< ယေဇကျေလ 7 >

1 နောက် တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍၊
Moreover the word of the Lord came vnto me, saying,
2 အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည်သား တို့ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ ပြည် လေး ထောင့် တို့သည် ဆုံး ခြင်းသို့ ရောက် ကြ၏။
Also thou sonne of man, thus saith the Lord God, An ende is come vnto the lande of Israel: the ende is come vpon the foure corners of the lande.
3 သင် သည် ဆုံး ခြင်းသို့ရောက်၍ သင့် အပေါ် သို့ ငါ ၏အမျက် ကို ငါလွှတ် လိုက်မည်။ သင် ၏အကျင့် နှင့် အလျောက်ငါစီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။
Nowe is the ende come vpon thee, and I wil sende my wrath vpon thee, and will iudge thee according to thy wayes, and will laye vpon thee all thine abominations.
4 ငါသည် နှမြောစုံမက်ခြင်းမ ရှိဘဲ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသော ရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကိုသင်သိ ရလိမ့်မည်။
Neither shall mine eye spare thee, neither will I haue pitie: but I will laye thy waies vpon thee: and thine abomination shall bee in the middes of thee, and yee shall knowe that I am the Lord.
5 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး တခု နောက်တခု ရောက် လာ၏။
Thus saith the Lord God, Beholde, one euil, euen one euill is come.
6 ဆုံး ခြင်းဘေးရောက် လာ၏။ ဆုံး ခြင်းဘေး ရောက် လာ၏။ သင့် ကို စောင့် လျက် ရောက် လာ၏။
An ende is come, the end is come, it watched for thee: beholde, it is come.
7 အိုပြည် တော်သား၊ သင်သည် အလှည့်ခံရသောအချိန်ရောက်လာ၏။ အချိန် စေ့ ပြီ။ ရွှင်လန်းစွာ ကြွေးကြော် ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသောနေ့ နီး ပြီ။
The morning is come vnto thee, that dwellest in the lande: the time is come, the day of trouble is neere, and not the sounding againe of the mountaines.
8 ငါသည် မ ကြာမမြင့်မှီသင် ၏ အပေါ် သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း မည်။ သင်၌ ငါ့ အမျက် အလိုကို ပြည့်စုံ စေမည်။ သင် ၏အကျင့် အတိုင်း စီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏အကျိုး အပြစ်ကိုဆပ် ပေးမည်။
Now I will shortly powre out my wrath vpon thee, and fulfil mine anger vpon thee: I will iudge thee according to thy wayes, and will lay vpon thee all thine abominations.
9 နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။
Neither shall mine eie spare thee, neither will I haue pitie, but I will laye vpon thee according to thy wayes, and thine abominations shalbe in the middes of thee, and ye shall knowe that I am the Lord that smiteth.
10 ၁၀ နေ့ရက် ရောက် လာ၏။ ရောက် လာ၏။ အလှည့် ခံရချိန်စေ့ ပြီ။ တံဖျာ ပွင့် ပြီ။ မာန ကြီးပွား ပြီ။
Beholde, the day, beholde, it is come: the morning is gone forth, the rod florisheth: pride hath budded.
11 ၁၁ ညှဉ်းဆဲ ခြင်းအမြစ်မှ အပြစ် တံဖျာ ပေါက် လေပြီ။ သူ တို့အစည်း အဝေး၊ သူ တို့ပရိသတ် တစုံတယောက်မျှ မ ကျန်ကြွင်းရ။ သူ တို့အဘို့ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုရ။
Crueltie is risen vp into a rod of wickednes: none of them shall remaine, nor of their riches, nor of any of theirs, neither shall there bee lamentation for them.
12 ၁၂ အချိန် စေ့ ပြီ။ နေ့ရက် နီး ပြီ။ ဝယ် သောသူသည် ဝမ်း မ မြောက်စေနှင့်။ ရောင်း သောသူသည် စိတ်မသာ၊ မ ညည်းတွား စေနှင့်။ အကြောင်း မူကား၊ ထိုလူ အစုအဝေးအပေါင်း တို့အပေါ် မှာ အမျက် တော်သည် တည်လျက် ရှိ၏။
The time is come, the day draweth neere: let not the byer reioyce, nor let him that selleth, mourne: for the wrath is vpon al the multitude thereof.
13 ၁၃ ရောင်း သောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်း သော မြေသို့ ပြန် ၍ မ လာရ။ ထို လူ အစုအဝေးအပေါင်း တို့နှင့်ဆိုင် သော ဗျာဒိတ် ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မ တရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမ တည် နိုင်ရ။
For hee that selleth, shall not returne to that which is solde, although they were yet aliue: for the vision was vnto al the multitude thereof, and they returned not, neither doeth any encourage himselfe in the punishment of his life.
14 ၁၄ စစ် ခင်းကျင်းစေခြင်းငှါတံပိုး ကို မှုတ် ကြသော်လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်း မူကား၊ ငါ့ အမျက် သည် ထို လူ အစုအဝေးအပေါင်း တို့အပေါ် မှာ တည်လျက်ရှိ၏။
They haue blowen the trumpet, and prepared all, but none goeth to the battel: for my wrath is vpon all the multitude thereof.
15 ၁၅ ပြင် ၌ ကား ထား ရှိ၏။ အတွင်း ၌ ကားနာ ခြင်း၊ မွတ်သိပ် ခြင်းရှိ၏။ လယ်ပြင် တွင် ရှိသော သူ သည် ထား ဖြင့် သေ လိမ့်မည်။ မြို့ ထဲ တွင်ရှိသောသူ သည် လည်း နာ ခြင်း၊ မွတ်သိပ် ခြင်း အားဖြင့် ဆုံး လိမ့်မည်။
The sword is without, and the pestilence, and the famine within: he that is in the field, shall dye with the sword, and he that is in the citie, famine and pestilence shall deuoure him.
16 ၁၆ သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။
But they that flee away from them, shall escape, and shalbe in the mountaines, like the doues of the valleis: all they shall mourne, euery one for his iniquitie.
17 ၁၇ ထိုသူရှိသမျှ တို့သည် လက် အားလျော့ ၍ ၊ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။
All handes shalbe weake, and all knees shall fall away as water.
18 ၁၈ သူတို့သည်လည်း လျှော်တေ အဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့် ခြင်းနှင့် ကိုယ် ကို ခြုံ လျက်၊ တယောက်မျှမကြွင်း၊ မျက်နှာ ရှက်ကြောက် လျက် ၊ ဆံပင် ဖြတ်လျက် ရှိကြလိမ့်မည်။
They shall also girde them selues with sackecloth, and feare shall couer them, and shame shalbe vpon all faces, and baldnes vpon their heads.
19 ၁၉ သူ တို့ငွေ ကို လမ်း သို့ ပစ် ၍ ၊ ရွှေ ကိုညစ်ညူး သော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက် တော်မူသောကာလ ၌၊ သူ တို့ ရွှေ ငွေ သည် သူ တို့ကို ကယ်တင် ခြင်းငှါ မ တတ်နိုင် ။ သူ တို့အလို ဆန္ဒကို မ ဖြေ နိုင်။ ဝ စွာမ ကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူ တို့ထိမိ ၍မှားယွင်းခြင်းအကြောင်း ဖြစ် သတည်း။
They shall cast their siluer in the streetes, and their golde shalbe cast farre off: their siluer and their gold can not deliuer them in the day of the wrath of the Lord: they shall not satisfie their soules, neither fill their bowels: for this ruine is for their iniquitie.
20 ၂၀ သူ တို့၌ တင့်တယ် သောတန်ဆာ အားဖြင့်သူတို့ မာန ကို တိုးပွါးစေ၍၊ သူ တို့၌ စက်ဆုပ် ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း ၊ ရွံ့ရှာဘွယ် သော အရာတို့ကို၎င်းလုပ် ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူး သောအရာ ဖြစ်စေ ခြင်းငှါငါစီရင် မည်။
He had also set the beautie of his ornament in maiestie: but they made images of their abominations, and of their idoles therein: therefore haue I set it farre from them.
21 ၂၁ တပါး အမျိုးသားတည်းဟူသောအဓမ္မ လူတို့ သည် လုယူ ဖျက်ဆီးစေခြင်းငှါ သူတို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် ညစ်ညူး စေကြလိမ့်မည်။
And I will giue it into the handes of the strangers to be spoyled, and to the wicked of the earth to be robbed, and they shall pollute it.
22 ၂၂ ငါ လည်း မျက်နှာ လွှဲ သည်ဖြစ်၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြ တို့သည် ဝင် ၍ ညစ်ညူး စေကြလိမ့်မည်။
My face will I turne also from them, and they shall pollute my secret place: for the destroyers shall enter into it, and defile it.
23 ၂၃ သံကြိုး ကိုလုပ် လော့။ အကြောင်း မူကား၊ ပြည် သည် လူအသက် ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏။
Make a chaine: for the lande is full of the iudgement of blood, and the citie is full of crueltie.
24 ၂၄ ထိုကြောင့် ၊ ကြမ်းကြုတ် သော လူမျိုး တို့ကို ငါဆောင် ခဲ့၍ ၊ သူ တို့သည် အိမ် များကို သိမ်းယူ ကြလိမ့် မည်။ ခွန်အားကြီး သောသူတို့၏ မာန ကို ငါငြိမ်း စေမည်။ သူ တို့သန့်ရှင်း သောအရပ်တို့သည် ညစ်ညူး ခြင်း ရှိကြလိမ့်မည်။
Wherefore I will bring the most wicked of the heathen, and they shall possesse their houses: I will also make the pompe of the mightie to cease, and their holie places shalbe defiled.
25 ၂၅ ပျက်စီး ခြင်းဘေးလာ ၏။ သူတို့သည် ငြိမ်ဝပ် ခြင်း ကို ရှာ ၍ မ တွေ့ရကြ။
When destruction commeth, they shall seeke peace, and shall not haue it.
26 ၂၆ ဘေး တခုနောက်တခု၊ သိတင်း တခုနောက်တခု ပေါ် လာလိမ့်မည်။ ပရောဖက် ထံမှာ ဗျာဒိတ် ရူပါရုံကို ရှာ သော်လည်း မရကြ။ ယဇ် ပုရောဟိတ်တို့သည် တရား ဟော သောအခွင့်၊ အသက်ကြီး သောသူတို့ သည် အကြံ ပေးသောအခွင့်ကို မ ရဘဲနေ ကြလိမ့်မည်။
Calamitie shall come vpon calamitie, and rumour shall bee vpon rumour: then shall they seeke a vision of the Prophet: but the Lawe shall perish from the Priest, and counsel from the Ancient.
27 ၂၇ ရှင် ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်။ မင်းသား သည် မှိုင်တွေ ခြင်းအဝတ် ကို ဝတ်ရ လိမ့်မည်။ ပြည်သူ ပြည်သားတို့၏ လက် တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူ တို့ကျင့် ကြသည်အတိုင်း သူ တို့၌ ငါပြု မည်။ သူ တို့စီရင် ကြသည်အတိုင်း ငါပြန် ၍ စီရင်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
The King shall mourne, and the prince shall be clothed with desolation, and the handes of the people in the land shall be troubled: I wil doe vnto them according to their waies, and according to their iudgements will I iudge them, and they shall knowe that I am the Lord.

< ယေဇကျေလ 7 >