တို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက် စီ ခွဲပြီးလျှင် ၊ ခွဲ သောအသားတို့ကို အဘက် တချက်၌ ထား လေ၏။ ငှက် ကောင်တို့ကို မ ခွဲ။
Él le trajo todo esto, lo dividió en el medio y puso cada mitad frente a la otra; pero no dividió las aves.
11 ၁၁ ငှက် ရဲတို့သည် အသေ ကောင်တို့ အပေါ် သို့ ဆင်း လာသောအခါ ၊ အာဗြံ သည် နှင် လေ၏။
Las aves de rapiña descendieron sobre los cadáveres, y Abram las ahuyentó.
12 ၁၂ နေ ဝင် သောအခါ ၊ အာဗြံ သည် ကြီး သော အိပ် ခြင်းဖြင့် အိပ်ပျော် လျက်၊ ထူသောမှောင်မိုက် နှင့် တွေ့ ၍၊ ထိတ်လန့် ခြင်းသို့ ရောက် လေ၏။
Cuando el sol se ponía, un profundo sueño cayó sobre Abram. El terror y la gran oscuridad cayeron sobre él.
13 ၁၃ ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Le dijo a Abram: “Ten por seguro que tu descendencia vivirá como extranjera en una tierra que no es la suya, y les servirá. Los afligirán durante cuatrocientos años.
14 ၁၄ သူတို့ကို စေခိုင်း သော လူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ ၊ သူတို့သည် များစွာ သောဥစ္စာ နှင့် ထွက် ကြလိမ့်မည်။
Yo también juzgaré a esa nación, a la que servirán. Después saldrán con grandes riquezas;
15 ၁၅ သင်သည်ဘိုးဘေး တို့ထံ သို့ငြိမ်ဝပ် စွာ သွား ရလိမ့်မည်။ အသက် ကြီးရင့်လျက် သင်္ဂြိုဟ် ခြင်းကိုခံရလိမ့်မည်။
pero tú irás con tus padres en paz. Serás enterrado a una buena edad.
16 ၁၆ လူမျိုး လေး ဆက်လွန်သောအခါ ၊ သူတို့သည် ဤ ပြည်သို့ ပြန် လာကြလိမ့်မည်။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မ စုံလင် သေးဟု အာဗြံ အား မိန့် တော်မူ၏။
En la cuarta generación volverán a venir aquí, porque la iniquidad del amorreo aún no está completa.”
17 ၁၇ တဖန် နေ ဝင် ၍ မိုက် သောအခါ ၊ ခွဲ ထားသော အသားအလယ်၌၊ မီးခိုး ထွက်သောမီးဖို ၊ မီး ထွန်းလင်းသော မီးခွက် သည် ထင်ရှားစွာ ရှောက်သွားလေ၏။
Sucedió que, cuando se puso el sol y estuvo oscuro, he aquí que un horno humeante y una antorcha encendida pasaron entre estas piezas.
18 ၁၈ ထို နေ့ ၌ ထာဝရဘုရား သည် အာဗြံ နှင့် ပဋိညာဉ် ပြု တော်မူလျက်၊ အဲဂုတ္တု မြစ် မှစ၍ မြစ် ကြီး တည်းဟူသော၊ ဥဖရတ် မြစ် တိုင်အောင်၊ ဤ ပြည် ကို၎င်း၊.
Aquel día Yahvé hizo un pacto con Abram, diciendo: “He dado esta tierra a tu descendencia, desde el río de Egipto hasta el gran río, el río Éufrates:
19 ၁၉ ကေနိ လူ၊ ကေနဇိ လူ၊ ကာဒမောနိ လူ၊
la tierra de los ceneos, de los cenecitas, de los cadmonitas,
20 ၂၀ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊
de los hititas, de los ferezeos, de los refaítas,
21 ၂၁ သင် ၏ အမျိုးအနွယ် အား ငါအပ်ပေး ပြီဟု မိန့် တော်မူ၏။
de los amorreos, de los cananeos, de los gergeseos y de los jebuseos.”

< ကမ္ဘာ​ဦး 15 >