< ဂလာတိ 6 >
1 ၁ ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
My friends, even if someone should be caught committing a sin, you who are spiritually minded should, in a gentle spirit, help them to recover themselves, taking care that you yourselves are not tempted.
2 ၂ ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။
Bear one another’s burdens, and so carry out the Law of the Christ.
3 ၃ အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။
If a person imagines themselves to be somebody, when they are really nobody, they deceive themselves.
4 ၄ လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ၌ မ ဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။
Let everyone test their own work, and then their cause for satisfaction will be in themselves and not in a comparison with their neighbor;
5 ၅ အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။
for everyone must bear their own load.
6 ၆ နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။
The person, however, who is being instructed in the message ought always to share their blessings with their teacher.
7 ၇ အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။
Do not be deceived. God cannot be mocked. What a person sows that they will reap.
8 ၈ မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ (aiōnios )
For the person who sows the field of their earthly nature will from that earthly nature reap corruption; while the one who sows the field of the spirit will from that spirit reap eternal life. (aiōnios )
9 ၉ ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။
Let us never tire of doing right, for at the proper season we will reap our harvest, if we do not grow weary.
10 ၁၀ ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။
Therefore, I say, as the opportunity occurs, let us treat everyone with kindness, and especially members of the household of the faith.
11 ၁၁ အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။
See in what large letters I am writing with my own hand.
12 ၁၂ မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။
The people who are trying to compel you to be circumcised are the people who wish to appear to advantage in regard to outward observances. They do it only to avoid being persecuted for the cross of Jesus, the Christ
13 ၁၃ အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။
Even these men who are circumcised do not themselves keep the Law; yet they want you to be circumcised, so that they may boast of your observance of the rite.
14 ၁၄ ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
But, for my part, may I never boast of anything except the cross of Jesus Christ, our Master, through whom the world has been crucified to me, and I to the world.
15 ၁၅ အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။
For neither is circumcision nor the omission of it anything; but a new nature is everything.
16 ၁၆ ဤ နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။
May all who rule their conduct by this principle find peace and mercy – they who are the Israel of God.
17 ၁၇ ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် ၌ သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။
For the future let no one trouble me; for I bear the marks of Jesus branded on my body.
18 ၁၈ ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်။
May the blessing of Jesus Christ, our Lord, rest on your souls, friends. Amen.