< ကမ္ဘာဦး 15 >
1 ၁ ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
After these things the word of Yahweh came to Abram in a vision, saying, “Fear not, Abram! I am your shield and your very great reward.”
2 ၂ အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။
Abram said, “Lord Yahweh, what will you give me, since I continue childless, and the heir of my house is Eliezer of Damascus?”
3 ၃ တဖန် အာဗြံ က အကျွန်ုပ် အား အမျိုး အနွယ်ကိုပေး တော်မ မူပါ။ အကျွန်ုပ် ၏ အိမ် ၌ ဘွား သောသူသည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါသည်တကားဟု လျှောက် ဆို၏။
Abram said, “Since you have given me no descendant, see, the steward of my house is my heir.”
4 ၄ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဤသူ သည် သင် ၏အမွေခံ မ ဖြစ်ရ။ သင် ၏ ကိုယ် ထဲက ထွက် သောသူသည် သင် ၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊
Then, behold, the word of Yahweh came to him, saying, “This man will not be your heir; but rather the one who will come from your own body will be your heir.”
5 ၅ အာဗြံ ကိုပြင် သို့ ထုတ် ဆောင်တော်မူ၍ ၊ မိုဃ်းကောင်းကင် ကို မြော်ကြည့် လော့။ ကြယ် များကို ရေတွက် နိုင် လျှင် ရေတွက် လော့။ သင် ၏အမျိုး အနွယ်သည်ထိုသို့ ဖြစ် လိမ့်မည်ဟု မိန့် တော်မူ၏။
Then he brought him outside, and said, “Look toward heaven, and number the stars, if you are able to number them.” Then he said to him, “So will your descendants be.”
6 ၆ အာဗြံသည် ထာဝရဘုရား ကို ယုံကြည် သည် ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
He believed Yahweh, and he counted it to him as righteousness.
7 ၇ တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊
He said to him, “I am Yahweh, who brought you out of Ur of the Chaldeans, to give you this land to inherit it.”
8 ၈ အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။
He said, “Lord Yahweh, how will I know that I will inherit it?”
9 ၉ ထာဝရဘုရားကလည်း၊ သုံး နှစ်အသက်ရှိသောနွား မတကောင်၊ သုံး နှစ်အသက်ရှိသောဆိတ် တကောင်၊ သုံး နှစ်အသက်ရှိသောသိုး ထီးတကောင်၊ ချိုး တကောင်၊ ခို သငယ်တကောင်တို့ကို ငါ ဘို့ ယူ လော့ဟု မိန့် တော်မူသည်အတိုင်း၊
Then he said to him, “Bring me a heifer three years old, a female goat three years old, a ram three years old, a dove, and a young pigeon.”
10 ၁၀ ထို တိရစ္ဆာန်အပေါင်း တို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက် စီ ခွဲပြီးလျှင် ၊ ခွဲ သောအသားတို့ကို အဘက် တချက်၌ ထား လေ၏။ ငှက် ကောင်တို့ကို မ ခွဲ။
He brought him all these, and cut them in two, and placed each half opposite the other, but he did not divide the birds.
11 ၁၁ ငှက် ရဲတို့သည် အသေ ကောင်တို့ အပေါ် သို့ ဆင်း လာသောအခါ ၊ အာဗြံ သည် နှင် လေ၏။
When the birds of prey came down upon the carcasses, Abram drove them away.
12 ၁၂ နေ ဝင် သောအခါ ၊ အာဗြံ သည် ကြီး သော အိပ် ခြင်းဖြင့် အိပ်ပျော် လျက်၊ ထူသောမှောင်မိုက် နှင့် တွေ့ ၍၊ ထိတ်လန့် ခြင်းသို့ ရောက် လေ၏။
Then when the sun was going down, Abram fell sound asleep and, behold, a deep and terrifying darkness overwhelmed him.
13 ၁၃ ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Then Yahweh said to Abram, “Know for certain that your descendants will be strangers in a land that is not theirs, and will be enslaved and oppressed for four hundred years.
14 ၁၄ သူတို့ကို စေခိုင်း သော လူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ ၊ သူတို့သည် များစွာ သောဥစ္စာ နှင့် ထွက် ကြလိမ့်မည်။
I will judge that nation that they will serve, and afterward they will come out with abundant possessions.
15 ၁၅ သင်သည်ဘိုးဘေး တို့ထံ သို့ငြိမ်ဝပ် စွာ သွား ရလိမ့်မည်။ အသက် ကြီးရင့်လျက် သင်္ဂြိုဟ် ခြင်းကိုခံရလိမ့်မည်။
But you will go to your fathers in peace, and you will be buried in a good old age.
16 ၁၆ လူမျိုး လေး ဆက်လွန်သောအခါ ၊ သူတို့သည် ဤ ပြည်သို့ ပြန် လာကြလိမ့်မည်။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မ စုံလင် သေးဟု အာဗြံ အား မိန့် တော်မူ၏။
In the fourth generation they will come here again, for the iniquity of the Amorites has not yet reached its limit.”
17 ၁၇ တဖန် နေ ဝင် ၍ မိုက် သောအခါ ၊ ခွဲ ထားသော အသားအလယ်၌၊ မီးခိုး ထွက်သောမီးဖို ၊ မီး ထွန်းလင်းသော မီးခွက် သည် ထင်ရှားစွာ ရှောက်သွားလေ၏။
When the sun had gone down and it was dark, behold, a smoking fire pot and a flaming torch passed between the pieces.
18 ၁၈ ထို နေ့ ၌ ထာဝရဘုရား သည် အာဗြံ နှင့် ပဋိညာဉ် ပြု တော်မူလျက်၊ အဲဂုတ္တု မြစ် မှစ၍ မြစ် ကြီး တည်းဟူသော၊ ဥဖရတ် မြစ် တိုင်အောင်၊ ဤ ပြည် ကို၎င်း၊.
On that day Yahweh made a covenant with Abram, saying, “To your descendants I hereby give this land, from the river of Egypt to the great river, the Euphrates—
19 ၁၉ ကေနိ လူ၊ ကေနဇိ လူ၊ ကာဒမောနိ လူ၊
the Kenites, the Kenizzites, the Kadmonites,
20 ၂၀ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊
the Hittites, the Perizzites, the Rephaites,
21 ၂၁ သင် ၏ အမျိုးအနွယ် အား ငါအပ်ပေး ပြီဟု မိန့် တော်မူ၏။
the Amorites, the Canaanites, the Girgashites, and the Jebusites.”