< ဂလာတိ 4 >
1 ၁ တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာရှိသမျှ ကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလ အစေအပါးကျွန်နှင့် တူ၏။
λεγω δε εφ οσον χρονον ο κληρονομος νηπιος εστιν ουδεν διαφερει δουλου κυριος παντων ων
2 ၂ အဘ စီရင်နှင့်သော အချိန် ကာလ မ ရောက်မှီ တိုင်အောင်အစောင့် အထိန်းအအုပ်အချုပ် တို့ လက် ၌ ရှိ ၏။
αλλα υπο επιτροπους εστιν και οικονομους αχρι της προθεσμιας του πατρος
3 ၃ ထိုနည်းတူ ငါ တို့သည် အရွယ် မရောက်မှီ လောကီ တရားနုလက် ၌ ကျွန် ခံရ ကြ၏။
ουτως και ημεις οτε ημεν νηπιοι υπο τα στοιχεια του κοσμου ημεν δεδουλωμενοι
4 ၄ အချိန် ကာလစေ့ သောအခါ ၊ ငါတို့သည်သား ၏အခွင့်အရာကို ခံရမည်အကြောင်း၊
οτε δε ηλθεν το πληρωμα του χρονου εξαπεστειλεν ο θεος τον υιον αυτου γενομενον εκ γυναικος γενομενον υπο νομον
5 ၅ ပညတ် တရားလက် ၌ရှိ သောငါတို့ကို ရွေးနှုတ် စေခြင်းငှါ ၊ မိန်းမ ဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရား အောက် ၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင် သည်စေလွှတ် တော်မူ၏။
ινα τους υπο νομον εξαγοραση ινα την υιοθεσιαν απολαβωμεν
6 ၆ ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။
οτι δε εστε υιοι εξαπεστειλεν ο θεος το πνευμα του υιου αυτου εις τας καρδιας υμων κραζον αββα ο πατηρ
7 ၇ သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါး ကျွန်မ ဖြစ် ၊ သား ပင် ဖြစ်ကြ၏။ သား ဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံ လည်း ဖြစ်ကြ၏။
ωστε ουκετι ει δουλος αλλ υιος ει δε υιος και κληρονομος θεου δια χριστου
8 ၈ သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကို မ သိ သောအခါ၊ ဇာတိ အားဖြင့်ဘုရား မ ဟုတ် သော သူတို့၏အမှုကိုဆောင်ရွက် ကြ၏။
αλλα τοτε μεν ουκ ειδοτες θεον εδουλευσατε τοις μη φυσει ουσιν θεοις
9 ၉ ယခု မူကား သင်တို့သည် ဘုရားသခင် ကို သိ ပြီးမှဟု၍ မဆို၊ ဘုရားသခင် သည် သင်တို့ကို သိ တော်မူပြီးမှ၊ အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနု ဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲ ကြသနည်း။ ထို လောကီ တရား၌ တဖန် ကျွန် ခံခြင်းငှါအလိုရှိ ကြပြီတကား။
νυν δε γνοντες θεον μαλλον δε γνωσθεντες υπο θεου πως επιστρεφετε παλιν επι τα ασθενη και πτωχα στοιχεια οις παλιν ανωθεν δουλευειν θελετε
10 ၁၀ နှစ် ၊ လ ၊ နေ့ရက် ၊ အချိန် ကာလများကို စောင့် ကြပြီတကား။
ημερας παρατηρεισθε και μηνας και καιρους και ενιαυτους
11 ၁၁ ငါသည်သင် တို့ဆီမှအချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင် တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
φοβουμαι υμας μηπως εικη κεκοπιακα εις υμας
12 ၁၂ ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။
γινεσθε ως εγω οτι καγω ως υμεις αδελφοι δεομαι υμων ουδεν με ηδικησατε
13 ၁၃ ငါသည် ကိုယ် နာ ခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိ တရားကို သင် တို့အား အထက် က ဟောပြော ကြောင်း ကို သင်တို့သိ ကြ၏။
οιδατε δε οτι δι ασθενειαν της σαρκος ευηγγελισαμην υμιν το προτερον
14 ၁၄ ကိုယ် ကာယ၌ ငါ ခံရသော စုံစမ်း ခြင်းကို သင် တို့ သည်မထီမဲ့မြင် မ ပြု၊ ငါကိုမ ပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန် ကဲ့သို့ ၎င်း ၊ ယေရှု ခရစ် ကဲ့သို့ ၎င်း၊ လက်ခံ ကြ၏။
και τον πειρασμον μου τον εν τη σαρκι μου ουκ εξουθενησατε ουδε εξεπτυσατε αλλ ως αγγελον θεου εδεξασθε με ως χριστον ιησουν
15 ၁၅ သို့ဖြစ်လျှင် သင် တို့ခံရသောမင်္ဂလာ ကားအဘယ် မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိ ကိုထုတ် ၍ ငါ့ အား ပေးနိုင် လျှင် ၊ ပေး ခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏။
τις ουν ην ο μακαρισμος υμων μαρτυρω γαρ υμιν οτι ει δυνατον τους οφθαλμους υμων εξορυξαντες αν εδωκατε μοι
16 ၁၆ ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။
ωστε εχθρος υμων γεγονα αληθευων υμιν
17 ၁၇ သူတထူးတို့သည် သင် တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ် စွာ ချစ်ကြသည်မ ဟုတ်။ သင်တို့သည်သူ တို့ကို အလွန်ချစ် မည်အကြောင်း ၊ သူတို့သည် သင် တို့ကို ပယ် ခြင်းငှါအလိုရှိ ကြ၏။
ζηλουσιν υμας ου καλως αλλα εκκλεισαι υμας θελουσιν ινα αυτους ζηλουτε
18 ၁၈ သို့သော်လည်း သင် တို့နှင့်အတူ ငါ ရှိ နေစဉ် တွင်သာ ကောင်း သောအရာကို အလွန်ချစ်အပ်သည် မ ဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။
καλον δε το ζηλουσθαι εν καλω παντοτε και μη μονον εν τω παρειναι με προς υμας
19 ၁၉ ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊
τεκνια μου ους παλιν ωδινω αχρις ου μορφωθη χριστος εν υμιν
20 ၂၀ သင် တို့ကို ငါယုံမှား ခြင်းရှိသောကြောင့် ၊ ယခု သင် တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါအလိုရှိ၏။
ηθελον δε παρειναι προς υμας αρτι και αλλαξαι την φωνην μου οτι απορουμαι εν υμιν
21 ၂၁ ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား မ လည်ကြသလော။
λεγετε μοι οι υπο νομον θελοντες ειναι τον νομον ουκ ακουετε
22 ၂၂ ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။
γεγραπται γαρ οτι αβρααμ δυο υιους εσχεν ενα εκ της παιδισκης και ενα εκ της ελευθερας
23 ၂၃ ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။
αλλ ο μεν εκ της παιδισκης κατα σαρκα γεγεννηται ο δε εκ της ελευθερας δια της επαγγελιας
24 ၂၄ ထို အကြောင်းအရာကို ပုံပမာ အားဖြင့်ဆို သော်၊ ထို မိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ် တရားနှစ် ပါးကို ဆိုလို သတည်း။ ဟာဂရ အမည်ရှိ သောမိန်းမ တည်းဟူသောပဋိညာဉ်တရားတပါး သည် သိနာ တောင် ပေါ်မှာစီရင်၍၊ ကျွန် များကိုဘွား တတ်သောတရားဖြစ်၏။
ατινα εστιν αλληγορουμενα αυται γαρ εισιν αι δυο διαθηκαι μια μεν απο ορους σινα εις δουλειαν γεννωσα ητις εστιν αγαρ
25 ၂၅ အကြောင်းမူကား၊ ဟာဂရ သည် အာရပ် ပြည်၌ ရှိသော သိနာ တောင် ဖြစ် ၏။ ယခု ရှိသောယေရုရှလင် မြို့နှင့် တူ၏၊ မိမိ သား များနှင့်တကွ ကျွန် ခံရ၏။
το γαρ αγαρ σινα ορος εστιν εν τη αραβια συστοιχει δε τη νυν ιερουσαλημ δουλευει δε μετα των τεκνων αυτης
26 ၂၆ အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။
η δε ανω ιερουσαλημ ελευθερα εστιν ητις εστιν μητηρ παντων ημων
27 ၂၇ ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။
γεγραπται γαρ ευφρανθητι στειρα η ου τικτουσα ρηξον και βοησον η ουκ ωδινουσα οτι πολλα τα τεκνα της ερημου μαλλον η της εχουσης τον ανδρα
28 ၂၈ ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။
ημεις δε αδελφοι κατα ισαακ επαγγελιας τεκνα εσμεν
29 ၂၉ ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။
αλλ ωσπερ τοτε ο κατα σαρκα γεννηθεις εδιωκεν τον κατα πνευμα ουτως και νυν
30 ၃၀ သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန် မနှင့် သူ ၏သား ကိုနှင်ထုတ် လော့။ ကျွန် မ၏သား သည် ကျွန် မမဟုတ်သော မိန်းမ၏သား နှင့်အတူ အမွေ မ ခံရဟုလာသတည်း။
αλλα τι λεγει η γραφη εκβαλε την παιδισκην και τον υιον αυτης ου γαρ μη κληρονομηση ο υιος της παιδισκης μετα του υιου της ελευθερας
31 ၃၁ ယခုတွင်ညီအစ်ကို တို့၊ ငါတို့သည် ကျွန် မ၏ သားမ ဟုတ်၊ ကျွန် မမဟုတ်သော မိန်းမ၏ သား ဖြစ် ကြ၏။
αρα αδελφοι ουκ εσμεν παιδισκης τεκνα αλλα της ελευθερας