< ဧဇရ 3 >
1 ၁ သတ္တမ လ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။
၁သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ၍ စုဝေးကြ၏။
2 ၂ ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်း ၊ မီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။
၂ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင် ၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။
3 ၃ ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်း ၊ ယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ ၊ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
၃ထိုပြည်အရပ်ရပ်၌ နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား ၍၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
4 ၄ ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။
၄ကျမ်းစာလာသည်အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။
5 ၅ ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
၅ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။
6 ၆ ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်း ၊ သတ္တမ လ တ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
၆ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း၊ သတ္တမလတရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရ ဘုရားအား ပူဇော်ကြ၏။
7 ၇ ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
၇ပန်ရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူ သည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကိုပေးကြ၏။
8 ၈ ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။
၈ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရ သော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။
9 ၉ ထိုအခါ ယုဒ အမျိုး ၊ ယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ထ ကြ၏။
၉ထိုအခါယုဒအမျိုး၊ ယောရှုနှင့်သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သား များ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။
10 ၁၀ လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။
၁၀လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
11 ၁၁ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။
၁၁ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
12 ၁၂ သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါ ၊ ကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။
၁၂သို့ရာတွင်အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ၏။
13 ၁၃ ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့် ၊ ဝေး သောအရပ်၌ ကြား ရလေ၏။
၁၃ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများ တို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။