< ယေဇကျေလ 47 >

1 ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။
Me devolvió a la puerta del templo; y he aquí que las aguas salían de debajo del umbral del templo hacia el este, pues la fachada del templo estaba orientada hacia el este. Las aguas bajaban de abajo, del lado derecho del templo, al sur del altar.
2 တဖန် မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုထုတ် ၍ ပြင် ၌ဝိုင်း သွားလျက်၊ အရှေ့ သို့ မျက်နှာပြု သော ပြင် တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာ ဘက် မှ စီး သော ရေ ကို ငါမြင် ၏။
Luego me sacó por el camino de la puerta hacia el norte, y me llevó por el camino de afuera a la puerta exterior, por el camino de la puerta que mira hacia el oriente. He aquí que las aguas salían por el lado derecho.
3 ကြိုး ကိုကိုင် သောသူသည် အရှေ့ သို့သွား ပြီးလျှင် ၊ အတောင် တထောင် စေ့အောင်တိုင်း ၍ ငါ့ ကို ရေ ကူး စေ၏။ ရေ သည် ဖမျက် သို့ မှီလေ၏။
Cuando el hombre salió hacia el este con el cordel en la mano, midió mil codos, y me hizo pasar por las aguas, aguas que llegaban a los tobillos.
4 တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ရေး ကူး စေပြန်လျှင်၊ ရေ သည် ဒူး ကိုမှီလေ၏။ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ကူး စေပြန်လျှင်၊ ရေ သည်ခါး ကိုမှီလေ၏။
Volvió a medir mil, y me hizo pasar por las aguas, aguas que llegaban a las rodillas. Volvió a medir mil, y me hizo pasar por aguas que llegaban a la cintura.
5 တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။
Después midió mil, y era un río por el que no podía pasar, pues las aguas habían crecido, aguas para nadar, un río por el que no se podía caminar.
6 ထိုသူက၊ အချင်းလူသား ၊ ဤအရာကို မြင် သည် မ ဟုတ်လောဟု ပြော ပြီးမှ ၊ တဖန် ငါ့ ကိုခေါ် သွား၍ မြစ် နား သို့ပြန် စေ၏။
Me dijo: “Hijo de hombre, ¿has visto esto?” Entonces me llevó y me hizo volver a la orilla del río.
7 ပြန် စဉ်အခါ မြစ် နား နှစ်ဘက်၌ များစွာ သော အပင် တို့ကို ငါ မြင် ၏။
Cuando regresé, vi que en la orilla del río había muchos árboles a un lado y al otro.
8 ထိုသူကလည်း၊ ဤ ရေ သည် အရှေ့ သို့ စီး ၍ တော ကို ရှောက် ပြီးမှ ၊ အိုင် ထဲသို့ ဝင် တတ်သော အားဖြင့်အိုင်ရေ သည် ချို လိမ့်မည်။
Entonces me dijo: “Estas aguas fluyen hacia la región oriental y bajarán al Arabá. Luego irán hacia el mar y desembocarán en el mar que se hará fluir; y las aguas se sanarán.
9 အသက်ရှင် ၍လှုပ်ရှား တတ်သော သတ္တဝါ အမျိုးမျိုး တို့သည် ထို မြစ် ရေရောက် သမျှ သော အရပ်တို့၌ အသက်ရှင် ၍ ၊ အလွန် များစွာ သော ငါး တို့လည်း ရှိ ကြ လိမ့်မည်။ ထို မြစ်ရေ သည် ချို သောကြောင့် ၊ ရောက် သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
Sucederá que toda criatura viviente que pulule, en todo lugar donde vengan los ríos, vivirá. Entonces habrá una multitud muy grande de peces; porque estas aguas han llegado allí, y las aguas del mar serán sanadas, y todo vivirá dondequiera que venga el río.
10 ၁၀ အိုင်နားမှာတံငါ တို့သည် ရပ် ၍၊ အင်္ဂေဒိ ရွာမှစ၍ ဧနေဂလိမ် ရွာတိုင်အောင် ပိုက်ကွန် ဖြန့် ချရာ အရပ် ဖြစ် လိမ့်မည်။ ငါး အမျိုးမျိုး တို့သည် မဟာ ပင်လယ် ငါး ကဲ့သို့ အလွန် များပြား ကြလိမ့်မည်။
Sucederá que los pescadores estarán junto a él. Desde En Gedi hasta En Eglaim será un lugar para tender las redes. Sus peces serán de su clase, como los peces del gran mar, sumamente numerosos.
11 ၁၁ ရွှံ့ပွက် ရေနှင့် ရွှံ့အိုင် ရေမူကား မ ချို ရ၊ အစဉ် ငန် ရလိမ့်မည်။
Pero sus pantanos no serán sanados. Serán entregados a la sal.
12 ၁၂ မြစ် ကမ်းနား နှစ်ဘက်၌ စားစရာ ကောင်းသော အပင် အမျိုးမျိုး ပေါက် ကြလိမ့်မည်။ အရွက် လည်း မ ညှိုး မနွမ်း ရ၊ အသီး လည်းမ ပျက် ရ။ လ တိုင်းအစဉ်နုသော အသီးကို သီး လိမ့်မည်။ အကြောင်းမူကား ၊ သန့်ရှင်း ရာ ဌာနထဲက ထွက် သတည်း။ အသီး သည် စားစရာ ဘို့ ဖြစ် ၏။ အရွက် သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
Junto a las orillas del río, a ambos lados, crecerá todo tipo de árbol para la alimentación, cuya hoja no se marchitará, ni faltará su fruto. Producirá nuevos frutos cada mes, porque sus aguas salen del santuario. Su fruto será para comer, y su hoja para sanar”.
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။
El Señor Yahvé dice: “Esta será la frontera por la que dividirás la tierra en herencia según las doce tribus de Israel. José tendrá dos porciones.
14 ၁၄ ဘိုးဘေး တို့အား ငါကျိန်ဆို သည်အတိုင်း ငါပေး ရသောထို မြေ သည် သင် တို့အမွေ ဖြစ်၍၊ သင်တို့သည် အချင်းချင်း အမွေ ခံရကြမည်။
Vosotros la heredaréis, tanto los unos como los otros, porque yo juré dársela a vuestros padres. Esta tierra os corresponderá en herencia.
15 ၁၅ မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊
“Esta será la frontera de la tierra: “Al norte, desde el gran mar, por el camino de Hetlón, hasta la entrada de Zedad;
16 ၁၆ ဟာမတ် မြို့နှင့် ဗေရောသာ မြို့ကို၎င်း၊ ဒမာသက် နယ် နှင့် ဟာမတ် နယ် စပ်ကြား မှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန် မြို့အနား မှာ ၊ ဟာဇာဟတ္တိကုန် မြို့ကို၎င်းဝိုင်း၍၊
Hamat, Berotá, Sibraim (que está entre el límite de Damasco y el límite de Hamat), hasta Hazer Hatticón, que está junto al límite de Haurán.
17 ၁၇ တဖန် ပင်လယ် နှင့်ကွာပြီးမှဒမာသက် နယ် အနား၌ ဟာဇရေနန် မြို့၊ မြောက် ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ် မြို့ပါရမည်။ ဤရွေ့ကား၊ မြောက် ဘက် အပိုင်းအခြား ဖြစ်သတည်း။
El límite desde el mar será Hazar Enón, en el límite de Damasco; y al norte está el límite de Hamat. Este es el lado norte.
18 ၁၈ အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။
“El lado oriental, entre Hauran, Damasco, Galaad y la tierra de Israel, será el Jordán; desde el límite norte hasta el mar oriental lo medirás. Este es el lado oriental.
19 ၁၉ တောင် ဘက် အပိုင်းအခြားသည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင် ၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း ၊ ရှောက်သွားရမည်။ ဤရွေ့ကား၊ တောင် ဘက် အပိုင်းအခြားဖြစ်သတည်း ။
“El lado sur hacia el sur será desde Tamar hasta las aguas de Meribot Cades, hasta el arroyo, hasta el gran mar. Este es el lado sur hacia el sur.
20 ၂၀ အနောက် ဘက် ၌ မဟာ ပင်လယ် သည် တောင် ဘက်မှစ၍၊ ဟာမတ် မြို့တဘက်တချက် တိုင်အောင် ပိုင်းခြား လျက်ရှိရမည်။ ဤရွေ့ကား ၊ အနောက် ဘက် အပိုင်းအခြားဖြစ်သတည်း။
“El lado oeste será el gran mar, desde el límite sur hasta frente a la entrada de Hamat. Este es el lado occidental.
21 ၂၁ ထို မြေ ကိုဣသရေလ အမျိုး အသီးအသီးတို့အား ဝေ ရမည်။
“Así os repartiréis esta tierra según las tribus de Israel.
22 ၂၂ အမျိုးသားချင်းအမွေခံဘို့၎င်း ၊ သင် တို့တွင် နေ ၍ သားသမီး ဘွားမြင် သော တပါး အမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ဘွားမြင်သော ဣသရေလ အမျိုးသား ကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ မြေကိုအမွေ ခံရ ကြလိမ့်မည်။
La repartiréis por sorteo como herencia para vosotros y para los extranjeros que vivan entre vosotros, que engendrarán hijos entre vosotros. Entonces serán para ustedes como los nativos entre los hijos de Israel. Tendrán herencia con vosotros entre las tribus de Israel.
23 ၂၃ တပါး အမျိုးသားနေ လေရာရာ ခရိုင် ၌ သူ့ အမွေခံ စရာမြေကို ပေး ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
En cualquier tribu que viva el extranjero, allí le darás su herencia”, dice el Señor Yahvé.

< ယေဇကျေလ 47 >