< ကမ္ဘာ​ဦး 11 >

1 မြေကြီး သားအပေါင်း တို့သည် ဘာသာ တ မျိုးတည်း။ စကား တ မျိုးတည်းရှိ ကြသည်ဖြစ်၍၊
The whole earth was of one language and of one speech.
2 အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။
As they traveled east, they found a plain in the land of Shinar, and they lived there.
3 သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊
They said to one another, “Come, let’s make bricks, and burn them thoroughly.” They had brick for stone, and they used tar for mortar.
4 လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။
They said, “Come, let’s build ourselves a city, and a tower whose top reaches to the sky, and let’s make a name for ourselves, lest we be scattered abroad on the surface of the whole earth.”
5 ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
Adonai came down to see the city and the tower, which the children of men built.
6 ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။
Adonai said, “Behold, they are one people, and they have all one language, and this is what they begin to do. Now nothing will be withheld from them, which they intend to do.
7 လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။
Come, let’s go down, and there confuse their language, that they may not sh'ma ·hear understand obey· one another’s speech.”
8 ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။
So Adonai scattered them abroad from there on the surface of all the earth. They stopped building the city.
9 သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။
Therefore its name was called Babel [Confusion], because there Adonai confused the language of all the earth. From there, Adonai scattered them abroad on the surface of all the earth.
10 ၁၀ ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။
This is the history of the generations of Shem [Name]: Shem [Name] was one hundred years old when he became the father of Arpachshad two years after the flood.
11 ၁၁ အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
Shem [Name] lived five hundred years after he became the father of Arpachshad, and became the father of more sons and daughters.
12 ၁၂ အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။
Arpachshad lived thirty-five years and became the father of Shelah.
13 ၁၃ ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။
Arpachshad lived four hundred three years after he became the father of Shelah, and became the father of more sons and daughters.
14 ၁၄ ရှာလ သည် အသက် သုံး ဆယ်ရှိ သော်၊ သားဟေဗာ ကို မြင် လေ၏။
Shelah lived thirty years, and became the father of Eber.
15 ၁၅ ဟေဗာ ဘွားမြင် သောနောက် ၊ ရှာလ သည် အနှစ် လေး ရာ သုံး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
Shelah lived four hundred three years after he became the father of Eber, and became the father of more sons and daughters.
16 ၁၆ ဟေဗာ သည် အသက်သုံး ဆယ့်လေး နှစ် ရှိ သော်၊ သားဖာလက် ကို မြင် လေ၏။
Eber lived thirty-four years, and became the father of Peleg.
17 ၁၇ ဖာလက် ဘွားမြင် သောနောက် ၊ ဟေဗာ သည် အနှစ် လေး ရာ သုံး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
Eber lived four hundred thirty years after he became the father of Peleg, and became the father of more sons and daughters.
18 ၁၈ ဖာလက် သည် အသက် သုံး ဆယ်ရှိ သော်၊ သားရာဂေါ ကို မြင် လေ၏။
Peleg lived thirty years, and became the father of Reu.
19 ၁၉ ရာဂေါ ဘွားမြင် သောနောက် ၊ ဖာလက် သည် အနှစ် နှစ် ရာကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို ဘွားမြင် လေ၏။
Peleg lived two hundred nine years after he became the father of Reu, and became the father of more sons and daughters.
20 ၂၀ ရာဂေါ သည် အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ သားစေရောက် ကို မြင် လေ၏။
Reu lived thirty-two years, and became the father of Serug.
21 ၂၁ စေရောက် ဘွားမြင် သောနောက် ၊ ရာဂေါ သည် အနှစ် နှစ် ရာခုနစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
Reu lived two hundred seven years after he became the father of Serug, and became the father of more sons and daughters.
22 ၂၂ စေရောက် သည်အသက် သုံး ဆယ်ရှိ သော်၊ သားနာခေါ် ကို မြင် လေ၏။
Serug lived thirty years, and became the father of Nahor.
23 ၂၃ နာခေါ် ဘွားမြင် သောနောက် ၊ စေရောက် သည် အနှစ် နှစ် ရာအသက် ရှင်၍ သား သမီး များကို မြင် လေ၏။
Serug lived two hundred years after he became the father of Nahor, and became the father of more sons and daughters.
24 ၂၄ နာခေါ် သည် အသက် နှစ် ဆယ်ကိုး နှစ်ရှိ သော်၊ သားတေရ ကို မြင် လေ၏။
Nahor lived twenty-nine years, and became the father of Terah.
25 ၂၅ တေရ ဘွားမြင် သောနောက် ၊ နာခေါ် သည် အနှစ် တ ရာတဆယ် ကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
Nahor lived one hundred nineteen years after he became the father of Terah, and became the father of more sons and daughters.
26 ၂၆ တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
Terah lived seventy years, and became the father of Avram [Exalted father], Nahor, and Haran [Mountaineer].
27 ၂၇ တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
Now this is the history of the generations of Terah. Terah became the father of Avram [Exalted father], Nahor, and Haran [Mountaineer]. Haran [Mountaineer] became the father of Lot [Veil, Covering].
28 ၂၈ ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။
Haran [Mountaineer] died before his father Terah in the land of his birth, in Ur of the Chaldees.
29 ၂၉ အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။
Avram [Exalted father] and Nahor married wives. The name of Avram [Exalted father]’s wife was Sarai [Mockery], and the name of Nahor’s wife was Milcah, the daughter of Haran [Mountaineer] who was also the father of Iscah.
30 ၃၀ စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။
Sarai [Mockery] was barren. She had no child.
31 ၃၁ တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။
Terah took Avram [Exalted father] his son, Lot [Veil, Covering] the son of Haran [Mountaineer], his son’s son, and Sarai [Mockery] his daughter-in-law, his son Avram [Exalted father]’s wife. They went from Ur of the Chaldees, to go into the land of Canaan [Humbled]. They came to Haran [Mountaineer] and lived there.
32 ၃၂ တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။
The days of Terah were two hundred five years. Terah died in Haran [Mountaineer].

< ကမ္ဘာ​ဦး 11 >