< ယေဇကျေလ 9 >
1 ၁ ဖျက်ဆီး သော လက်နက် ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီးသို့ဆောင် ခဲ့ကြလော့ ဟု ကျယ် သောအသံ နှင့် ခေါ် တော်မူသည်ကို ငါ ကြား ၏။
Then I heard Him call out in a loud voice, saying, “Draw near, O executioners of the city, each with a weapon of destruction in hand.”
2 ၂ ထိုအခါ လူ ခြောက် ယောက်တို့သည် အသီးအသီး ကွပ်မျက် စရာ လက်နက် ကို ကိုင် လျက် ၊ တယောက် သည်လည်း ၊ ပိတ် အဝတ်ကိုဝတ် ၍ နံ ပါး၌ မှင်အိုး ပါလျက်၊ မြောက် မျက်နှာ ဘက် အထက် တံခါး လမ်း ဖြင့် ဝင် ၍ ၊ ကြေးဝါ ပလ္လင် အနား မှာရပ် နေကြ၏။
And I saw six men coming from the direction of the Upper Gate, which faces north, each with a weapon of slaughter in his hand. With them was another man clothed in linen who had a writing kit at his side. And they came in and stood beside the bronze altar.
3 ၃ ဣသရေလ အမျိုး၏ဘုရားသခင် ဘုန်း တော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှ အိမ် တော်တံခါး ခုံသို့ တက် ၍၊ ပိတ် အဝတ်ကိုဝတ် လျက်၊ နံပါး ၌ မှင်အိုး ပါသောသူ ကို ခေါ် ၍ ၊
Then the glory of the God of Israel rose from above the cherubim, where it had been, and moved to the threshold of the temple. And He called to the man clothed in linen who had the writing kit at his side.
4 ၄ ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊
“Go throughout the city of Jerusalem,” said the LORD, “and put a mark on the foreheads of the men sighing and groaning over all the abominations committed there.”
5 ၅ အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။
And as I listened, He said to the others, “Follow him through the city and start killing; do not show pity or spare anyone!
6 ၆ အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
Slaughter the old men, the young men and maidens, the women and children; but do not go near anyone who has the mark. Now begin at My sanctuary.” So they began with the elders who were before the temple.
7 ၇ တဖန်တုံ ၊ အိမ် တော်ကိုညစ်ညူး စေ၍ ၊ ကွပ်မျက်သော သူအသေ ကောင်တို့နှင့် တန်တိုင်း များကို ပြည့် စေပြီးမှ၊ ထွက်သွား ကြလော့ဟု မိန့် တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ ထဲ၌ ကွပ်မျက် ကြ၏။
Then He told them, “Defile the temple and fill the courts with the slain. Go forth!” So they went out and began killing throughout the city.
8 ၈ ထိုသို့ သူ တို့သည် ကွပ်မျက် ကြသောအခါ ၊ ငါ နေရစ် စဉ်တွင်ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ယေရုရှလင် မြို့အပေါ် သို့ အမျက် တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်း သမျှ သောဣသရေလ အမျိုးကို ဖျက်ဆီး တော်မူ မည်လော ဟု ကြွေးကြော် ၍ လျှောက် လေ၏။
While they were killing, I was left alone. And I fell facedown and cried out, “Oh, Lord GOD, when You pour out Your wrath on Jerusalem, will You destroy the entire remnant of Israel?”
9 ၉ ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။
He replied, “The iniquity of the house of Israel and Judah is exceedingly great. The land is full of bloodshed, and the city is full of perversity. For they say, ‘The LORD has forsaken the land; the LORD does not see.’
10 ၁၀ ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။
But as for Me, I will not look on them with pity, nor will I spare them. I will bring their deeds down upon their own heads.”
11 ၁၁ ပိတ် အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုး ပါသောသူ ကလည်း၊ ကိုယ်တော် မှာ ထားတော်မူသည်အတိုင်း အကျွန်ုပ်ပြု ပါပြီဟု ပြန်လျှောက် လေ၏။
Then the man clothed in linen with the writing kit at his side reported back, “I have done as You commanded.”