< ဧဇရ 4 >
1 ၁ သိမ်း သွားခြင်းကိုခံရသောအမျိုးသား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ဗိမာန် တော်ကို တည် ကြသည်ဟု ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုး၏ ရန်သူ တို့သည် ကြား လျှင်၊
Now some enemies of Judah and Benjamin heard that the people who had been exiled were now building a temple for Yahweh, the God of Israel.
2 ၂ ဇေရုဗဗေလ နှင့် အဆွေအမျိုးသူကြီး တို့ထံ သို့လာ ၍ ၊ ငါတို့သည် သင် တို့ထံ၌ တည်းခိုပါရစေ။ သင် တို့၏ ဘုရား သခင်ကို သင် တို့ရှာသကဲ့သို့ ငါတို့လည်း ရှာ ကြ၏။ ငါ တို့ကို ဤ ပြည်သို့ဆောင် ခဲ့သော အာရှုရိ ရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက် မှစ၍ ထိုဘုရား သခင်အား ယဇ် ပူဇော်ကြသည်ဟု ဆို ကြသော်၊
So they approached Zerubbabel and the heads of their ancestors' clans. They said to them, “Let us build with you, for, like you, we seek your God and have sacrificed to him since the days when Esarhaddon, king of Assyria, brought us to this place.”
3 ၃ ဇေရုဗဗေလ နှင့် ယောရှု အစရှိသော ဣသရေလ အဆွေအမျိုးသူကြီး တို့က၊ ငါ တို့၏ဘုရား သခင်အဘို့ ဗိမာန် တော်တည် ခြင်းအမှုကို၊ သင် တို့သည် ငါ တို့နှင့် ဝိုင်း၍ မ လုပ်ရ။ ပေရသိ ရှင်ဘုရင် ကုရု မင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ငါ တို့သည် ကိုယ်တိုင်တည် ရမည်ဟု ပြန်ပြော ကြ ၏။
But Zerubbabel, Jeshua, and the heads of their ancestors' clans said, “It is not you, but we who must build the house of our God, for it is we who will build for Yahweh, the God of Israel, just as King Cyrus of Persia commanded.”
4 ၄ ထိုအခါ ပြည်သား တို့သည် ယုဒ အမျိုး တို့ကို လက် အားလျော့ စေ၍ ၊ တည် ဆောက်ခြင်းအမှုကို နှောင့်ရှက် ကြ၏။
So the people of the land made the Judeans' hands weak; they made the Judeans afraid to build.
5 ၅ ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။
They also bribed counselors to frustrate their plans. They did this during all of Cyrus' days and into the reign of Darius king of Persia.
6 ၆ အာရွှေရု နန်း ထိုင်စ က ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားတို့၌ အပြစ် တင်သောလွှာစာကို ပေးလိုက်ကြ၏။
Then at the beginning of Ahasuerus' reign they wrote an accusation against the inhabitants of Judah and Jerusalem.
7 ၇ အာတဇေရဇ် လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလ နှင့် အခြား သောအပေါင်း အဘော်တို့သည်၊ ရှုရိ ဘာသာစကားနှင့် ရေး သော လွှာစာ ကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် ထံ သို့ပေးလိုက်ကြ၏။
It was during the days of Artaxerxes that Bishlam, Mithredath, Tabeel, and their companions wrote to Artaxerxes. The letter was written in Aramaic and translated.
8 ၈ စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ တို့သည်၊ ယေရုရှလင် မြို့ကို ရန်ဘက် ပြုလျက်၊ အာတဇေရဇ် မင်းကြီး ထံသို့စာ ပေးလိုက်၍၊
Rehum the commander and Shimshai the scribe wrote this way to Artaxerxes about Jerusalem.
9 ၉ စာတိုက် စိုးရေဟုံ ၊ မြို့စာရေး ရှိမရှဲ နှင့် အခြား သော အပေါင်း အဘော်၊ ဒိနဲ ပြည်သား၊ အဖာသသက် ပြည်သား၊ တာပေလ ပြည်သား၊ အဖာရသ ပြည်သား၊ အာခေဝ ပြည်သား၊ ဗာဗုလုန် ပြည်သား၊ ရှုရှနက် ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံ ပြည်သားအစရှိသော၊
Then Rehum, Shimshai, and their companions, who were judges and other officers in the government, the Persians, men from Erech and Babylon, and the men from Susa (that is, the Elamites)—they wrote a letter—
10 ၁၀ ကြီး မြတ်သောမင်း အာသနပ္ပါ ဆောင် ခဲ့၍ ၊ ရှမာရိ မြို့ ရွာတို့၌ နေရာ ချသောသူများနှင့်၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့သည်၊ ဤမည်သောနေ့ရက်ကာလတွင်၊
and they were joined by the people whom the great and noble Ashurbanipal forced to settle in Samaria, along with the rest who were in the Province Beyond the River.
11 ၁၁ အာတဇေရဇ် မင်းကြီး ထံ သို့ပေး လိုက်သော စာ ဟူမူကား ၊ မြစ် အနောက် ဘက်၌နေသောကိုယ်တော်ကျွန် တို့သည်၊ ဤ မည်သောနေ့ရက် ကာလတွင် လျှောက် ပါ၏။
This is a copy of the letter that they sent to Artaxerxes: “Your servants, men of the Province Beyond the River, write this:
12 ၁၂ အထံတော် မှ ကျွန်တော် တို့ရှိရာ သို့ ရောက် လာသော ယုဒ လူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန် တတ်သော ယေရုရှလင် မြို့ ကို တည်လျက်၊ မြို့ရိုး အမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိ မှတ်တော်မူပါ။
Let the king know that the Jews who went from you have come against us in Jerusalem to build a rebellious city. They have completed the walls and repaired the foundations.
13 ၁၃ ထိုမြို့ ကိုတည် ပြန်၍ မြို့ရိုး ကိုလက်စသတ် လျှင် ၊ ငွေတော် ခွဲခြင်း ကိုမခံ၊ အခွန် တော်အကောက် တော်ကို မ ပေး ဘဲနေ၍၊ နိုင်ငံတော်အကျိုး နည်းပါလိမ့်မည်ကို သိ မှတ်တော်မူပါ။
Now let the king know that if this city is built and the wall is completed, they will not give any tribute and taxes, but they will harm the kings.
14 ၁၄ ကျွန်တော်တို့ သည် ကျေးဇူးတော် အားဖြင့် အသက်မွေး ရ သောသူဖြစ် သည်နှင့် အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကို ကြည့် ၍ မ နေ သင့် သောကြောင့်၊ ဘိုး တော်ဘေးတော်တို့၏မှတ် စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက် စာကို ပေး လိုက်ပါ၏။
Surely because we have eaten the palace salt, it is not fitting for us to see any dishonor happen to the king. It is because of this that we are informing the king
15 ၁၅ ယေရုရှလင်မြို့ သည် ပုန်ကန် တတ်သောမြို့ ၊ ရှင် ဘုရင်အကျိုးနှင့် နိုင်ငံ တော်အကျိုး စီးပွားကို ဖျက်ဆီးတတ်သောမြို့ဖြစ်ဘူး၍၊ ရှေး ကာလ ၌ မြို့ထဲ မှာ ပုန်ကန် သောအကြံကို အစဉ်ပြုစု သောကြောင့်၊ အတိုက် အဖျက်ခံရပါသည် အကြောင်းအရာများကို ထို မှတ် စာ၌ တွေ့ ၍ သိ တော်မူပါလိမ့်မည်။
to search your father's record and to verify that this is a rebellious city that will harm kings and provinces. It has caused many problems to the kings and provinces. It has been a center for rebellion from long ago. It was for this reason that the city was destroyed.
16 ၁၆ ထို မြို့ ကိုတည် ပြန်၍ မြို့ရိုး ကို လက်စသတ် လျှင် ၊ ကိုယ်တော်သည် မြစ် အနောက် ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော် တို့ လျှောက် ထားပါသည်ဟု စာ၌ ပါသတည်း။
We are informing the king that if this city and wall are built, then there will be nothing remaining for you in the Province Beyond the River.”
17 ၁၇ ရှင် ဘုရင်သည် စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ မှစ၍၊ ရှမာရိ မြို့၌ နေ သော ထိုသူ တို့၏ အပေါင်း အဘော်များ၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့ ရှိရာ သို့ ပြန်ပေး လိုက်သော စာ ဟူမူကား၊
So the king sent out a reply to Rehum and Shimshai and their companions in Samaria and the rest who were in the Province Beyond the River: “May peace be yours.
18 ၁၈ ဤ မည်သော နေ့ရက် ကာလတွင်၊ ငါရေး၍ သင်တို့ ချမ်းသာ ပါစေ။ ငါ့ ထံ သို့သင်တို့ပေး လိုက်သော စာ ကို ငါ့ ရှေ့ မှာ အနက် ပြန်၍ဘတ် ပြီ။
The letter that you sent me has been translated and read to me.
19 ၁၉ ငါ မှာ ထားသည် အတိုင်း စစ်ကြော ကြသောအခါ၊ ထို မြို့ သည် ရှေး ကာလ ၌ ရှင် ဘုရင်တို့ကို ပုန်ကန် ကြောင်း၊ မ ကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊
So I ordered an investigation and discovered that in previous days they had rebelled and revolted against kings.
20 ၂၀ ငွေ တော်ကို ခွဲလျက်၊ အခွန် တော်အကောက် တော်ကိုခံလျက်၊ မြစ် အနောက် ဘက် တရှောက်လုံး ကို အစိုးရ ၍ တန်ခိုး ကြီးသော ရှင် ဘုရင်တို့သည် ယေရုရှလင် မြို့၌ နေဘူးကြောင်းများကို သိရ၏။
Mighty kings have ruled over Jerusalem and had power over everything in the Province Beyond the River. Tribute and taxes were paid to them.
21 ၂၁ သို့ဖြစ်၍ ငါသည်အခွင့် မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ ကို မ တည် ဘဲ နေစေမည် အကြောင်း အမိန့် တော်ကိုဆင့်ဆို ကြလော့။
Now, make a decree for these men to stop and not build this city until I make a decree.
22 ၂၂ နိုင်ငံတော် အကျိုး မ ပျက်စီးစေ ခြင်းငှါ သတိ ပြု၍ ဤ အမှုကို စေ့စေ့ကြည့်ရှု ကြလော့ဟု မိန့်တော်မူ၏။
Be careful not to neglect this. Why allow this threat to grow and cause more loss for the royal interests?
23 ၂၃ အာတဇေရဇ် မင်းကြီး စာ ကို ရေဟုံ နှင့် မြို့စာရေး ရှိမရှဲ အစရှိသောသူ တို့ အပေါင်း အဘော်ရှေ့မှာ ဘတ် ပြီးလျှင်၊ သူတို့သည် ယေရုရှလင် မြို့၊ ယုဒ လူတို့ရှိရာ သို့ အလျင် အမြန်သွား ၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင် အထက်ဆီးတား ကြ၏။
When King Artaxerxes' decree was read before Rehum, Shimshai, and their companions, they went out quickly to Jerusalem and forced the Jews to stop building.
24 ၂၄ ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။
So the work on the house of God in Jerusalem stopped until the second year of the reign of Darius king of Persia.