< ဂလာတိ 4 >

1 တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာရှိသမျှ ကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလ အစေအပါးကျွန်နှင့် တူ၏။
Тож кажу́ я: поки спадкоє́мець дити́на, — він нічим від раба не різни́ться, хоч він пан над усім,
2 အဘ စီရင်နှင့်သော အချိန် ကာလ မ ရောက်မှီ တိုင်အောင်အစောင့် အထိန်းအအုပ်အချုပ် တို့ လက် ၌ ရှိ ၏။
але під опікуна́ми та керівника́ми знаходиться він аж до ча́су, що визначив ба́тько.
3 ထိုနည်းတူ ငါ တို့သည် အရွယ် မရောက်မှီ လောကီ တရားနုလက် ၌ ကျွန် ခံရ ကြ၏။
Так і ми, — поки дітьми́ були, то були поневолені стихі́ями світу.
4 အချိန် ကာလစေ့ သောအခါ ၊ ငါတို့သည်သား ၏အခွင့်အရာကို ခံရမည်အကြောင်း၊
Як настало ж ви́повнення ча́су, Бог послав Свого Сина, що родився від жони, та став під Зако́ном,
5 ပညတ် တရားလက် ၌ရှိ သောငါတို့ကို ရွေးနှုတ် စေခြင်းငှါ ၊ မိန်းမ ဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရား အောက် ၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင် သည်စေလွှတ် တော်မူ၏။
щоб викупити підзако́нних, щоб усино́влення ми прийняли́.
6 ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။
А що ви сини́, Бог послав у ваші серця Духа Сина Свого, що викликує: „Авва, Отче!“
7 သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါး ကျွန်မ ဖြစ် ၊ သား ပင် ဖြစ်ကြ၏။ သား ဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံ လည်း ဖြစ်ကြ၏။
Тому ти вже не раб, але син. А як син, то й спадкоє́мець Божий через Христа.
8 သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကို မ သိ သောအခါ၊ ဇာတိ အားဖြင့်ဘုရား မ ဟုတ် သော သူတို့၏အမှုကိုဆောင်ရွက် ကြ၏။
Та тоді, не знаючи Бога, служили ви тим, що з істоти бога́ми вони не були́.
9 ယခု မူကား သင်တို့သည် ဘုရားသခင် ကို သိ ပြီးမှဟု၍ မဆို၊ ဘုရားသခင် သည် သင်တို့ကို သိ တော်မူပြီးမှ၊ အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနု ဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲ ကြသနည်း။ ထို လောကီ တရား၌ တဖန် ကျွန် ခံခြင်းငှါအလိုရှိ ကြပြီတကား။
А тепер, як пізнали ви Бога, чи краще — як Бог вас пізнав, — як вертаєтесь знов до слаби́х та вбогих стихі́й, яким хочете знов, як давніше, служити?
10 ၁၀ နှစ် ၊ လ ၊ နေ့ရက် ၊ အချိန် ကာလများကို စောင့် ကြပြီတကား။
Ви вважаєте пильно на дні та на місяці, і на по́ри та ро́ки.
11 ၁၁ ငါသည်သင် တို့ဆီမှအချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင် တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
Я боюся за вас, чи не да́рмо я працював коло вас?.
12 ၁၂ ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။
Прошу́ я вас, браття, — будьте, як я, бо й я такий самий, як ви. Нічим ви мене не покри́вдили!
13 ၁၃ ငါသည် ကိုယ် နာ ခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိ တရားကို သင် တို့အား အထက် က ဟောပြော ကြောင်း ကို သင်တို့သိ ကြ၏။
І знаєте ви, що в не́мочі тіла я перше звіщав вам Єва́нгелію,
14 ၁၄ ကိုယ် ကာယ၌ ငါ ခံရသော စုံစမ်း ခြင်းကို သင် တို့ သည်မထီမဲ့မြင် မ ပြု၊ ငါကိုမ ပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန် ကဲ့သို့ ၎င်း ၊ ယေရှု ခရစ် ကဲ့သို့ ၎င်း၊ လက်ခံ ကြ၏။
ви ж моєю спокусою в тілі моїм не пого́рдували, і мене не відкинули, але, немов а́нгола Божого, ви прийняли́ мене, як Христа Ісуса!
15 ၁၅ သို့ဖြစ်လျှင် သင် တို့ခံရသောမင်္ဂလာ ကားအဘယ် မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိ ကိုထုတ် ၍ ငါ့ အား ပေးနိုင် လျှင် ၊ ပေး ခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏။
Тож де ваше тодішнє блаже́нство? Свідкую бо вам, що якби було можна, то ви вибрали б очі свої та мені віддали́ б!
16 ၁၆ ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။
Чи ж я став для вас ворогом, правду гово́рячи вам?
17 ၁၇ သူတထူးတို့သည် သင် တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ် စွာ ချစ်ကြသည်မ ဟုတ်။ သင်တို့သည်သူ တို့ကို အလွန်ချစ် မည်အကြောင်း ၊ သူတို့သည် သင် တို့ကို ပယ် ခြင်းငှါအလိုရှိ ကြ၏။
Недобре пильнують про вас, але вас відлучити хо́чуть, щоб ви пильнували про них.
18 ၁၈ သို့သော်လည်း သင် တို့နှင့်အတူ ငါ ရှိ နေစဉ် တွင်သာ ကောင်း သောအရာကို အလွန်ချစ်အပ်သည် မ ဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။
То добре, — пильнувати про добре постійно, а не тільки тоді, як прихо́джу до вас.
19 ၁၉ ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊
Ді́тки мої, — я зно́ву для вас терплю́ муки поро́ду, поки образ Христа не віді́б'ється в вас!
20 ၂၀ သင် တို့ကို ငါယုံမှား ခြင်းရှိသောကြောင့် ၊ ယခု သင် တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါအလိုရှိ၏။
Я хотів би тепер бути в вас та змінити свій голос, бо маю я су́мнів за вас.
21 ၂၁ ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား မ လည်ကြသလော။
Скажіть мені ви, що хочете бути під Зако́ном: чи не слухаєтесь ви Зако́ну?
22 ၂၂ ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။
Бо написано: „Мав Авраам двох синів, одно́го від рабині, а другого від вільної“.
23 ၂၃ ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။
Але той, хто був від рабині, народився за тілом, а хто був від вільної, — за обі́тницею.
24 ၂၄ ထို အကြောင်းအရာကို ပုံပမာ အားဖြင့်ဆို သော်၊ ထို မိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ် တရားနှစ် ပါးကို ဆိုလို သတည်း။ ဟာဂရ အမည်ရှိ သောမိန်းမ တည်းဟူသောပဋိညာဉ်တရားတပါး သည် သိနာ တောင် ပေါ်မှာစီရင်၍၊ ကျွန် များကိုဘွား တတ်သောတရားဖြစ်၏။
Розуміти це треба інакше, бо це два заповіти: один від гори Сіна́й, що в ра́бство народжує, а він — то Аґа́р.
25 ၂၅ အကြောင်းမူကား၊ ဟာဂရ သည် အာရပ် ပြည်၌ ရှိသော သိနာ တောင် ဖြစ် ၏။ ယခု ရှိသောယေရုရှလင် မြို့နှင့် တူ၏၊ မိမိ သား များနှင့်တကွ ကျွန် ခံရ၏။
Бо Аґа́р — то гора Сіна́й в Ара́бії, а відповідає сучасному Єрусалимові, який у ра́бстві з своїми дітьми́.
26 ၂၆ အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။
А ви́шній Єрусали́м — вільний, він мати всім нам!
27 ၂၇ ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။
Бо написано: „Звеселися, неплідна, ти, що не родиш! Гукай та викликуй ти, що в поро́ді не мучилась, бо в полишеної значно більше дітей, ніж у тієї, що має вона чоловіка!“
28 ၂၈ ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။
А ви, браття, діти обі́тниці за Ісаком!
29 ၂၉ ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။
Але як і тоді, — хто родився за тілом, переслідував тих, хто родився за духом, так само й тепер.
30 ၃၀ သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန် မနှင့် သူ ၏သား ကိုနှင်ထုတ် လော့။ ကျွန် မ၏သား သည် ကျွန် မမဟုတ်သော မိန်းမ၏သား နှင့်အတူ အမွေ မ ခံရဟုလာသတည်း။
Та що каже Писа́ння? „Прожени рабиню й сина її, бо не буде спадкува́ти син рабині ра́зом із сином вільної“.
31 ၃၁ ယခုတွင်ညီအစ်ကို တို့၊ ငါတို့သည် ကျွန် မ၏ သားမ ဟုတ်၊ ကျွန် မမဟုတ်သော မိန်းမ၏ သား ဖြစ် ကြ၏။
Тому́, браття, не сини́ ми рабині, але вільної!

< ဂလာတိ 4 >