< ဂလာတိ 6 >

1 ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
Ἀδελφοί, ἐὰν καὶ προληφθῇ ἄνθρωπος ἔν τινι παραπτώματι, ὑμεῖς οἱ πνευματικοὶ καταρτίζετε τὸν τοιοῦτον ἐν πνεύματι πρᾳότητος, σκοπῶν σεαυτόν, μὴ καὶ σὺ πειρασθῇς.
2 ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။
ἀλλήλων τὰ βάρη βαστάζετε, καὶ οὕτως ἀναπληρώσατε τὸν νόμον τοῦ Χριστοῦ.
3 အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။
εἰ γὰρ δοκεῖ τις εἶναί τι μηδὲν ὤν, ἑαυτὸν φρεναπατᾷ.
4 လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ၌ မ ဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။
τὸ δὲ ἔργον ἑαυτοῦ δοκιμαζέτω ἕκαστος, καὶ τότε εἰς ἑαυτὸν μόνον τὸ καύχημα ἕξει καὶ οὐκ εἰς τὸν ἕτερον·
5 အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။
ἕκαστος γὰρ τὸ ἴδιον φορτίον βαστάσει.
6 နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။
Κοινωνείτω δὲ ὁ κατηχούμενος τὸν λόγον τῷ κατηχοῦντι ἐν πᾶσιν ἀγαθοῖς.
7 အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။
Μὴ πλανᾶσθε, Θεὸς οὐ μυκτηρίζεται· ὃ γὰρ ἐὰν σπείρῃ ἄνθρωπος, τοῦτο καὶ θερίσει·
8 မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ (aiōnios g166)
ὅτι ὁ σπείρων εἰς τὴν σάρκα ἑαυτοῦ ἐκ τῆς σαρκὸς θερίσει φθοράν, ὁ δὲ σπείρων εἰς τὸ Πνεῦμα ἐκ τοῦ Πνεύματος θερίσει ζωὴν αἰώνιον. (aiōnios g166)
9 ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။
τὸ δὲ καλὸν ποιοῦντες μὴ ἐκκακῶμεν· καιρῷ γὰρ ἰδίῳ θερίσομεν μὴ ἐκλυόμενοι.
10 ၁၀ ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။
Ἄρα οὖν ὡς καιρὸν ἔχομεν, ἐργαζώμεθα τὸ ἀγαθὸν πρὸς πάντας, μάλιστα δὲ πρὸς τοὺς οἰκείους τῆς πίστεως.
11 ၁၁ အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။
Ἴδετε πηλίκοις ὑμῖν γράμμασιν ἔγραψα τῇ ἐμῇ χειρί.
12 ၁၂ မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။
ὅσοι θέλουσιν εὐπροσωπῆσαι ἐν σαρκί, οὗτοι ἀναγκάζουσιν ὑμᾶς περιτέμνεσθαι, μόνον ἵνα μὴ τῷ σταυρῷ τοῦ Χριστοῦ διώκωνται.
13 ၁၃ အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။
οὐδὲ γὰρ οἱ περιτετμημένοι αὐτοὶ νόμον φυλάσσουσιν, ἀλλὰ θέλουσιν ὑμᾶς περιτέμνεσθαι, ἵνα ἐν τῇ ὑμετέρᾳ σαρκὶ καυχήσωνται.
14 ၁၄ ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
ἐμοὶ δὲ μὴ γένοιτο καυχᾶσθαι εἰ μὴ ἐν τῷ σταυρῷ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ, δι᾽ οὗ ἐμοὶ κόσμος ἐσταύρωται κἀγὼ τῷ κόσμῳ.
15 ၁၅ အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။
ἐν γὰρ Χριστῷ Ἰησοῦ οὔτε περιτομή τι ἰσχύει οὔτε ἀκροβυστία, ἀλλὰ καινὴ κτίσις.
16 ၁၆ ဤ နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။
καὶ ὅσοι τῷ κανόνι τούτῳ στοιχήσουσιν, εἰρήνη ἐπ᾽ αὐτοὺς καὶ ἔλεος, καὶ ἐπὶ τὸν Ἰσραὴλ τοῦ Θεοῦ.
17 ၁၇ ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် ၌ သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။
Τοῦ λοιποῦ κόπους μοι μηδεὶς παρεχέτω· ἐγὼ γὰρ τὰ στίγματα τοῦ Κυρίου Ἰησοῦ ἐν τῷ σώματί μου βαστάζω.
18 ၁၈ ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်။
Ἡ χάρις τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ μετὰ τοῦ πνεύματος ὑμῶν, ἀδελφοί· ἀμήν.

< ဂလာတိ 6 >