< ယေဇကျေလ 47 >
1 ၁ ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။
Then the man brought me back to the entrance of the temple, and I saw water flowing from under the threshold of the temple toward the east (for the temple faced east). The water was coming down from under the south side of the temple, south of the altar.
2 ၂ တဖန် မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုထုတ် ၍ ပြင် ၌ဝိုင်း သွားလျက်၊ အရှေ့ သို့ မျက်နှာပြု သော ပြင် တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာ ဘက် မှ စီး သော ရေ ကို ငါမြင် ၏။
Next he brought me out through the north gate and led me around the outside to the outer gate facing east, and there I saw the water trickling out from the south side.
3 ၃ ကြိုး ကိုကိုင် သောသူသည် အရှေ့ သို့သွား ပြီးလျှင် ၊ အတောင် တထောင် စေ့အောင်တိုင်း ၍ ငါ့ ကို ရေ ကူး စေ၏။ ရေ သည် ဖမျက် သို့ မှီလေ၏။
As the man went eastward with a measuring line in his hand, he measured off a thousand cubits and led me through ankle-deep water.
4 ၄ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ရေး ကူး စေပြန်လျှင်၊ ရေ သည် ဒူး ကိုမှီလေ၏။ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ကူး စေပြန်လျှင်၊ ရေ သည်ခါး ကိုမှီလေ၏။
Then he measured off a thousand cubits and led me through knee-deep water. Again he measured a thousand cubits and led me through waist-deep water.
5 ၅ တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။
Once again he measured off a thousand cubits, but now it was a river that I could not cross, because the water had risen and was deep enough for swimming—a river that could not be crossed on foot.
6 ၆ ထိုသူက၊ အချင်းလူသား ၊ ဤအရာကို မြင် သည် မ ဟုတ်လောဟု ပြော ပြီးမှ ၊ တဖန် ငါ့ ကိုခေါ် သွား၍ မြစ် နား သို့ပြန် စေ၏။
“Son of man, do you see this?” he asked. Then he led me back to the bank of the river.
7 ၇ ပြန် စဉ်အခါ မြစ် နား နှစ်ဘက်၌ များစွာ သော အပင် တို့ကို ငါ မြင် ၏။
When I arrived, I saw a great number of trees along both banks of the river.
8 ၈ ထိုသူကလည်း၊ ဤ ရေ သည် အရှေ့ သို့ စီး ၍ တော ကို ရှောက် ပြီးမှ ၊ အိုင် ထဲသို့ ဝင် တတ်သော အားဖြင့်အိုင်ရေ သည် ချို လိမ့်မည်။
And he said to me, “This water flows out to the eastern region and goes down into the Arabah. When it empties into the Sea, the water there becomes fresh.
9 ၉ အသက်ရှင် ၍လှုပ်ရှား တတ်သော သတ္တဝါ အမျိုးမျိုး တို့သည် ထို မြစ် ရေရောက် သမျှ သော အရပ်တို့၌ အသက်ရှင် ၍ ၊ အလွန် များစွာ သော ငါး တို့လည်း ရှိ ကြ လိမ့်မည်။ ထို မြစ်ရေ သည် ချို သောကြောင့် ၊ ရောက် သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
Wherever the river flows, there will be swarms of living creatures and a great number of fish, because it flows there and makes the waters fresh; so wherever the river flows, everything will flourish.
10 ၁၀ အိုင်နားမှာတံငါ တို့သည် ရပ် ၍၊ အင်္ဂေဒိ ရွာမှစ၍ ဧနေဂလိမ် ရွာတိုင်အောင် ပိုက်ကွန် ဖြန့် ချရာ အရပ် ဖြစ် လိမ့်မည်။ ငါး အမျိုးမျိုး တို့သည် မဟာ ပင်လယ် ငါး ကဲ့သို့ အလွန် များပြား ကြလိမ့်မည်။
Fishermen will stand by the shore; from En-gedi to En-eglaim they will spread their nets to catch fish of many kinds, like the fish of the Great Sea.
11 ၁၁ ရွှံ့ပွက် ရေနှင့် ရွှံ့အိုင် ရေမူကား မ ချို ရ၊ အစဉ် ငန် ရလိမ့်မည်။
But the swamps and marshes will not become fresh; they will be left for salt.
12 ၁၂ မြစ် ကမ်းနား နှစ်ဘက်၌ စားစရာ ကောင်းသော အပင် အမျိုးမျိုး ပေါက် ကြလိမ့်မည်။ အရွက် လည်း မ ညှိုး မနွမ်း ရ၊ အသီး လည်းမ ပျက် ရ။ လ တိုင်းအစဉ်နုသော အသီးကို သီး လိမ့်မည်။ အကြောင်းမူကား ၊ သန့်ရှင်း ရာ ဌာနထဲက ထွက် သတည်း။ အသီး သည် စားစရာ ဘို့ ဖြစ် ၏။ အရွက် သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
Along both banks of the river, fruit trees of all kinds will grow. Their leaves will not wither, and their fruit will not fail. Each month they will bear fruit, because the water from the sanctuary flows to them. Their fruit will be used for food and their leaves for healing.”
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။
This is what the Lord GOD says: “These are the boundaries by which you are to divide the land as an inheritance among the twelve tribes of Israel; Joseph shall receive two portions.
14 ၁၄ ဘိုးဘေး တို့အား ငါကျိန်ဆို သည်အတိုင်း ငါပေး ရသောထို မြေ သည် သင် တို့အမွေ ဖြစ်၍၊ သင်တို့သည် အချင်းချင်း အမွေ ခံရကြမည်။
You are to divide it equally among them. Because I swore with an uplifted hand to give it to your forefathers, this land will fall to you as an inheritance.
15 ၁၅ မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊
This shall be the boundary of the land: On the north side it will extend from the Great Sea by way of Hethlon through Lebo-hamath to Zedad,
16 ၁၆ ဟာမတ် မြို့နှင့် ဗေရောသာ မြို့ကို၎င်း၊ ဒမာသက် နယ် နှင့် ဟာမတ် နယ် စပ်ကြား မှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန် မြို့အနား မှာ ၊ ဟာဇာဟတ္တိကုန် မြို့ကို၎င်းဝိုင်း၍၊
Berothah, and Sibraim (which is on the border between Damascus and Hamath), as far as Hazer-hatticon, which is on the border of Hauran.
17 ၁၇ တဖန် ပင်လယ် နှင့်ကွာပြီးမှဒမာသက် နယ် အနား၌ ဟာဇရေနန် မြို့၊ မြောက် ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ် မြို့ပါရမည်။ ဤရွေ့ကား၊ မြောက် ဘက် အပိုင်းအခြား ဖြစ်သတည်း။
So the border will run from the Sea to Hazar-enan, along the northern border of Damascus, with the territory of Hamath to the north. This will be the northern boundary.
18 ၁၈ အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။
On the east side the border will run between Hauran and Damascus, along the Jordan between Gilead and the land of Israel, to the Eastern Sea and as far as Tamar. This will be the eastern boundary.
19 ၁၉ တောင် ဘက် အပိုင်းအခြားသည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင် ၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း ၊ ရှောက်သွားရမည်။ ဤရွေ့ကား၊ တောင် ဘက် အပိုင်းအခြားဖြစ်သတည်း ။
On the south side it will run from Tamar to the waters of Meribath-kadesh, and along the Brook of Egypt to the Great Sea. This will be the southern boundary.
20 ၂၀ အနောက် ဘက် ၌ မဟာ ပင်လယ် သည် တောင် ဘက်မှစ၍၊ ဟာမတ် မြို့တဘက်တချက် တိုင်အောင် ပိုင်းခြား လျက်ရှိရမည်။ ဤရွေ့ကား ၊ အနောက် ဘက် အပိုင်းအခြားဖြစ်သတည်း။
And on the west side, the Great Sea will be the boundary up to a point opposite Lebo-hamath. This will be the western boundary.
21 ၂၁ ထို မြေ ကိုဣသရေလ အမျိုး အသီးအသီးတို့အား ဝေ ရမည်။
You are to divide this land among yourselves according to the tribes of Israel.
22 ၂၂ အမျိုးသားချင်းအမွေခံဘို့၎င်း ၊ သင် တို့တွင် နေ ၍ သားသမီး ဘွားမြင် သော တပါး အမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ဘွားမြင်သော ဣသရေလ အမျိုးသား ကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ မြေကိုအမွေ ခံရ ကြလိမ့်မည်။
You shall allot it as an inheritance for yourselves and for the foreigners who dwell among you and who have children. You are to treat them as native-born Israelites; along with you, they shall be allotted an inheritance among the tribes of Israel.
23 ၂၃ တပါး အမျိုးသားနေ လေရာရာ ခရိုင် ၌ သူ့ အမွေခံ စရာမြေကို ပေး ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
In whatever tribe a foreigner dwells, you are to assign his inheritance there,” declares the Lord GOD.