< ဧဇရ 6 >
1 ၁ ထိုအခါ ဒါရိ မင်းကြီး အမိန့် တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာ တော်ထား ရာစာ တိုက် ၌ ရှာဖွေ ကြ၏။
Thus King Darius ordered that a search be made of the archives that were housed in the treasury of Babylon.
2 ၂ မေဒိ ပြည် ၊ အာခမေသ မြို့၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသောစကားဟူမူကား၊
But it was actually in the fortress of Ecbatana, in the province of Media, that a scroll was found, recording the following:
3 ၃ ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
In the first year of King Cyrus, he issued a decree regarding God's Temple in Jerusalem: Let the Temple be rebuilt as a place where sacrifices are offered, and make sure it has strong foundations are firm. Make it sixty cubits high and sixty cubits wide,
4 ၄ ကြီး သောကျောက် တန်း သုံး ဆင့်၊ အသစ် သော သစ်သား တန်း တဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ် များ ကိုလည်း ဘဏ္ဍာ တော်ထဲက ထုတ်၍ပေး စေ။
with three layers of stone blocks and one of timber. Expenses are to be paid from the royal treasury.
5 ၅ ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက နေဗုခဒ်နေဇာ ထုတ် ၍ ဘုရား သခင်၏အိမ် တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန် မြို့သို့ ဆောင် ခဲ့သော ရွှေ တန်ဆာငွေ တန်ဆာ တို့ကို ပြန်ပေး စေ။ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရား အိမ် တော်ထဲ တွင် မိမိ တို့နေရာ ၌ ထားစေဟု ကုရု မင်းကြီး သည် နန်းစံပဌမ နှစ် တွင် ၊ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမှု မှာ အမိန့် တော်ရှိ၏။
In addition, the gold and silver items of God's Temple, which Nebuchadnezzar took from the Temple in Jerusalem and brought to Babylon, must also be returned to the Temple in Jerusalem and placed there.
6 ၆ သို့ဖြစ်၍၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သင် တို့အပေါင်း အဘော်တည်း ဟူသောမြစ် အနောက် ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွား ကြ။
These are my instructions to you, Tattenai, governor of the province west of the Euphrates, Shethar-bozenai, and your fellow officials, and officials of the province: Stay far away from there!
7 ၇ ထိုဘုရား ၏အိမ် တော်တည်ခြင်း အမှု ကိုမဆီး မတားကြနှင့်။ ယုဒ မြို့ဝန် နှင့် ယုဒ အမျိုး အသက် ကြီးသူတို့ သည် ထိုအိမ် တော်ကို မိမိ နေရာ ၌ တည် ပါလေစေ၊
This work on God's Temple—leave it alone! Let the governor and leaders of the Jews continue with rebuilding this Temple of God on its original site.
8 ၈ ထိုမှတပါး၊ သင်တို့သည် ထို ဘုရား ၏ အိမ် တော် တည် ခြင်းအမှုကို ယုဒ အမျိုးအသက် ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီး အတားမ ရှိစေခြင်းငှါ ၊ မြစ် အနောက် ဘက်၌ ခံသောအခွန် တော်တည်း ဟူသောဘဏ္ဍာ တော်ထဲက အိမ်တော်တည်စရာစရိတ် ကို ချက်ခြင်း ထုတ်ပေး ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
Furthermore, this is my decree as to what you are to do for these Jewish leaders regarding the rebuilding of this Temple of God. The full expense involved is to be paid from royal income, the tribute of the province west of the Euphrates, so that the work will not be delayed.
9 ၉ ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊
Provide whatever is needed by the priests in Jerusalem: young bulls, rams, and lambs for burnt offerings to the God of heaven, and wheat, salt, wine, and olive oil. Make sure to give them this each day without fail.
10 ၁၀ ရှင် ဘုရင်အသက် ၊ ဆွေ တော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်း စေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင် မြို့ ယဇ်ပုရောဟိတ် တို့ စီရင် သည်အတိုင်း ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်အား မီး ရှို့ရာယဇ် ပူဇော်စရာဘို့ နွား ၊ သိုး ထီး၊ သိုး သငယ်၊ စပါး၊ ဆား ၊ စပျစ်ရည် ၊ ဆီ တို့ကိုနေ့တိုင်း အစဉ် မပြတ်ပေး စေ။
In this way they can offer sacrifices that are acceptable to the God of heaven, and pray for the lives of the king and his sons.
11 ၁၁ ၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။
Further I declare that if any man interferes with this decree, a beam is to be ripped from his house and set in the ground, and he is to be impaled on top of it. His own house shall be turned into a pile of rubble for disobeying this decree.
12 ၁၂ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်ကို ကျိုးပဲ့ပျက်စီး စေခြင်းငှါ ပြုသောရှင် ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမ တော်တည် စေသော ဘုရား သခင်သည် ဖျက်ဆီး တော်မူပါစေသော။ ငါ ဒါရိ သည် အမိန့် တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန် ပြု စေဟု ပေးလိုက်သတည်း။
May God who chose the city of Jerusalem as the place where he would be honored, destroy any king or people who try to alter what I have said or who destroy this Temple. I, Darius, issue this decree. Let it be faithfully carried out.
13 ၁၃ ထိုအခါ ဒါရိ မင်းကြီး ပေး လိုက်သော အမိန့်တော် အတိုင်း ၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သူ တို့အပေါင်း အဘော်တို့သည် အလျင် အမြန် ပြု ကြ၏။
Tattenai, the governor of the province west of the Euphrates, Shethar-bozenai, and their fellow officials faithfully carried out what King Darius had decreed.
14 ၁၄ ယုဒ အမျိုးအသက် ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ဇာခရိ ဟော သော အားဖြင့် ၊ အကြံ ထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရား သခင် အမိန့် တော်နှင့် ပေရသိ ရှင် ဘုရင်ကုရု မင်း၊ ဒါရိ မင်း အမိန့် တော်အတိုင်း တည်ဆောက် ၍ လက်စသတ် ကြ၏။
As a result the Jewish leaders continued building, and they were encouraged by the messages from Haggai the prophet and Zechariah, son of Iddo. They completed building the Temple following the command of the God of Israel, and the decrees of Cyrus, Darius, and Artaxerxes, kings of Persia.
15 ၁၅ ဒါရိ မင်းကြီး နန်းစံ ခြောက် နှစ် ၊ အာဒါ လ သုံး ရက် နေ့တွင် အိမ် တော်သည် ပြီးပြည့်စုံ ၏။
The Temple was completed on the third day of the month of Adar, in the sixth year of the reign of King Darius.
16 ၁၆ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။
Then the people of Israel, the priests, the Levites, and the rest of those who had returned from exile, all joyfully celebrated the dedication of the God's Temple.
17 ၁၇ ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
To dedicate God's Temple they sacrificed one hundred bulls, two hundred rams, four hundred lambs, and a sin offering for the whole of Israel comprising twelve male goats, one for each Israelite tribe.
18 ၁၈ မောရှေ ကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရုရှလင် မြို့၌ ဘုရား ဝတ် ကို ပြုစေခြင်းငှါ ၊ ယဇ် ပုရောဟိတ်အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့ သော လေဝိ သားတို့ကို၎င်းခန့် ထားကြ၏။
They organized the priests and Levites by their divisions to serve God in the Temple at Jerusalem, in accordance with the Book of Moses.
19 ၁၉ သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ပဌမ လ တဆယ် လေး ရက်နေ့တွင် ပသခါ ပွဲကိုလည်း ခံ ကြ ၏။
The exiles who had returned observed the Passover on the fourteenth day of the first month.
20 ၂၀ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။
The priests and Levites had all purified themselves so that they were clean according to the ceremonial law. So they killed the Passover lamb for all the exiles who had returned, for their fellow priests, and for themselves.
21 ၂၁ သိမ်း သွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလ အမျိုးသား များ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ တပါး အမျိုးသား နေရာ အရပ် အညစ် အကြေးကို ပယ်ရှား သော သူများအပေါင်း တို့သည် ပသခါပွဲကိုစား ၍၊
The Passover was eaten by the people of Israel who had returned from exile, and by those who had joined them and had rejected the pagan practices of the peoples of the land in order to worship the Lord, the God of Israel.
22 ၂၂ ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။
Then they observed the Festival of Unleavened Bread for seven days. Everyone throughout the land was so happy because the Lord had made the king of Assyria favorable to them, helping them to rebuild the Temple of God, the God of Israel.