< ယေဇကျေလ 6 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
2 ၂ အချင်းလူသား ၊ သင် သည် ဣသရေလ တောင် တို့ကို မျက်နှာ ပြု ၍ ၊ သူ တို့တဘက် ၌ ပရောဖက် ပြုလော့။
၂အချင်းလူသား၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု၍၊ သူတို့တဘက်၌ ပရောဖက်ပြုလော့။
3 ၃ အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ၊ ချိုင့် တို့အား မိန့် တော်မူသည်ကား ၊ ငါ သည်ကိုယ်တိုင် သင် တို့အပေါ် သို့ ထား ကိုရောက် စေ၍ ၊ မြင့် သောအရပ်တို့ကို ဖြိုဖျက် မည်။
၃အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
4 ၄ သင် တို့ယဇ် ပလ္လင်တို့သည် လူဆိတ်ညံ လိမ့်မည်။ နေရုပ်တု တို့သည် ကျိုးပဲ့ လိမ့်မည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ သင် တို့၏သူရဲ များကို ငါလှဲ ချမည်။
၄သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
5 ၅ ရုပ်တု ဆင်းတုတို့ရှေ့ မှာ ဣသရေလ အမျိုးသား အသေ ကောင်များကို ချထား ၍ ၊ ယဇ် ပလ္လင်တို့ပတ်လည် ၌ သင် တို့အရိုး များကို ငါဖြန့်ကြဲ မည်။
၅ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6 ၆ သင် တို့နေရာ အရပ်ရပ် ၌ ရှိသောမြို့ တို့သည် ပြိုပျက် ၍ ၊ မြင့် သော အရပ်တို့သည် လူ ဆိတ်ညံလျက်၊ ယဇ် ပလ္လင်တို့သည်သုတ်သင် ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲ ချိုးဖဲ့ ခြင်းကိုခံရလျက် ၊ သင် တို့လုပ် သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
၆သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
7 ၇ သင် တို့အလယ် ၌ သူရဲ တို့သည် လဲ ၍ သေကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
၇သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့် မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
8 ၈ သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။
၈သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
9 ၉ ငါ့ ကိုစွန့် ပစ်၍ မှားယွင်း တတ်သော နှလုံး ကို၎င်း၊ ရုပ်တု ဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိ တို့ကို၎င်းငါပယ်ဖျက် သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွား ခြင်းကိုခံရာအပြည်ပြည် တို့၌ ငါ့ ကိုအောက်မေ့ ကြလိမ့်မည်။ ပြု မိသမျှ သောစက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
၉ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
10 ၁၀ ထိုသို့ သောအပြစ် ဒဏ်ကို ငါပေး မည်ဟု၊ ငါ ထာဝရဘုရား သည် အချည်းနှီး မိန့် တော်မူသည် မ ဟုတ် ကြောင်း ကို သိ ရကြလိမ့်မည်။
၁၀ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
11 ၁၁ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူ ကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေး တို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12 ၁၂ ဝေး သောသူသည် နာ ဘေးဖြင့် သေ လျက် ၊ နီး သောသူသည် ထား ဘေးဖြင့် ဆုံး လျက် ၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်း သောသူသည်လည်း မွတ်သိပ် ခြင်း ဘေးဖြင့် သေ လျက် ၊ သူ တို့၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
၁၂ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
13 ၁၃ ရုပ်တု ဆင်းတုအပေါင်း တို့အား နံ့သာပေါင်း ကို ပူဇော် ရာအရပ် ၊ ယဇ် ပလ္လင်များပတ်လည် ၊ မြင့် သောကုန်း ၊ တောင်ထိပ် ရှိသမျှ တို့အပေါ် ၊ စိမ်း သောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိ ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
၁၃ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ၍ သေလျက်ရှိကြသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
14 ၁၄ သူ တို့အပေါ် မှာ ငါ သည်လက် ကိုဆန့် ၍ ၊ ဒိဗလတ် မြို့နှင့် ဆိုင်သော လွင်ပြင် ထက်၊ သူ တို့နေ လေရာရာ ပြည် ကိုသာ၍ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာဖြစ် စေ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
၁၄သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့နေလေရာ ရာပြည်ကိုသာ၍ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။