< ယေဇကျေလ 5 >

1 တဖန်တုံ ၊ အချင်းလူသား ၊ ထက် သောထား တည်းဟူသော၊ ဆတ္တာသည် ၏သင်တုန်း ကိုယူ ၍ ၊ ကိုယ် ဆံပင် နှင့် မုတ်ဆိတ် ကို ရိတ် ပြီးမှ ၊ ချိန်ခွင် နှင့် ချိန်၍ အစုစုခွဲ ထားလော့။
And thou, son of man, take thee a sharp knife, take thee a barber’s razor, and cause it to pass upon thy head and upon thy beard: then take to thee balances to weigh, and divide the hair.
2 မြို့ ကို ဝိုင်း ထားရာ ကာလ စေ့ သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့ လော့။ တစု ကိုထား နှင့် ခုတ် ဖြတ်လော့။ တစု ကို လေ တိုက်ရာ၌ လွှင့် လော့။ ငါသည်လည်း ထို အစုနောက် သို့ ထား ကိုလွှတ် လိုက်မည်။
Thou shalt burn with fire a third part in the midst of the city, when the days of the siege are fulfilled: and thou shalt take a third part, and smite about it with a sword: and a third part thou shalt scatter in the wind; and I will draw out a sword after them.
3 အနည်းငယ် ကိုလည်း ယူ ၍ ကိုယ် အဝတ် နှင့် ထုပ် လော့။
Thou shalt also take of them a few in number, and bind them in thy skirts.
4 ထိုအနည်းငယ်အချို့ကိုလည်း ယူ ပြန် ၍ မီးရှို့ လော့။ ထိုမီး သည် ဣသရေလ အမျိုး ကို နှံ့ပြား လိမ့်မည်ဟု မိန့်တော်မူ၏။
Then take of them again, and cast them into the midst of the fire, and burn them in the fire; from which a fire shall come forth into all the house of Israel.
5 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင် မြို့ဖြစ်၏။ ပတ်လည် ၌ ရှိသောတိုင်း ပြည်များတို့အလယ် မှာ ထိုမြို့ ကို ငါထား ၍ ၊
Thus saith the Lord GOD; This is Jerusalem: I have set it in the midst of the nations and countries that are around her.
6 ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။
And she hath changed my judgments into wickedness more than the nations, and my statutes more than the countries that are around her: for they have refused my judgments and my statutes, they have not walked in them.
7 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင် သောကြောင့်၎င်း ၊ ငါ ၏စီရင် ချက်လမ်းသို့ မ လိုက် ၊ ငါ ၏ပညတ် တရား ကိုမ စောင့်ရှောက် ၊ ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့၏ထုံးစံ ဓလေ့သို့လိုက်သောကြောင့်၎င်း ၊
Therefore thus saith the Lord GOD; Because ye multiplied more than the nations that are around you, and have not walked in my statutes, neither have kept my judgments, neither have done according to the judgments of the nations that are around you;
8 ငါ သည်ကိုယ်တိုင် သင့် တဘက် ၌ နေ ၍ ၊ တပါး အမျိုးသား တို့ရှေ့ မှာ သင် ၌ အပြစ် ဒဏ်ကိုစီရင်မည်။
Therefore thus saith the Lord GOD; Behold, I, even I, am against thee, and will execute judgments in the midst of thee in the sight of the nations.
9 သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။
And I will do in thee that which I have not done, and the like of which I will not do any more, because of all thy abominations.
10 ၁၀ သင် ၏အလယ် ၌ အဘ တို့သည် သား တို့ကို စား ကြလိမ့်မည်။ သား တို့သည်လည်း အဘ တို့ကိုစား ကြ လိမ့်မည်။ သင် ၌ အပြစ်ဒဏ် ကို စီရင် ၍ ၊ ကျန်ကြွင်း သမျှ ကို အရပ်ရပ် တို့က လာသောလေ ရှေ့မှာ ငါလွှင့် မည်။
Therefore the fathers shall eat the sons in the midst of thee, and the sons shall eat their fathers; and I will execute judgments in thee, and the whole remnant of thee will I scatter into all the winds.
11 ၁၁ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။
Therefore, as I live, saith the Lord GOD; Surely, because thou hast defiled my sanctuary with all thy detestable things, and with all thy abominations, therefore I will also diminish thee; neither shall my eye spare, neither will I have any pity.
12 ၁၂ သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။
A third part of thee shall die with the pestilence, and with famine shall they be consumed in the midst of thee: and a third part shall fall by the sword around thee; and I will scatter a third part into all the winds, and I will draw out a sword after them.
13 ၁၃ ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
Thus shall my anger be accomplished, and I will cause my fury to rest upon them, and I will be comforted: and they shall know that I the LORD have spoken it in my zeal, when I have accomplished my fury in them.
14 ၁၄ ထိုမှတပါး ၊ အနားမှာရှောက်သွား သမျှ သောသူတို့ ရှေ့ တွင် သင့် ကိုလူဆိတ်ညံ ရာ၊ ပတ်လည် ၌နေသော လူ အမျိုးမျိုးတို့၏ ကဲ့ရဲ့ ရာ ဖြစ် စေမည်။
Moreover I will make thee waste, and a reproach among the nations that are around thee, in the sight of all that pass by.
15 ၁၅ ဒေါသအမျက်အရှိန်အားဖြင့်သင် ၌ ပြင်းစွာ သော အပြစ် ဒဏ်ကို ငါ စီရင် သောအခါ ၊ ပတ်လည် ၌ နေသော လူ အမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ် လိမ့်မည်။ ထိုသို့ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
So it shall be a reproach and a taunt, an instruction and an horror to the nations that are around thee, when I shall execute judgments in thee in anger and in fury and in furious rebukes. I the LORD have spoken it.
16 ၁၆ သင် တို့ကို ဖျက်ဆီး ခြင်းငှါ မွတ်သိပ် ခြင်း ဘေးတည်းဟူသောမြှား ဆိုးတို့ကို ငါလွှတ် လိုက်သောအခါ ၌၎င်း ၊ သင် တို့တွင် မွတ်သိပ် ခြင်းဘေးကို တိုးပွါး စေ၍ ၊ မုန့် အထောက် အပင့်ကို ငါချိုး သောအခါ ၌၎င်း ၊
When I shall send upon them the evil arrows of famine, which shall be for their destruction, and which I will send to destroy you: and I will increase the famine upon you, and will break your staff of bread:
17 ၁၇ သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။
So will I send upon you famine and evil beasts, and they shall bereave thee; and pestilence and blood shall pass through thee; and I will bring the sword upon thee. I the LORD have spoken it.

< ယေဇကျေလ 5 >