< ယေဇကျေလ 8 >

1 သက္ကရာဇ် ခြောက် ခု၊ ဆဌမ လ ၊ ငါး ရက်နေ့တွင် ၊ ငါ သည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒ အမျိုးအသက်ကြီး သူတို့ သည် ငါ ရှေ့ မှာ ထိုင် ကြစဉ်၊ အရှင် ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ် သို့ သက်ရောက် လေ၏။
六年六月五日,當我坐在我屋內,猶大的長老門坐在我面前時,吾主上主的手臨於我。
2 ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။
我觀望,看,有一個形像,形狀如人,在他相似腰部的下面,有一團火,在他腰部的上面好像有一道光輝,像發亮的金屬。
3 လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။
他伸出一隻像手的形狀,抓住我的一綹頭髮,有一種神力把我提到天地之間,在神視中將我提往耶路撒冷去,到了內門的北門門口,在那裏供奉著引起上主妒火的偶像。
4 လွင်ပြင် ၌ အရင်ငါမြင် ဘူးသော ဗျာဒိတ် ရူပါရုံ ကဲ့သို့ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် ထင်ရှား ၏။
在那裏出現了以色列天主的光榮,相似我在平原所見的異像。
5 အချင်းလူသား ၊ မြောက် လမ်း သို့ မျှော်ကြည့် လော့ဟု မိန့် တော်မူသည်အတိုင်း ၊ မြောက် လမ်း သို့ ငါမျှော် ကြည့်၍ ၊ မြောက် မျက်နှာ၊ ယဇ် ပလ္လင်တံခါးဝ ၌ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ရှိ၏။
他向我說:「人子,舉目向北方看! 」我遂舉目向北方看;看見在靠近祭壇的北門門口,有那引起上主妒火的偶像。
6 တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
他又向我說:「人子,你看他們作的是什麼﹖以色列家族在這裏所行的極其醜惡之事,使我非離開我的聖所不可,但你還要看見更為醜惡的事。」
7 တန်တိုင်း တံခါးဝ သို့ ငါ့ ကိုဆောင်သွား ၍ ငါ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး၌ အပေါက် ကို မြင် လေ ၏။
以後,他引我到外院的大門口,我看見在牆上有一個洞。
8 တဖန်တုံ အချင်းလူသား ၊ တန်တိုင်း ရိုးကို တူး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည်တူး ပြီးမှ တံခါးဝ ကို မြင် လေ၏။
他向我說:「人子,把這牆穿一個洞! 」我遂在牆上穿了一個洞,出現了一道門。
9 ဝင် လော့။ ဤ အရပ်၌ ပြု ကြသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုဆိုး တို့ကို ကြည့်ရှု လော့ဟု မိန့် တော်မူသည်အတိုင်း ၊
他又向我說:「你進去看一看他們在那裏所做的窮凶極惡的醜行。」
10 ၁၀ ငါသည် ဝင် ၍ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး အတွင်းပတ်လည်၌၊ တွား တတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ် သော တိရစ္ဆာန် အမျိုးမျိုး နှင့် ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
我便進去,看見有各種爬蟲和走獸的像,都是可憎惡的;還有以色列家的各種偶像,都刻畫在四周的牆上。
11 ၁၁ သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။
以色列家族的七十長老,沙番的兒子雅匝尼雅也在他們中間,都站在那些像前,每人手中拿著香爐,燒的香煙如濃雲,正在上騰。
12 ၁၂ တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
他對我說:「人子,你看見了以色列的長老在黑暗中,每人在藏神像的暗室中所行的事嗎﹖他們說:上主看不見我們,上主已離棄了此地。」
13 ၁၃ တဖန် လှည့် ၍ သွားဦးလော့။ သူ တို့ပြု သောအမှုတို့တွင် သာ၍ကြီးစွာ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက် ၊
他又向我說:「你還要看見他們所行的更醜惡的事。」
14 ၁၄ ဗိမာန် တော်မြောက် တံခါးဝ သို့ ဆောင်သွား ၍ ၊ ထို အရပ်၌ မိန်းမ တို့သည် တမ္မုဇနတ် အဘို့ ငိုကြွေး လျက် ထိုင် ကြ၏။
以後,他引我到了上主的聖殿朝北的大門口。看,有些婦女坐在那裏,哀悼塔慕次。
15 ၁၅ အချင်းလူသား ၊ ထို အမှုကိုမြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့်တော်မူလျက်၊
他向我說:「人子,你看見了嗎﹖但你還要看見比這更醜惡的事。」
16 ၁၆ ထာဝရဘုရား ၏အိမ် တော်အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ဗိမာန် တော်တံခါး ၊ ဗိမာန် တော်ဦးနှင့် ယဇ် ပလ္လင်ကြား မှာ၊ လူ နှစ်ကျိပ် ငါး ယောက်တို့သည် ဗိမာန် တော်ကို ကျောခိုင်း လျက် ၊ အရှေ့ သို့ မျက်နှာ ပြုလျက် ၊ အရှေ့ မျက်နှာ၌ နေ ကို ကိုးကွယ် ကြ၏။
以後,他引我到了上主聖殿的內庭院內;看,在上主聖所的門口,在走廊和祭壇中間約有二十五個人,背向上主的聖所,面向東方,他們正在向東方朝拜太陽。
17 ၁၇ တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင် ပြီ လော ။ ယုဒ အမျိုး သည် ဤ အရပ်၌ စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို ပြု သောအပြစ်ပေါ့ သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံး ကို ပြည့် စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက် ကိုလည်း မိမိ တို့နှာခေါင်းဝ ၌ ကပ် ၍ကိုင်ကြ၏။
他又向我說:「人子,你看見了嗎﹖在這裏行的這些醜惡之事,為猶大家還不夠嗎﹖他們還將此地充滿了殘暴之事,時時惹我忿怒。看,他們還把枝條舉到自己鼻子上。
18 ၁၈ ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။
我必大發憤怒,我的眼決不憐視,一點也不顧惜;極使他們在我耳旁高聲喊叫,我仍不俯聽他們。」

< ယေဇကျေလ 8 >