< ကမ္ဘာ​ဦး 10 >

1 ရေ လွှမ်းမိုးသောနောက် ၊ နောဧ သား ရှေမ ၊ ဟာမ ၊ ယာဖက် တို့မှ ဆင်းသက် သော သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။
And these [are] the generations of the sons of Noah, Shem, Ham, and Japheth: and sons are born to them after the flood.
2 ယာဖက် ၏သား ကား ဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗလ ၊ မေရှက် ၊ ထိုက် တည်း။
Sons of Japheth [are] Gomer, and Magog, and Madai, and Javan, and Tubal, and Meshech, and Tiras.
3 ဂေါမ သား ကား၊ အာရှကေနတ် ၊ ရိဖတ် တော်ဂမ တည်း။
And sons of Gomer [are] Ashkenaz, and Riphath, and Togarmah.
4 ယာဝန် သား ကား၊ ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ် တည်း။
And sons of Javan [are] Elishah, and Tarshish, Kittim, and Dodanim.
5 ဤ သူတို့သည် လူ အမျိုးမျိုးတကျွန်း တနိုင်ငံမြေ နယ်တို့ကို ဘာသာ အသီးအသီး ၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း ၊ အချင်းချင်းခွဲ ဝေကြ၏။
By these the islands of the nations have been parted in their lands, each by his tongue, by their families, in their nations.
6 ဟာမ သား ကား၊ ကုရှ ၊ မိဇရိမ် ၊ ဖုတ ၊ ခါနာန် တည်း။
And sons of Ham [are] Cush, and Mitzraim, and Phut, and Canaan.
7 ကုရှ သား ကား၊ သေဘ ၊ ဟာဝိလ ၊ သာဘတ ၊ ရာဂမ ၊ သတ္တေခါ တည်း။ ရာဂမ သား ကား၊ ရှေဘ ၊ ဒေဒန် တည်း။
And sons of Cush [are] Seba, and Havilah, and Sabtah, and Raamah, and Sabtechah; and sons of Raamah [are] Sheba and Dedan.
8 ကုရှ သည် သား နိမ်ရောဒ ကိုလည်း ရသေး၏။ ထို သားသည် မြေကြီး ပေါ် မှာ အဦး စွမ်း နိုင်သောသူဖြစ် ၏။
And Cush has begotten Nimrod;
9 ထာဝရဘုရား ရှေ့ မှာ အားကြီး သော မုဆိုး ဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရား ရှေ့ နိမ်ရောဒ ၊ အား ကြီးမုဆိုး ၊ ပြု လုပ်သည်လိုဟု စပ် ဆိုသတည်း။
he has begun to be a hero in the land; he has been a hero in hunting before YHWH; therefore it is said, “As Nimrod the hero [in] hunting before YHWH.”
10 ၁၀ သူ ၏ နိုင်ငံ အဦး ကား၊ ရှိနာ ပြည် ၌ ဗာဗုလုန် မြို့၊ ဧရက် မြို့၊ အက္က မြို့ကာလနေ မြို့တည်း။
And the first part of his kingdom is Babel, and Erech, and Accad, and Calneh, in the land of Shinar;
11 ၁၁ ထို ပြည် မှာအာရှရိ ပြည်သို့ သွား၍ နိနေဝေ မြို့၊ ရဟောဘုတ် မြို့ ကာလ မြို့ကို၎င်း၊
from that land he has gone out to Asshur, and builds Nineveh, even the broad places of the city, and Calah,
12 ၁၂ နိနေဝေ မြို့နှင့် ၊ ကာလ မြို့စပ်ကြား မှာ ကြီး စွာသော မြို့ တည်းဟူသောရေသင် မြို့ကို၎င်းတည်ဆောက် လေ၏။
and Resen, between Nineveh and Calah; it [is] the great city.
13 ၁၃ မိဇရိမ် သား ကား၊ လုဒိမ် လူ၊ အာနမိမ် လူ၊ လဟာဗိမ် လူ၊ နတ္တုဟိမ် လူ၊
And Mitzraim has begotten the Ludim, and the Anamim, and the Lehabim, and the Naphtuhim,
14 ၁၄ ပါသရူသိမ် လူ၊ ကာသလုဟိမ် လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိ လူဖြစ် သတည်း။
and the Pathrusim, and the Casluhim (from where have come out Philistim), and the Caphtorim.
15 ၁၅ ခါနာန် သား အကြီး ကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
And Canaan has begotten Sidon his firstborn, and Heth,
16 ၁၆ ထိုနောက် ယေဗုသိ လူ၊ အာမောရိ လူ။ ဂိရဂါရှိ လူ၊
and the Jebusite, and the Amorite, and the Girgashite,
17 ၁၇ ဟိဝိ လူ၊ အာကိ လူ၊ သိနိ လူ၊
and the Hivite, and the Arkite, and the Sinite,
18 ၁၈ အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူတည်း။ ထိုနောက် ခါနာန် အမျိုးသားအသီးသီး တို့သည် နှံ့ပြား ကြ လေ၏။
and the Arvadite, and the Zemarite, and the Hamathite; and afterward the families of the Canaanite have been scattered.
19 ၁၉ ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။
And the border of the Canaanite is from Sidon, [in] your coming toward Gerar, to Gaza; [in] your coming toward Sodom, and Gomorrah, and Admah, and Zeboim, to Lasha.
20 ၂၀ ဤ သူတို့သည် သီးခြားသော အမျိုး အနွယ်၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် အပြည်အတိုင်း တိုင်း၌ နေသောဟာမ သား များ ဖြစ်သတည်း။
These [are] sons of Ham, by their families, by their tongues, in their lands, in their nations.
21 ၂၁ ယာဖက် ညီ၊ ဟေဗြဲ လူအပေါင်း တို့၏ အဘ ၊ ရှေမ သည်လည်း သား များကိုမြင် လေ၏။
As for Shem, father of all sons of Eber, the older brother of Japheth, he has also begotten.
22 ၂၂ ရှေမ သား ကား၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံ တည်း။
Sons of Shem [are] Elam, and Asshur, and Arphaxad, and Lud, and Aram.
23 ၂၃ အာရံ သား ကား၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှ တည်း။
And sons of Aram [are] Uz, and Hul, and Gether, and Mash.
24 ၂၄ အာဖာဇဒ် သား ရှာလ ၊ ရှာလ သား ဟေဗာ တည်း။
And Arphaxad has begotten Salah, and Salah has begotten Eber.
25 ၂၅ ဟေဗာ သည်လည်း သား နှစ် ယောက်ကို မြင် လေ၏။ သား တယောက်ကား၊ ဖာလက် အမည် ရှိ၏။ အကြောင်း မူကား၊ သူ့ လက်ထက် ၌ မြေကြီး ကို ခွဲဝေ ကြ၏။ သူ ၏ညီ ကား၊ ယုတ္တန် အမည် ရှိ၏။
And two sons have been born to Eber; the name of the first [is] Peleg (for in his days the earth has been divided), and his brother’s name [is] Joktan.
26 ၂၆ ယုတ္တန် သား ကား၊ အာလမောဒဒ် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ၊
And Joktan has begotten Almodad, and Sheleph, and Hazarmaveth, and Jerah,
27 ၂၇ ဟဒေါရံ ၊ ဥဇလ ၊ ဒိကလ၊
and Hadoram, and Uzal, and Diklah,
28 ၂၈ ဩဗလ အဘိမေလ ၊ ရှေဘ၊
and Obal, and Abimael, and Sheba,
29 ၂၉ ဩဖိရ ဟဝိလ ၊ ယောဗပ် ၊ ဤ သူအပေါင်း တို့ သည် ယုတ္တန် သား ဖြစ်သတည်း။
and Ophir, and Havilah, and Jobab; all these [are] sons of Joktan;
30 ၃၀ သူ တို့နေရာ မူကား၊ မေရှ မြို့မှ သည် အရှေ့ မျက်နှာ၌သေဖာ တောင် တိုင်အောင် ရှိ သတည်း။
and their dwelling is from Mesha, [in] your coming toward Sephar, a mountain of the east.
31 ၃၁ ဤ သူ တို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် ပြည်အတိုင်းတိုင်း တို့၌ နေသောရှေမ သား များဖြစ်သတည်း။
These [are] sons of Shem, by their families, by their tongues, in their lands, by their nations.
32 ၃၂ ဤ ရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီးအလိုက်မှတ်သားထားသော နောဧ သား ဆွေစဉ်မျိုးဆက် စာရင်းပေသတည်း။ ထိုသူ တို့သည် ရေ လွှမ်းမိုးသောနောက် ၊ မြေကြီး ပေါ် မှာ သီးခြား သော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။
These [are] families of the sons of Noah, by their generations, in their nations, and by these the nations have been parted in the earth after the flood.

< ကမ္ဘာ​ဦး 10 >