< ဧ​ဇ​ရ 3 >

1 သတ္တမ လ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။
By the seventh month, the Israelites had settled in their towns, and the people assembled as one man in Jerusalem.
2 ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်း ၊ မီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။
Then Jeshua son of Jozadak and his fellow priests, along with Zerubbabel son of Shealtiel and his associates, began to build the altar of the God of Israel to sacrifice burnt offerings on it, as it is written in the Law of Moses the man of God.
3 ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်း ၊ ယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ ၊ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
They set up the altar on its foundation and sacrificed burnt offerings on it to the LORD—both the morning and evening burnt offerings—even though they feared the people of the land.
4 ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။
They also celebrated the Feast of Tabernacles in accordance with what is written, and they offered burnt offerings daily based on the number prescribed for each day.
5 ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
After that, they presented the regular burnt offerings and those for New Moons and for all the appointed sacred feasts of the LORD, as well as all the freewill offerings brought to the LORD.
6 ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်း ၊ သတ္တမ လ တ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
On the first day of the seventh month, the Israelites began to offer burnt offerings to the LORD, although the foundation of the temple of the LORD had not been laid.
7 ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
They gave money to the masons and carpenters, and food and drink and oil to the people of Sidon and Tyre to bring cedar logs from Lebanon to Joppa by sea, as authorized by Cyrus king of Persia.
8 ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။
In the second month of the second year after they had arrived at the house of God in Jerusalem, Zerubbabel son of Shealtiel, Jeshua son of Jozadak, and the rest of their associates including the priests, the Levites, and all who had returned to Jerusalem from the captivity, began the work. They appointed Levites twenty years of age or older to supervise the construction of the house of the LORD.
9 ထိုအခါ ယုဒ အမျိုး ၊ ယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ထ ကြ၏။
So Jeshua and his sons and brothers, Kadmiel and his sons (descendants of Yehudah), and the sons of Henadad and their sons and brothers—all Levites—joined together to supervise those working on the house of God.
10 ၁၀ လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။
When the builders had laid the foundation of the temple of the LORD, the priests in their apparel with trumpets, and the Levites (the sons of Asaph) with cymbals, took their positions to praise the LORD, as David king of Israel had prescribed.
11 ၁၁ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။
And they sang responsively with praise and thanksgiving to the LORD: “For He is good; for His loving devotion to Israel endures forever.” Then all the people gave a great shout of praise to the LORD, because the foundation of the house of the LORD had been laid.
12 ၁၂ သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါ ၊ ကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။
But many of the older priests, Levites, and family heads who had seen the first temple wept loudly when they saw the foundation of this temple. Still, many others shouted joyfully.
13 ၁၃ ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့် ၊ ဝေး သောအရပ်၌ ကြား ရလေ၏။
The people could not distinguish the shouts of joy from the sound of weeping, because the people were making so much noise. And the sound was heard from afar.

< ဧ​ဇ​ရ 3 >