< ယေဇကျေလ 8 >
1 ၁ သက္ကရာဇ် ခြောက် ခု၊ ဆဌမ လ ၊ ငါး ရက်နေ့တွင် ၊ ငါ သည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒ အမျိုးအသက်ကြီး သူတို့ သည် ငါ ရှေ့ မှာ ထိုင် ကြစဉ်၊ အရှင် ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ် သို့ သက်ရောက် လေ၏။
On the fifth day of the sixth month of the sixth year, I was sitting in my house with the elders of Judah and the power of the Lord God came over me there.
2 ၂ ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။
I looked around and saw a being that looked like a man. From what seemed to be his waist downwards, he looked like fire. From what seemed to his waist upwards, he looked like brightly glowing metal.
3 ၃ လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။
He reached out what seemed to be a hand and picked me up by my hair. The Spirit took me up into the sky, and in the vision God was giving me he carried me to Jerusalem, to the entrance of the north gate of the Temple's inner courtyard, where the offensive idol that made God angry had been placed.
4 ၄ လွင်ပြင် ၌ အရင်ငါမြင် ဘူးသော ဗျာဒိတ် ရူပါရုံ ကဲ့သို့ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် ထင်ရှား ၏။
I saw the glory of the God of Israel there, just like I had in the vision I'd seen in the valley.
5 ၅ အချင်းလူသား ၊ မြောက် လမ်း သို့ မျှော်ကြည့် လော့ဟု မိန့် တော်မူသည်အတိုင်း ၊ မြောက် လမ်း သို့ ငါမျှော် ကြည့်၍ ၊ မြောက် မျက်နှာ၊ ယဇ် ပလ္လင်တံခါးဝ ၌ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ရှိ၏။
“Son of man,” he told me, “now look to the north.” So I looked to the north, and in the entrance to the north of the Altar Gate I saw this idol that angered God.
6 ၆ တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
“Son of man,” he said to me, “can you see what they are doing? Look at the disgusting sins the people of Israel are committing that are driving me far away from my sanctuary? But you're going to see even more disgusting sins than these!”
7 ၇ တန်တိုင်း တံခါးဝ သို့ ငါ့ ကိုဆောင်သွား ၍ ငါ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး၌ အပေါက် ကို မြင် လေ ၏။
He took me to the entrance to the Temple courtyard. As I looked around, I saw a hole in the wall.
8 ၈ တဖန်တုံ အချင်းလူသား ၊ တန်တိုင်း ရိုးကို တူး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည်တူး ပြီးမှ တံခါးဝ ကို မြင် လေ၏။
“Son of man,” he told me, “pull the wall apart.” So I pulled the wall apart and found a doorway.
9 ၉ ဝင် လော့။ ဤ အရပ်၌ ပြု ကြသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုဆိုး တို့ကို ကြည့်ရှု လော့ဟု မိန့် တော်မူသည်အတိုင်း ၊
He told me, “Go through the wall and see the evil and disgusting things they are doing in here.”
10 ၁၀ ငါသည် ဝင် ၍ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး အတွင်းပတ်လည်၌၊ တွား တတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ် သော တိရစ္ဆာန် အမျိုးမျိုး နှင့် ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
So I went through the wall and saw carved images covering the walls, representing all kinds of reptiles and disgusting animals, as well as all the idols worshiped by the people of Israel.
11 ၁၁ သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။
Seventy elders of the house of Israel were standing in front of them, including Jaazaniah son of Shaphan. They all were holding censers, producing a sweet-smelling cloud of incense that rose above them.
12 ၁၂ တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
“Son of man,” he said to me, “can you see what the elders of the people of Israel are doing here in the dark, with each one worshiping in the shrine room of his own idol? This is what they're saying: ‘The Lord can't see what we're doing; besides the Lord has abandoned our country!’”
13 ၁၃ တဖန် လှည့် ၍ သွားဦးလော့။ သူ တို့ပြု သောအမှုတို့တွင် သာ၍ကြီးစွာ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက် ၊
The Lord went on to tell me, “You're going to see them doing even more disgusting things than these!”
14 ၁၄ ဗိမာန် တော်မြောက် တံခါးဝ သို့ ဆောင်သွား ၍ ၊ ထို အရပ်၌ မိန်းမ တို့သည် တမ္မုဇနတ် အဘို့ ငိုကြွေး လျက် ထိုင် ကြ၏။
Then he took me to the north entrance of the Lord's Temple. I saw women sitting there, weeping for the god Tammuz.
15 ၁၅ အချင်းလူသား ၊ ထို အမှုကိုမြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့်တော်မူလျက်၊
“Son of man,” he said to me, “have you seen this? But you're going to see even more disgusting things than these!”
16 ၁၆ ထာဝရဘုရား ၏အိမ် တော်အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ဗိမာန် တော်တံခါး ၊ ဗိမာန် တော်ဦးနှင့် ယဇ် ပလ္လင်ကြား မှာ၊ လူ နှစ်ကျိပ် ငါး ယောက်တို့သည် ဗိမာန် တော်ကို ကျောခိုင်း လျက် ၊ အရှေ့ သို့ မျက်နှာ ပြုလျက် ၊ အရှေ့ မျက်နှာ၌ နေ ကို ကိုးကွယ် ကြ၏။
He took me to the inner courtyard of the Lord's Temple and right there at the entrance to the Temple, between the porch and the altar, were around twenty-five men. They had their backs to the Temple, and were facing towards the east. They were bowing in worship of the sun rising in the east.
17 ၁၇ တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင် ပြီ လော ။ ယုဒ အမျိုး သည် ဤ အရပ်၌ စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို ပြု သောအပြစ်ပေါ့ သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံး ကို ပြည့် စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက် ကိုလည်း မိမိ တို့နှာခေါင်းဝ ၌ ကပ် ၍ကိုင်ကြ၏။
“Son of man,” he said to me, “have you seen this? The people of Judah aren't content just to do these disgusting things. They also commit violent crimes across the country and keep on making me angry. Look at how they're deliberately insulting me!
18 ၁၈ ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။
As a result I will respond in anger. I won't treat them kindly; I won't be merciful to them. Even though they shout loudly for my help, I won't listen to them.”