< ဧ​ဇ​ရ 10 >

1 ထိုသို့ ဧဇရ သည် ဘုရား သခင်၏ အိမ် တော်ရှေ့ မှာ ပြပ်ဝပ် လျက်၊ မျက်ရည် ကျလျက် တောင်းပန် ၍ ပဌနာ ပြုသောအခါ ၊ အလွန် များစွာ သော ပရိသတ် ၊ ဣသရေလ အမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ် တို့သည် ဧဇရ ထံ မှာ စည်းဝေး ၍ အလွန် ငိုကြွေး ကြ၏။
Now when Ezra had prayed, and when he had confessed, weeping and casting himself down before the house of God, there assembled to him out of Israel a very great congregation of men and women and children: for the people wept very bitterly.
2 ဧလံ အမျိုး ၊ ယေဟေလ သား ရှေကနိ ကလည်း၊ ငါ တို့သည် ကိုယ် ဘုရား သခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသောတပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြပြီ။ သို့ရာတွင် ဤ အမှုမှာ ဣသရေလ အမျိုး မြော်လင့် စရာ ရှိ သေး၏။
And Shechaniah the son of Jehiel, [one] of the sons of Elam, answered and said to Ezra, We have trespassed against our God, and have taken foreign wives of the people of the land: yet now there is hope in Israel concerning this thing.
3 သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါ တို့ ဘုရား သခင်၏ ပညတ် တရားကို ကြောက်ရွံ့ သောသူတို့ သတိ ပေးသည်အတိုင်း ၊ ဤမိန်းမ များနှင့် သူ တို့ သား သမီး များရှိသမျှ ကို စွန့်ပယ် မည်ဟု ငါ တို့၏ဘုရား သခင့် ရှေ့တော်၌ အဓိဋ္ဌာန် ပြု ကြကုန်အံ့။ ဤအမှုကို တရား ရှိသည် အတိုင်း စီရင် ကြကုန်အံ့။
Now therefore let us make a covenant with our God to put away all the wives, and such as are born of them, according to the counsel of my lord, and of those that tremble at the commandment of our God; and let it be done according to the law.
4 ထ တော်မူပါ။ ဤအမှု ကို ကိုယ်တော် ဆိုင်ပါ၏။ အကျွန်ုပ် တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့် သောစိတ် ရှိ၍ ပြု တော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
Arise; for [this] matter [belongeth] to thee: we also [will be] with thee: be of good courage, and do [it].
5 ဧဇရ သည်ထ ၍ ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထို စကား အတိုင်း ပြု ရမည်အကြောင်း သူတို့အား အကျိန် ပေး၍ သူတို့သည် ကျိန်ဆို ကြ၏။
Then arose Ezra, and made the chief priests, the Levites, and all Israel, to swear that they would do according to this word. And they swore.
6 ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။
Then Ezra arose from before the house of God, and went into the chamber of Johanan the son of Eliashib: and [when] he came thither, he ate no bread, nor drank water: for he mourned because of the transgression of them that had been carried away.
7 သိမ်း သွားခြင်းကို ခံရသောအမျိုးသား အပေါင်း တို့သည်၊ ယေရုရှလင် မြို့သို့ စည်းဝေး စေမည်အကြောင်း၊
And they made proclamation throughout Judah and Jerusalem to all the children of the captivity, that they should assemble at Jerusalem;
8 မင်း များနှင့် အသက် ကြီးသူများ စီရင် သည် အတိုင်း ၊ သုံး ရက် အတွင်းတွင် မ ရောက် သော သူမည်သည် ကား၊ သိမ်း သွားခြင်း အမျိုးသားပရိတ်သတ် ထဲက နှင်ထုတ် ခြင်းကိုခံ၍ ၊ သူ ၏ဥစ္စာ ရှိသမျှ သည် ကျိန်ဆိုအပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်တရှောက်လုံး၌ ကြော်ငြာ ကြ၏။
And that whoever would not come within three days, according to the counsel of the princes and the elders, all his substance should be forfeited, and himself separated from the congregation of those that had been carried away.
9 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားယောက်ျား အပေါင်း တို့သည် သုံး ရက် အတွင်းတွင် ၊ ယေရုရှလင် မြို့မှာ စည်းဝေး ၍ နဝမ လ အရက်နှစ် ဆယ်တွင် ၊ လူ အပေါင်း တို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန် စွာ မိုဃ်းရွာ သောကြောင့် ၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။
Then all the men of Judah and Benjamin assembled at Jerusalem within three days. It [was] the ninth month, and the twentieth [day] of the month; and all the people sat in the street of the house of God, trembling because of [this] matter, and for the great rain.
10 ၁၀ ထိုအခါ ယဇ်ပုရောဟိတ် ဧဇရ သည် ထ ၍ ၊ သင် တို့သည် ပြစ်မှား ကြပြီ။ ဣသရေလ အမျိုး၌ အပြစ် လေးစေခြင်းငှါ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြ ပြီတကား။
And Ezra the priest stood up, and said to them, Ye have transgressed, and have taken foreign wives to increase the trespass of Israel.
11 ၁၁ သို့ဖြစ်၍ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား တောင်းပန် ကြလော့။ အလို တော်အတိုင်း ပြု လျက် ၊ ဤပြည်သား တို့နှင့်၎င်း၊ တပါး အမျိုးသားမိန်းမ တို့နှင့်၎င်း ကွာ ကြလော့ဟု သူ တို့အား ဆို ၏။
Now therefore make confession to the LORD God of your fathers, and do his pleasure: and separate yourselves from the people of the land, and from the foreign wives.
12 ၁၂ ပရိသတ် အပေါင်း တို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ် တို့သည် ပြု ပါမည်။
Then all the congregation answered and said with a loud voice, As thou hast said, so must we do.
13 ၁၃ သို့ရာတွင် လူ အများ ရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာ သော ကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင် မှာ မ ရပ် မနေနိုင် ပါ။ ဤအမှု သည် တ ရက် နှစ် ရက်တွင် ပြီးနိုင် သော အမှုမ ဟုတ်ပါ။ ပြစ်မှား သောသူ အများ ရှိပါ၏။
But the people [are] many, and [it is] a time of much rain, and we are not able to stand abroad, neither [is this] a work of one day or two: for we are many that have transgressed in this thing.
14 ၁၄ ငါ တို့ ပရိသတ် အပေါင်း ကို အုပ်ချုပ်သော အကြီးအကဲ တို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ ရွာ၌ တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော သူအပေါင်း တို့သည် ချိန်းချက် သောအချိန် တို့၌ မြို့ အသီးအသီးအသက် ကြီးသူများ၊ တရား သူကြီးများနှင့်အတူ လာ ၍ ဤ အမှု ကြောင့် ပြင်းစွာ ထွက်သောငါ တို့ ဘုရား သခင်၏ အမျက် တော်ကို ဖြေကြပါစေဟု ကြီးစွာ သောအသံ နှင့် ပြန်ပြော ကြ၏။
Let now our rulers of all the congregation stand, and let all them who have taken foreign wives in our cities come at appointed times, and with them the elders of every city, and its judges, until the fierce wrath of our God for this matter shall be turned from us.
15 ၁၅ အာသဟေလ သား ယောနသန် နှင့် တိကဝ သား ယဟာဇိ သာ လျှင် ထို အမှုကိုပြုစု ကြ၏။ လေဝိ သား မေရှုလံ နှင့် ရှဗ္ဗသဲ တို့သည် ဝိုင်း ညီကြ၏။
Only Jonathan the son of Asahel and Jahaziah the son of Tikvah were employed about this [matter]: and Meshullam and Shabbethai the Levite helped them.
16 ၁၆ သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရ သည် ရွေးချယ် ၍ အဆွေ အမျိုးအလိုက် အမည် များကို မှတ်သားသော အဆွေအမျိုးသူကြီး တို့သည် ဒသမ လ တ ရက် နေ့ တွင် ထိုအမှု ကို စစ်ကြော ခြင်းငှါ ထိုင် နေကြ၏။
And the children of the captivity did so. And Ezra the priest, [with] certain chief of the fathers, after the house of their fathers, and all of them by [their] names, were separated, and sat down in the first day of the tenth month to examine the matter.
17 ၁၇ တပါး အမျိုးသားမိန်းမ နှင့်စုံဘက် သောသူ အပေါင်း တို့ကို ပဌမ လ တ ရက် နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင် ကြ၏။
And they made an end with all the men that had taken foreign wives by the first day of the first month.
18 ၁၈ တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။
And among the sons of the priests there were found that had taken foreign wives: [namely], of the sons of Jeshua the son of Jozadak, and his brethren; Maaseiah, and Eliezer, and Jarib, and Gedaliah.
19 ၁၉ သူ တို့သည် မယား နှင့်ကွာ မည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ် ကြောင့် သိုး ကိုယဇ် ပူဇော်ကြ၏။
And they gave their hands that they would put away their wives; and [being] guilty, [they offered] a ram of the flock for their trespass.
20 ၂၀ ထိုမှတပါး၊ ဣမေရ အမျိုး ဟာနန် နှင့် ဇေဗဒိ၊
And of the sons of Immer; Hanani, and Zebadiah.
21 ၂၁ ဟာရိမ် အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ၊
And of the sons of Harim; Maaseiah, and Elijah, and Shemaiah, and Jehiel, and Uzziah.
22 ၂၂ ပါရှုရ အမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှမေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ။
And of the sons of Pashur; Elioenai, Maaseiah, Ishmael, Nethaneel, Jozabad, and Elasah.
23 ၂၃ လေဝိ သားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယ တည်းဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ၊
Also of the Levites; Jozabad, and Shimei, and Kelaiah (the same [is] Kelita, ) Pethahiah, Judah, and Eliezer.
24 ၂၄ သီချင်း သည် ဧလျာရှိပ် ၊ တံခါး စောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ၊
Of the singers also; Eliashib: and of the porters; Shallum, and Telem, and Uri.
25 ၂၅ ဣသရေလအမျိုးထဲက ပါရုတ် အမျိုး ရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ၊
Moreover, of Israel: of the sons of Parosh; Ramiah, and Jeziah, and Malchiah, and Miamin, and Eleazar, and Malchijah, and Benaiah.
26 ၂၆ ဧလံ အမျိုး မတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ၊
And of the sons of Elam; Mattaniah, Zechariah, and Jehiel, and Abdi, and Jeremoth, and Eliah.
27 ၂၇ ဇတ္တု အမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ၊
And of the sons of Zattu; Elioenai, Eliashib, Mattaniah, and Jeremoth, and Zabad, and Aziza.
28 ၂၈ ဗေဗဲ အမျိုး ယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ၊
Of the sons also of Bebai; Jehohanan, Hananiah, Zabbai, [and] Athlai.
29 ၂၉ ဗာနိ အမျိုး မေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ်၊
And of the sons of Bani; Meshullam, Malluch, and Adaiah, Jashub, and Sheal, and Ramoth.
30 ၃၀ ပါဟတ်မောဘ အမျိုး အဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ၊
And of the sons of Pahath-moab; Adna, and Chelal, Benaiah, Maaseiah, Mattaniah, Bezaleel, and Binnui, and Manasseh.
31 ၃၁ ဟာရိမ် အမျိုး ဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင်၊
And [of] the sons of Harim; Eliezer, Ishijah, Malchiah, Shemaiah, Shimeon,
32 ၃၂ ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ၊
Benjamin, Malluch, [and] Shemariah.
33 ၃၃ ဟာရှုံ အမျိုး မတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ၊
Of the sons of Hashum; Mattenai, Mattathah, Zabad, Eliphelet, Jeremai, Manasseh, [and] Shimei.
34 ၃၄ ဗာနိ အမျိုး မာဒဲ ၊ အာမရံ ၊ ဝေလ၊
Of the sons of Bani; Maadai, Amram, and Uel,
35 ၃၅ ဗေနာယ ၊ ပေဒိ ၊ ခေလု၊
Benaiah, Bedeiah, Chelluh,
36 ၃၆ ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ်၊
Vaniah, Meremoth, Eliashib,
37 ၃၇ မတ္တနိ ၊ မတ္တနဲ ၊ ယာသော၊
Mattaniah, Mattenai, and Jaasau,
38 ၃၈ ထိုမှတပါး၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ၊
And Bani, and Binnui, Shimei,
39 ၃၉ ရှေလမိ ၊ နာသန် ၊ အဒါယ၊
And Shelemiah, and Nathan, and Adaiah,
40 ၄၀ မာခနဒေဗဲ ၊ ရှာရှဲ ၊ ရှာရံ၊
Machnadebai, Shashai, Sharai,
41 ၄၁ အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ၊
Azareel, and Shelemiah, Shemariah,
42 ၄၂ ရှလ္လုံ ၊ အာမရိ ၊ ယောသပ်၊
Shallum, Amariah, [and] Joseph.
43 ၄၃ နေဗော အမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယ တည်း။
Of the sons of Nebo; Jeiel, Mattithiah, Zabad, Zebina, Jadau, and Joel, Benaiah.
44 ၄၄ ဤ သူ အပေါင်း တို့သည် တပါး အမျိုးသားမိန်းမ နှင့် စုံဘက် ၍ သား သမီးကို မြင် ရကြပြီ။
All these had taken foreign wives: and [some] of them had wives by whom they had children.

< ဧ​ဇ​ရ 10 >