< ဧဇရ 8 >
1 ၁ အာတဇေရဇ် မင်းကြီး လက်ထက် ၌ ၊ ငါ နှင့်အတူ ဗာဗုလုန် မြို့မှ ထွက်သွား သောသူ အဆွေအမျိုးသူကြီး တို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။
၁အာတဇေရဇ်မင်းကြီးလက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား။
2 ၂ ဖိနဟတ် အမျိုး ဂေရရှုံ ၊ ဣသမာ အမျိုး ဒံယေလ ၊ ဒါဝိဒ် အမျိုး ဟတ္တုတ်၊
၂ဖိနဟတ်မျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
3 ၃ ရှေခနိ အမျိုး ဖာရုတ် အနွယ် ထဲက ဇာခရိ နှင့် စာရင်း ဝင်သူ ယောက်ျား ပေါင်းတရာ ငါး ကျိပ်။
၃ရှေခနိအမျိုး ဖာရုတ်အနွှယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ်။
4 ၄ ပါဟတ်မောဘ အမျိုး ၊ ဇေရာယ သား ဧလျောနဲ နှင့် ယောက်ျား ပေါင်းနှစ် ရာ၊
၄ပါဟတ်မောဘအမျိုး၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ၊
5 ၅ ရှေခနိ အမျိုး ယဟာဇေလ သား နှင့် ယောက်ျား ပေါင်းသုံး ရာ၊
၅ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ၊
6 ၆ အာဒိန် အမျိုး ယောနသန် သား ဧဗက် နှင့် ယောက်ျား ပေါင်းငါး ကျိပ်၊
၆အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊
7 ၇ ဧလံ အမျိုး ၊ အာသလိ သား ယေရှာယ နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်၊
၇ဧလံအမျိုး၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်
8 ၈ ရှေဖတိ အမျိုး မိက္ခေလ သား ဇေဗဒိ နှင့် ယောက်ျား ပေါင်းရှစ် ကျိပ်၊
၈ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊
9 ၉ ယွာဘ အမျိုး ယေဟေလ သား ဩဗဒိ နှင့် ယောက်ျား ပေါင်းနှစ် ရာတကျိပ် ရှစ် ယောက်၊
၉ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက်၊
10 ၁၀ ရှေလောမိတ် အမျိုး ၊ ယောသိဖိ သား နှင့် ယောက်ျား ပေါင်းတရာ ခြောက် ကျိပ်၊
၁၀ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ်၊
11 ၁၁ ဗေဗဲ အမျိုး ၊ ဗေဗဲ သား ဇာခရိ နှင့် ယောက်ျား ပေါင်းနှစ် ကျိပ် ရှစ် ယောက်၊
၁၁ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက်၊
12 ၁၂ အာဇဂဒ် အမျိုး ၊ ဟက္ကတန် သား ယောဟနန် နှင့် ယောက်ျား ပေါင်းတရာ တကျိပ်၊
၁၂အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊
13 ၁၃ အဒေါနိကံ အမျိုးသား တို့တွင် ၊ နောက်ကျ သောသူ၊ ဧလိဖလက် ၊ ယေယေလ ၊ ရှေမာယ နှင့် ယောက်ျား ပေါင်းခြောက် ကျိပ်၊
၁၃အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊
14 ၁၄ ဗိဂဝဲ အမျိုးသား ဥသဲ ၊ ဇဗ္ဗုဒ် နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်တည်း။
၁၄ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း။
15 ၁၅ ထိုလူများတို့ကို အဟာဝ မြို့သို့ စီး သော မြစ် နား မှာ ငါစုဝေး စေ၍ ၊ သုံး ရက် ပတ်လုံးတဲ ၌ နေကြ၏။ လူ များ နှင့် ယဇ် ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိ သား တယောက်ကိုမျှ မ တွေ့ သောအခါ၊
၁၅ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ၊
16 ၁၆ လူကြီးဧလျေဇာ ၊ အရေလ ၊ ရှေမာယ ၊ နာသန် ၊ ဇာခရိ ၊ မေရှုလံ ၊ ပညာရှိယာရိပ် ၊ ဧလနာသန် တို့ကို ခေါ် ၍၊
၁၆လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
17 ၁၇ ကသိဖိ မြို့သူကြီး ဣဒေါ ထံ သို့ မှာစာနှင့် စေလွှတ် လျက် ၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကို ဘုရား ကျွန်တို့သည်၊ ငါ တို့ဘုရား သခင့် အိမ် တော်အမှု စောင့်များကို ပေး စေခြင်းငှါ ၊ သူတို့အား အဘယ်သို့ပြောဆိုရမည်ကို ငါမှာလိုက်၏။
၁၇ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
18 ၁၈ ထိုသူတို့သည် ငါ တို့၏ဘုရား သခင့်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ဣသရေလ သား လေဝိ ၏သား မဟာလိ အမျိုးသား ၊ ပညာရှိ တယောက် ၊ ရှေရဘိ နှင့် သူ ၏ပေါက်ဘော် တကျိပ် ရှစ် ယောက်၊
၁၈ထိုသူတို့သည် ငါတို့၏ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဘော်တကျိပ်ရှစ်ယောက်၊
19 ၁၉ ဟာရှဘိ နှင့် မေရာရိ အမျိုး ယေရှာယ နှင့် သူ ၏ ပေါက်ဘော် နှစ် ကျိပ်၊
၁၉ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ၏ ပေါက်ဘော်နှစ်ကျိပ်၊
20 ၂၀ လေဝိ သားအမှု ကိုဆောင်ရွက်စေခြင်းငှါ ၊ ဒါဝိဒ် နှင့် မှူး တော်မတ် တော်ခန့် ထားသော ဘုရား ကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ် ရာနှစ် ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
၂၀လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
21 ၂၁ ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွ ၊ ငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ၍ ၊ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါ ၊ အဟာဝ မြစ် နားတွင် ၊ အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။
၂၁ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာခြိုးခြံစွာ ကျင့်ခြင်းငှါ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။
22 ၂၂ အကြောင်း မူကား၊ ကျွန်တော်တို့ ဘုရား သခင်ကို ရှာ သောသူအပေါင်း တို့သည်၊ တန်ခိုးကျေးဇူးတော်ကိုခံ ရကြလိမ့်မည်။ ကိုယ်တော် ကို စွန့် သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက် တော်သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင် အား လျှောက် ထားသောကြောင့် ၊ လမ်း တွင် ရန်သူ လက်နှင့်လွတ်စေခြင်းငှါ လိုက်၍ပို့ ရသောစစ် သူရဲ၊ မြင်းစီး သူရဲ၊ တတပ်ကိုရှင်ဘုရင် ၌ မ တောင်း ဝံ့၊ ရှက်ကြ၏။
၂၂အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင် ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော်သက်ရောက် လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသော ကြောင့်၊ လမ်းတွင် ရန်သူလက်နှင့်လွတ်စေခြင်းငှါ၊ လိုက်ပို့ ရသောစစ်သူရဲ၊ မြင်းစီးသူရဲ၊ တတပ်ကိုရှင်ဘုရင်၌ မတောင်းဝံ့၊ ရှက်ကြ၏။
23 ၂၃ ထိုအမှုကြောင့်၊ ငါတို့သည်အစာ ရှောင်၍ ၊ ငါ တို့ ဘုရား သခင်ကို ဆုတောင်း လျက်နေကြ၏။ ဘုရားသခင်လည်း နားထောင် တော်မူ၏။
၂၃ထိုအမှုကြောင့်၊ ငါတို့သည်အစာရှောင်၍၊ ငါတို့ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင် လည်း နားထောင်တော်မူ၏။
24 ၂၄ ထိုအခါ ယဇ်ပုရောဟိတ် အကြီး တကျိပ် နှစ် ပါး၊ ရှေရဘိ ၊ ဟာရှဘိ နှင့် သူ တို့ညီအစ်ကို တကျိပ် ကို ငါရွေး ထားပြီးလျှင်၊
၂၄ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင်၊
25 ၂၅ ရှင်ဘုရင် မှစ၍အတွင်းဝန် ၊ မှူး တော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ငါ တို့၏ဘုရား သခင့် အိမ် တော်အဘို့ လှူ သောပူဇော် သက္ကာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ တည်းဟူသော၊
၂၅ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
26 ၂၆ ငွေ အခွက် ခြောက် ထောင် ငါး ပိဿာ၊ ငွေ တန်ဆာ အခွက် တထောင် ၊ ရွှေ အခွက် တထောင်၊
၂၆ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တတေထောင်၊ ရွှေအခွက်တထောင်။
27 ၂၇ ရွှေ ဒင်္ဂါးတထောင် အချိန်ရှိသောရွှေ အင်တုံ နှစ် ဆယ်၊ ရွှေ နှင့် အမျှမြတ် သော ရွှေကြေးဝါ စစ် ဖလား နှစ် လုံးတို့ကို ငါချိန် ၍ အပ် လျက်၊
၂၇ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
28 ၂၈ သင် တို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာ တို့သည်လည်း သန့်ရှင်း သောတန်ဆာဖြစ်ကြ၏။ ဤငွေ နှင့် ဤရွှေ သည်လည်း ၊ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူသောရွှေငွေဖြစ်၏။
၂၈သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ်၏။
29 ၂၉ ယေရုရှလင် မြို့၊ ထာဝရဘုရား ၏အိမ် တော် အခန်း တို့တွင် ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အဆွေအမျိုးသူကြီး တို့ရှေ့ မှာ မချိန် မှီတိုင်အောင် ကြည့်ရှု စောင့်ရှောက် ကြလော့ဟု မှာထား၏။
၂၉ယေရုရှလင်မြို့၊ ထာဝရဘုရား၏အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
30 ၃၀ ထိုသို့ချိန် သော ရွှေ ၊ ငွေ တန်ဆာ တို့ကို ယေရုရှလင် မြို့၊ ငါ တို့၏ဘုရား သခင်အိမ် တော်သို့ ပို့ဆောင် ခြင်းငှာ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်ခံယူ ကြ၏။
၃၀ထိုအချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့။ ငါတို့
31 ၃၁ ပဌမ လ တဆယ် နှစ် ရက်နေ့တွင် ၊ ငါတို့သည် အဟာဝ မြစ် မှ ထွက် ၍ ၊ ယေရုရှလင် မြို့သို့ ခရီးသွား ကြ၏။ လမ်း နား ၌ ချောင်း ၍နေသောရန်သူ လက် မှ ၊ ငါ တို့၏ ဘုရား သခင့်တန်ခိုးတော်ကြောင့် လွတ် လျက်၊
၃၁ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
32 ၃၂ ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ကြ၏။
၃၂ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
33 ၃၃ စတုတ္ထ နေ့ တွင် ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ၊ ဖိနဟတ် သား ဧလာဇာ နှင့် လေဝိ အမျိုးယောရှု သား ယောဇဗဒ် ၊ ဗိနွိ သား နောဒိ တို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
၃၃စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
34 ၃၄ ဥရိ သား ယဇ်ပုရောဟိတ် မေရမုတ် သည် ထိုရွှေ ငွေ တန်ဆာ ရှိသမျှတို့ကို ရေတွက် ချိန်တွယ် ၍ တနေ့ ခြင်း တွင် အချိန် ပေါင်း ကို မှတ်သား လေ၏။
၃၄ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ၏။
35 ၃၅ သိမ်း သွားခြင်းကိုခံရသောလူစုထဲက ထွက် လာ သောသူတို့ သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွား တဆယ် နှစ် ကောင်၊ သိုး ထီးကိုး ဆယ်ခြောက် ကောင်၊ သိုး သငယ်ခုနစ် ဆယ်ခုနစ် ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တဆယ် နှစ် ကောင်တို့ကို၊ ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ပူဇော် ကြ၏။
၃၅သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင်၊ သိုးထီးကိုးဆယ်ခြောက်ကောင်၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
36 ၃၆ ရှင်ဘုရင် အမိန့် တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ် အနောက် ဘက် မြို့ဝန် တို့၌အပ် ၍ ၊ သူတို့ သည် ဣသရေလအမျိုး နှင့် ဘုရား သခင့် အိမ် တော်ကို ပြုစု ကြ၏။
၃၆ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ၏။