< ဂလာတိ 5 >

1 ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် မ ခံကြနှင့်။
It is for freedom that Christ set us free; stand firm therefore, and do not again be held under the yoke of slavery.
2 ငါ ပေါလု ဆို သည်ကား၊ သင် တို့သည် အရေဖျားလှီး ခြင်းကိုခံလျှင် ၊ ခရစ်တော် အားဖြင့် အဘယ် အကျိုး ကိုမျှမရနိုင်ကြ။
Understand that I, Paul, myself tell you that if you allow yourselves to be circumcised, Christ will avail you nothing.
3 အရေဖျားလှီး ခြင်းကို ခံသောလူ အပေါင်း တို့အား ငါတဖန် သက်သေခံ သည်ကား ၊ ထိုသို့သောသူသည် ပညတ် တရားကို အကြွင်းမဲ့ ကျင့် အံ့သောငှါ ကြွေးတင် သောသူဖြစ် ၏။
I again declare to every one who receives circumcision, that he binds himself to obey the whole Law.
4 ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။
You have severed yourselves from Christ — you who are seeking to be pronounced righteous through Law; you have fallen away from love.
5 ငါ တို့မူကား ၊ ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ် တော်အားဖြင့်ငံ့လင့် ၍နေကြ၏။
For we, by the help of the Spirit, are eagerly waiting for the fulfilment of our hope — that we may be pronounced righteous as the result of faith.
6 ယေရှု ခရစ်တော် ၌ အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။
If a man is in union with Christ Jesus, neither is circumcision nor the omission of it anything, but faith, working through love, is everything.
7 အထက်ကသင် တို့သည် ကောင်းမွန် စွာ ပြေး ကြ၏။ သို့ဖြစ်၍သမ္မာတရား ကို နား မ ထောင်စေခြင်းငှါအဘယ်သူ ဆီးတား သနည်း။
You were once making good progress! Who has hindered you from obeying the Truth?
8 ယခုယူသောအယူကား၊ သင် တို့ကို ခေါ် တော်မူသောသူ ၏ ဩဝါဒကိုအမှီပြု၍ ယူသောအယူမ ဟုတ်။
The persuasion brought to bear on you does not come from him who calls you.
9 အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖေါင်းကြွ စေတတ်၏။
A little leaven leavens all the dough.
10 ၁၀ သင် တို့သည် ကွဲပြားသောအယူ ရှိသမျှကို ပယ် လိမ့်မည်ဟု သခင် ဘုရားကို ငါ အမှီပြု ၍ စိတ် စွဲလမ်းခြင်းရှိ၏။ သင် တို့ကို နှောက်ယှက် သော သူ မည်သည်ကား၊ မိမိ အပြစ် ဒဏ်ကိုခံရ လိမ့်မည်။
I, through my union with the Lord, am persuaded that you will learn to think with me. But the man who is disturbing your minds will have to bear his punishment, whoever he may be.
11 ၁၁ တဖန်တုံ ၊ ညီအစ်ကို တို့၊ ငါသည် အရေဖျားလှီး ခြင်းတရားကို ဟောပြော သေး သည်မှန်လျှင် ၊ အဘယ်ကြောင့် ညှဉ်းဆဲ ခြင်းကို ခံရသေး သနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင် တော်ကို ထိမိ ၍လဲစရာအကြောင်း ပယ်ရှင်း လျက်ရှိ၏။
If I, Brothers, am still proclaiming circumcision, why am I still persecuted? It seems that the Cross has ceased to be an obstacle!
12 ၁၂ သင် တို့ကို မှောက်မှား စေသောသူ တို့ကို ပယ်ရှား နှင်ထုတ်စေခြင်းငှါငါအလိုရှိ ၏။
I could even wish that the people who are unsettling you would go further still and mutilate themselves.
13 ၁၃ ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
Remember, Brothers, to you the Call came to give you freedom. Only do not make your freedom an opportunity for self-indulgence, but serve one another in a loving spirit.
14 ၁၄ အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။
Indeed, the whole Law has been summed up in this one precept — ‘Thou shalt love thy neighbour as thou dost thyself.’
15 ၁၅ သို့မဟုတ်အချင်းချင်း ကိုက် စား လျှင် အချင်းချင်း ဖျက်ဆီး မည်ဟု စိုးရိမ်၍သတိ ရှိကြလော့။
But, if you are continually wounding and preying upon one another, take care that you are not destroyed by one another.
16 ၁၆ ငါပညတ် သည်ကား၊ ဝိညာဉ် ပကတိအတိုင်း ကျင့် ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိ ပကတိ၏အလို သို့ မ လိုက် ဘဲနေကြလိမ့်မည်။
This is what I have to say — Let your steps be guided by the Spirit, and then you will never gratify the cravings of your earthly nature.
17 ၁၇ အကြောင်းမူကား ၊ ဇာတိ ပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့် ကို မ ကျင့် နိုင်ကြ။
For these cravings of our earthly nature conflict with the Spirit, and the Spirit with our earthly nature — they are two contrary principles — so that you cannot do what you wish.
18 ၁၈ သို့သော် ဝိညာဉ် ပကတိအလိုသို့ လိုက် လျှင် ပညတ် တရားနှင့် လွတ် ကြ၏။
But, if you follow the guidance of the Spirit, you are not subject to Law.
19 ၁၉ ဇာတိ ပကတိအကျင့် တို့သည်ထင်ရှား ကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့ မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊
The sins of our earthly nature are unmistakable. They are sins like these — unchastity, impurity, indecency,
20 ၂၀ ရုပ်တု ကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစား ခြင်း၊ ရန်ငြိုး ဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုန် ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲ ခြင်း၊
idolatry, sorcery, quarrels, strife, jealousy, outbursts of passion, rivalries, dissensions, divisions,
21 ၂၁ သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။
feelings of envy, drunkenness, revelry, and the like. And I warn you, as I warned you before, that those who indulge in such things will have no place in the Kingdom of God.
22 ၂၂ ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
But the fruit produced by the Spirit is love, joy, peace, forbearance, kindliness, generosity, trustfulness, gentleness, self-control.
23 ၂၃ နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့် ကို အဘယ်တရား မျှ မ မြစ်တား ။
Against such things there is no law!
24 ၂၄ ခရစ်တော် နှင့်စပ်ဆိုင်သောသူ တို့သည် ဇာတိ ပကတိကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒ များ ကို၎င်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြပြီ။
And those who belong to Jesus, the Christ, have already crucified their earthly nature, with its passions and its cravings.
25 ၂၅ သို့ဖြစ်၍ငါတို့သည်ဝိညာဉ် ပကတိကြောင့် အသက် ရှင်လျှင် ၊ ဝိညာဉ် ပကတိအတိုင်းကျင့် ကြကုန်အံ့။
Since our Life is due to the Spirit, let us rule our conduct also by the Spirit.
26 ၂၆ အချည်းနှီး သော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူ ခြင်းတို့ကို ရှောင် ၍နေ ကြကုန်အံ့။
Do not let us grow vain, and provoke or envy one another.

< ဂလာတိ 5 >