< ဧ​ဇ​ရ 6 >

1 ထိုအခါ ဒါရိ မင်းကြီး အမိန့် တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာ တော်ထား ရာစာ တိုက် ၌ ရှာဖွေ ကြ၏။
Then Daryavesh the king made a decree, and search was made in the house of the archives, where the treasures were laid up in Babylon.
2 မေဒိ ပြည် ၊ အာခမေသ မြို့၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသောစကားဟူမူကား၊
There was found at Achmetha, in the palace that is in the province of Media, a scroll, and there was written in it as follows: "Memorandum:
3 ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
In the first year of Koresh the king, Koresh the king made a decree: Concerning God's house at Jerusalem, let the house be built, the place where they offer sacrifices, and let its foundations be strongly laid; its height one hundred three feet and four inches; and its breadth one hundred three feet and four inches;
4 ကြီး သောကျောက် တန်း သုံး ဆင့်၊ အသစ် သော သစ်သား တန်း တဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ် များ ကိုလည်း ဘဏ္ဍာ တော်ထဲက ထုတ်၍ပေး စေ။
with three layers of great stones, and one layer of timber. And let the expenses be given out of the king's house.
5 ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက နေဗုခဒ်နေဇာ ထုတ် ၍ ဘုရား သခင်၏အိမ် တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန် မြို့သို့ ဆောင် ခဲ့သော ရွှေ တန်ဆာငွေ တန်ဆာ တို့ကို ပြန်ပေး စေ။ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရား အိမ် တော်ထဲ တွင် မိမိ တို့နေရာ ၌ ထားစေဟု ကုရု မင်းကြီး သည် နန်းစံပဌမ နှစ် တွင် ၊ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမှု မှာ အမိန့် တော်ရှိ၏။
Also let the gold and silver vessels of God's house, which Nebuchadnezzar took forth out of the temple which is at Jerusalem, and brought to Babylon, be restored, and brought again to the temple which is at Jerusalem, everyone to its place; and you shall put them in God's house.
6 သို့ဖြစ်၍၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သင် တို့အပေါင်း အဘော်တည်း ဟူသောမြစ် အနောက် ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွား ကြ။
Now therefore, Tattenai, governor beyond the River, Shetharbozenai, and your companions the Apharsachites, who are beyond the River, you must stay far from there.
7 ထိုဘုရား ၏အိမ် တော်တည်ခြင်း အမှု ကိုမဆီး မတားကြနှင့်။ ယုဒ မြို့ဝန် နှင့် ယုဒ အမျိုး အသက် ကြီးသူတို့ သည် ထိုအိမ် တော်ကို မိမိ နေရာ ၌ တည် ပါလေစေ၊
Leave the work of this house of God alone; let the governor of the Jews and the elders of the Jews build this house of God in its place.
8 ထိုမှတပါး၊ သင်တို့သည် ထို ဘုရား ၏ အိမ် တော် တည် ခြင်းအမှုကို ယုဒ အမျိုးအသက် ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီး အတားမ ရှိစေခြင်းငှါ ၊ မြစ် အနောက် ဘက်၌ ခံသောအခွန် တော်တည်း ဟူသောဘဏ္ဍာ တော်ထဲက အိမ်တော်တည်စရာစရိတ် ကို ချက်ခြင်း ထုတ်ပေး ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
Moreover I make a decree what you shall do to these elders of the Jews for the building of this house of God: that of the king's goods, even of the tribute beyond the River, expenses be given with all diligence to these men, that they be not hindered.
9 ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊
That which they have need of, both young bulls, and rams, and lambs, for burnt offerings to the God of heaven; also wheat, salt, wine, and oil, according to the word of the priests who are at Jerusalem, let it be given them day by day without fail;
10 ၁၀ ရှင် ဘုရင်အသက် ၊ ဆွေ တော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်း စေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင် မြို့ ယဇ်ပုရောဟိတ် တို့ စီရင် သည်အတိုင်း ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်အား မီး ရှို့ရာယဇ် ပူဇော်စရာဘို့ နွား ၊ သိုး ထီး၊ သိုး သငယ်၊ စပါး၊ ဆား ၊ စပျစ်ရည် ၊ ဆီ တို့ကိုနေ့တိုင်း အစဉ် မပြတ်ပေး စေ။
that they may offer sacrifices of pleasant aroma to the God of heaven, and pray for the life of the king, and of his sons.
11 ၁၁ ၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။
Also I have made a decree, that whoever shall alter this word, let a beam be pulled out from his house, and let him be lifted up and fastened thereon; and let his house be made a dunghill for this:
12 ၁၂ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်ကို ကျိုးပဲ့ပျက်စီး စေခြင်းငှါ ပြုသောရှင် ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမ တော်တည် စေသော ဘုရား သခင်သည် ဖျက်ဆီး တော်မူပါစေသော။ ငါ ဒါရိ သည် အမိန့် တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန် ပြု စေဟု ပေးလိုက်သတည်း။
and the God who has caused his name to dwell there overthrow all kings and peoples who shall put forth their hand to alter the same, to destroy this house of God which is at Jerusalem. I Daryavesh have made a decree; let it be done with all diligence.
13 ၁၃ ထိုအခါ ဒါရိ မင်းကြီး ပေး လိုက်သော အမိန့်တော် အတိုင်း ၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သူ တို့အပေါင်း အဘော်တို့သည် အလျင် အမြန် ပြု ကြ၏။
Then Tattenai, the governor beyond the River, Shetharbozenai, and their companions, because Daryavesh the king had sent a decree, did accordingly with all diligence.
14 ၁၄ ယုဒ အမျိုးအသက် ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ဇာခရိ ဟော သော အားဖြင့် ၊ အကြံ ထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရား သခင် အမိန့် တော်နှင့် ပေရသိ ရှင် ဘုရင်ကုရု မင်း၊ ဒါရိ မင်း အမိန့် တော်အတိုင်း တည်ဆောက် ၍ လက်စသတ် ကြ၏။
The elders of the Jews built and prospered, through the prophesying of Haggai the prophet and Zechariah the son of Iddo. They built and finished it, according to the commandment of the God of Israel, and according to the decree of Koresh, and Daryavesh, and Artachshasta king of Persia.
15 ၁၅ ဒါရိ မင်းကြီး နန်းစံ ခြောက် နှစ် ၊ အာဒါ လ သုံး ရက် နေ့တွင် အိမ် တော်သည် ပြီးပြည့်စုံ ၏။
This house was finished on the third day of the month Adar, which was in the sixth year of the reign of Daryavesh the king.
16 ၁၆ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။
The children of Israel, the priests, and the Levites, and the rest of the people from the exile, kept the dedication of this house of God with joy.
17 ၁၇ ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
They offered at the dedication of this house of God one hundred bulls, two hundred rams, four hundred lambs; and for a sin offering for all Israel, twelve male goats, according to the number of the tribes of Israel.
18 ၁၈ မောရှေ ကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရုရှလင် မြို့၌ ဘုရား ဝတ် ကို ပြုစေခြင်းငှါ ၊ ယဇ် ပုရောဟိတ်အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့ သော လေဝိ သားတို့ကို၎င်းခန့် ထားကြ၏။
They set the priests in their divisions, and the Levites in their courses, for the service of God, which is at Jerusalem; as it is written in the book of Moses.
19 ၁၉ သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ပဌမ လ တဆယ် လေး ရက်နေ့တွင် ပသခါ ပွဲကိုလည်း ခံ ကြ ၏။
The people from the exile kept the Passover on the fourteenth day of the first month.
20 ၂၀ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။
For the priests and the Levites had purified themselves together; all of them were pure: and they killed the Passover lamb for all the people from the exile, and for their brothers the priests, and for themselves.
21 ၂၁ သိမ်း သွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလ အမျိုးသား များ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ တပါး အမျိုးသား နေရာ အရပ် အညစ် အကြေးကို ပယ်ရှား သော သူများအပေါင်း တို့သည် ပသခါပွဲကိုစား ၍၊
The children of Israel who had come again out of the captivity, and all such as had separated themselves to them from the filthiness of the nations of the land, to seek the LORD, the God of Israel, ate,
22 ၂၂ ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။
and kept the feast of unleavened bread seven days with joy: for the LORD had made them joyful, and had turned the heart of the king of Assyria to them, to strengthen their hands in the work of God's house, the God of Israel.

< ဧ​ဇ​ရ 6 >