< ဧဇရ 1 >
1 ၁ ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊
In order to fulfill the Lord's prophecy given through Jeremiah, the Lord encouraged Cyrus, king of Persia, to issue a proclamation throughout his kingdom and also to put it in writing, saying,
2 ၂ ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။
“This is what Cyrus king of Persia says: ‘The Lord, the God of heaven, who has given to me all the kingdoms of the earth, has given me the responsibility to build a Temple for him at Jerusalem in Judah.
3 ၃ သင် တို့တွင် အဘယ်သူ သည် ဘုရား သခင်၏ လူ ဖြစ်သနည်း။ ထိုသူ နှင့်အတူ ဘုရား သခင်ရှိ တော်မူပါစေသော။ ယုဒ ပြည်ယေရုရှလင် မြို့သို့ သွား ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကို တည် ဆောက်စေ။ ယေရုရှလင် မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။
Anyone among you who belongs to his people can go to Jerusalem in Judah to rebuild this Temple of the Lord, the God of Israel, who lives in Jerusalem. May your God be with you.
4 ၄ ဘုရားသခင်၏လူ တည်းခို ရာ အရပ်ရပ် ၌ နေ သောသူတို့သည်၊ ယေရုရှလင် မြို့မှာ ရှိတော်မူသော ဘုရား သခင်၏ အိမ် တော်အဘို့ အလိုလို လှူသော အလှူမှတပါး၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန် နှင့် မစ စေဟု မိန့်တော်မူ၏။
Wherever survivors are currently living, let them be helped by the people that region with silver, gold, goods, and livestock, together with a voluntary donation for God's Temple in Jerusalem.’”
5 ၅ ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။
Then God encouraged the family leaders of Judah and Benjamin, as well as the priests and Levites to go and rebuild the Lord's Temple in Jerusalem.
6 ၆ အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။
All their neighbors supported them with gifts of silver and gold, with goods and livestock, and with other valuable items, in addition to all their voluntary donations.
7 ၇ ထိုမှတပါး၊ ယေရုရှလင် မြို့မှ နေဗုခဒ်နေဇာ သိမ်း သွား၍၊ မိမိ ဘုရား တို့ဗိမာန် ၌ သွင်း ထားသော ဗိမာန် တော်တန်ဆာ တို့ကို၊
King Cyrus also retrieved the items belonging to the Lord's Temple that Nebuchadnezzar had taken from Jerusalem and placed in the temple of his god.
8 ၈ ပေရသိ ရှင်ဘုရင် ကုရု သည် ရွှေတိုက် စိုး မိသရေဒတ် လက် ဖြင့် ထုတ် ၍ ၊ ယုဒ မင်း ရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ၏။
Cyrus had Mithredath the treasurer retrieve them, who counted them and gave them to Sheshbazzar, the leader of Judah.
9 ၉ ဗိမာန်တော် တန်ဆာစာရင်း ဟူမူကား၊ ရွှေ ဖလား သုံး ဆယ်၊ ငွေ ဖလား တ ထောင်၊ ထား နှစ် ဆယ်ကိုး စင်း၊
This was the list: 30 gold basins, 1,000 silver basins, 29 silver silverware,
10 ၁၀ ရွှေ အိုး သုံး ဆယ်၊ ခြားနားသောငွေ အိုး လေး ရာ တ ဆယ်၊ အခြား သောတန်ဆာ တ ထောင်၊
30 gold bowls, 410 matching silver bowls, and 1,000 other items.
11 ၁၁ ရွှေ တန်ဆာ ၊ ငွေ တန်ဆာအရေအတွက်ပေါင်း ကား၊ ငါး ထောင် လေး ရာ တည်း။ ထိုတန်ဆာများကို ရှေရှဗာဇာ သည် ယူ၍၊ အချုပ် ခံရသောလူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင် မြို့သို့ ခေါ် သွားသောသူတို့ နှင့်အတူ ဆောင် ခဲ့၏။
In total there were 5,400 gold and silver items. When the exiles left Babylon to go to Jerusalem Sheshbazzar took all these along with them.