< ကမ္ဘာဦး 13 >
1 ၁ အာဗြံ သမီး မောင်နှံတို့သည်လည်း ၊ လောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့် ၊ ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။
And Abram went up out of Egypt, he, and his wife, and all that he had, and Lot with him, towards the south.
2 ၂ ထိုအခါ အာဗြံ သည်၊ သိုး ၊ နွားစသည်တို့ကို၎င်း၊ ရွှေ ငွေ ကို ၎င်း အလွန် ရ တတ်၏။
And Abram was very rich in cattle, in silver, and in gold.
3 ၃ တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊
And he went on his journeys from the south as far as Bethel; as far as the place where his tent had been at the beginning, between Bethel and Ai;
4 ၄ ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။
to the place of the altar that he had made there at the first. And there Abram called on the name of Jehovah.
5 ၅ အာဗြံ နှင့်အတူ လိုက် လာသောလောတ သည်လည်း သိုး ၊ နွား များနှင့် တဲ အများရှိ သဖြင့်၊
And Lot also who went with Abram had flocks, and herds, and tents.
6 ၆ ထိုလူနှစ်ဦးတို့သည် အတူ နေ ခြင်းငှါ ထိုမြေ မ ဆံ့ နိုင်။ ဥစ္စာ များ လွန်း၍ ၊ သူ တို့သည် တ ရပ်တည်း မ နေ နိုင် ကြ။
And the land could not support them, that they might dwell together, for their property was great; and they could not dwell together.
7 ၇ အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။
And there was strife between the herdsmen of Abram's cattle and the herdsmen of Lot's cattle. And the Canaanite and the Perizzite were dwelling then in the land.
8 ၈ အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။
And Abram said to Lot, I pray thee let there be no contention between me and thee, and between my herdsmen and thy herdsmen, for we are brethren.
9 ၉ မြေ တပြင်လုံး သည် သင့် ရှေ့ မှာရှိသည် မ ဟုတ်လော့။ ငါ နှင့် ခွာ ၍နေပါလော့။ သင်သည် လက်ဝဲ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာ ဘက်သို့သွားမည်။ သင်သည် လက်ျာ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲ ဘက်သို့ သွားမည်ဟု ဆို၏။
Is not the whole land before thee? Separate thyself, I pray thee, from me: if to the left, then I will take the right; and if to the right, then I will take the left.
10 ၁၀ ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊
And Lot lifted up his eyes, and beheld all the plain of the Jordan that it was thoroughly watered, before Jehovah had destroyed Sodom and Gomorrah; as the garden of Jehovah, like the land of Egypt, as one goes to Zoar.
11 ၁၁ ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် ၍ ၊ အရှေ့ သို့ ပြောင်း သွားသဖြင့် ၊ အချင်းချင်း တ ဦးနှင့် တဦးကွဲပြား ကြ၏။
And Lot chose for himself all the plain of the Jordan; and Lot went toward the east. And they separated the one from the other:
12 ၁၂ အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။
Abram dwelt in the land of Canaan; and Lot dwelt in the cities of the plain, and pitched tents as far as Sodom.
13 ၁၃ သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။
And the people of Sodom were wicked, and great sinners before Jehovah.
14 ၁၄ လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက် သို့ မြော် ကြည့် လော့။
And Jehovah said to Abram, after that Lot had separated himself from him, Lift up now thine eyes, and look from the place where thou art, northward and southward and eastward and westward;
15 ၁၅ သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အား ၊ ငါသည်ကာလ အစဉ်အမြဲပေး မည်။
for all the land that thou seest will I give to thee, and to thy seed for ever.
16 ၁၆ သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။
And I will make thy seed as the dust of the earth, so that if any one can number the dust of the earth, thy seed also will be numbered.
17 ၁၇ သင်ထ ၍မြေ ကို အလျား အားဖြင့် ၎င်း ၊ အနံ အားဖြင့် ၎င်း ရှောက် သွားလော့။ သင် အား ငါပေး မည်ဟု မိန့် တော်မူ၏။
Arise, walk through the land according to the length of it and according to the breadth of it; for I will give it to thee.
18 ၁၈ တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။
Then Abram moved [his] tents, and came and dwelt by the oaks of Mamre, which are in Hebron. And he built there an altar to Jehovah.