< ယေဇကျေလ 46 >

1 အရှင် ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အရှေ့ သို့ မျက်နှာပြု သော အတွင်း တန်တိုင်း တံခါး ကို အလုပ် လုပ်သောနေ့ ခြောက် ရက်ပတ်လုံးပိတ် ထား ရမည်။ ဥပုသ် နေ့ နှင့် လဆန်း နေ့ ၌ ဖွင့် ထားရမည်။
အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-
2 မင်းသား သည် ထိုတံခါး မုတ် ဖြင့် ဝင် ၍ တံခါး တိုင် အနား မှာ ရပ် နေရမည်။ ယဇ်ပုရောဟိတ် တို့သည် မင်းသားမီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ ၌ ဦးညွတ် ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင် ၊ ညဦးယံ မ ရောက်မှီ ထိုတံခါး ကို မ ပိတ် ရ။
နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-
3 ထိုနည်းတူ ၊ ဥပုသ် နေ့နှင့် လဆန်း နေ့၌ ပြည်သူ ပြည်သားတို့သည် ထို တံခါးဝ နားမှာ ထာဝရဘုရား ရှေ့ တော်တွင် ဦးညွတ် ချရကြမည်။
ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-
4 ဥပုသ် နေ့ ၌ မင်းသား သည် မီးရှို့ ရာယဇ်ဘို့ အပြစ် မပါသော သိုးသငယ် ခြောက် ကောင်၊ အပြစ် မပါသော သိုးထီး တကောင်ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
5 ဘောဇဉ် ပူဇော်သက္ကာဘို့ သိုးထီး တကောင်နှင့် မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို၎င်း၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။-
6 လဆန်း နေ့ ၌ အပြစ် မပါသော နွားထီး တကောင်၊ သိုးသငယ် ခြောက် ကောင်၊ သိုးထီး တကောင်ကို ပူဇော် ရမည်။
လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။-
7 ဘောဇဉ် ပူဇော်သက္ကာဘို့ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်း ပူဇော် ရမည်။
8 မင်းသား ဝင် သောအခါ အရှေ့တံခါး မုတ် ဖြင့် ဝင် ရမည်။ ထိုတံခါးမုတ် ဖြင့် လည်း ထွက် ရမည်။
မင်း​သား​သည်​မိ​မိ​ဝင်​လမ်း​အ​တိုင်း​မုခ် ပေါက်​မှ​ထွက်​ရ​မည်။
9 ပြည်သူ ပြည်သားတို့သည် ဓမ္မပွဲ ခံချိန်ကာလ၌ ၊ ထာဝရဘုရား ရှေ့ တော်သို့ ဝင် သောအခါ ၊ ဦးညွတ် ချခြင်းငှါ မြောက် တံခါး ဖြင့် ဝင် သောသူသည် တောင် တံခါး ဖြင့် ထွက် ရမည်။ တောင် တံခါး ဖြင့် ဝင် သောသူသည် မြောက် တံခါး ဖြင့် ထွက် ရမည်။ ဝင် သောတံခါး ဖြင့် မ ထွက် ရ။ ဝင်သော တံခါးတဘက်တချက် ၌ရှိသောတံခါးဖြင့် ထွက် ရမည်။
``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။-
10 ၁၀ ပြည်သား တို့တွင် မင်းသား ဖြစ်သောသူသည် သူ တို့ ဝင် သောအခါ ဝင် ရမည်။ သူ တို့ထွက် သောအခါ ထွက် ရမည်။
၁၀မင်း​သား​သည်​လူ​များ​ဝင်​သည့်​အ​ခါ​ဝင် ၍​သူ​တို့​ထွက်​သည့်​အ​ခါ​ထွက်​ရ​မည်။-
11 ၁၁ ပွဲ ခံ၍ ပရိသတ် စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်းပူဇော် ရမည်။
၁၁ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။
12 ၁၂ မင်းသား သည် အလိုလို ပြုသော မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြု သောအခါ ၊ အရှေ့ သို့မျက်နှာပြု သော တံခါး ကိုဖွင့် ရမည်။ သူသည်ဥပုသ် နေ့ ၌ မီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော် သကဲ့သို့ ပူဇော် ရမည်။ ပူဇော်ပြီးမှ ထွက်သွား ၍ တံခါး ကို ပိတ် ထားရမည်။
၁၂``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
13 ၁၃ နေ့ တိုင်းအစဉ်၊ ထာဝရဘုရား အား မီးရှို့ ရာယဇ် ဘို့ အပြစ် မပါ၊ အခါမလည် သော သိုးသငယ် တကောင်ကို နံနက် အချိန်၌ ပူဇော် ရမည်။
၁၃ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။-
14 ၁၄ နံနက် တိုင်းအစဉ်၊ ထိုသိုးသငယ် နှင့်အတူ ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ တွင် ခြောက်စုတစု ကို၎င်း ၊ မုန့်ညက် နှင့်ရောရသော ဆီ လေး လောဃ ကို၎င်းပူဇော် ရမည်။ ဤရွှေ့ကား၊ ထာဝရဘုရား အား အစဉ်အမြဲ ပြုရသော ဘောဇဉ် ပူဇော်သက္ကာတရား ပေတည်း ။
၁၄မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-
15 ၁၅ ထိုသို့မီးရှို့ ရာယဇ်ကို နံနက် တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ် ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာနှင့် ဆီ ကို၎င်း ပြင်ဆင် ရမည်။
၁၅နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မင်းသား သည် မိမိ သား ၌ လက်ဆောင် တစုံတခု ကို ပေး လျှင် ၊ ထိုလက်ဆောင်သည် အမွေ ဥစ္စာဖြစ်၍၊ သား တော်သည် အမွေခံ လျက် သိမ်းယူ ရမည်။
၁၆အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊-
17 ၁၇ မိမိ ကျွန် ၌ အမွေ ဥစ္စာလက်ဆောင် တစုံတခုကို ပေး လျှင် မူကား ၊ လွတ် ရာနှစ် သက္ကရာဇ်တိုင် ရုံမျှသာထိုကျွန်သည် ပိုင် ရမည်။ နောက်မှ မင်းသား လက်သို့ ပြန်ရောက် ရမည်။ သား မူကား ၊ အစဉ်အမြဲအမွေ ခံရ မည် ။
၁၇သို့​သော်​မင်း​သား​သည်​မိ​မိ​၏​မြေ​ကွက် တစ်​ကွက်​ကို​ကျေး​ကျွန်​တစ်​ယောက်​ယောက် အား​ပေး​ပါ​မူ ထို​ကျေး​ကျွန်​လွတ်​လပ်​ခွင့် ရ​ချိန်​ရောက်​သော​အ​ခါ ယင်း​မြေ​ကွက် သည်​မင်း​သား​၏​လက်​သို့​ပြန်​လည်​ရောက် ရှိ​စေ။ ထို​မြေ​သည်​မင်း​သား​၏​မြေ​ဖြစ် သ​ဖြင့်​သူ​နှင့်​သူ​၏​သား​များ​က သာ​လျှင်​အ​စဉ်​အ​မြဲ​ပိုင်​နိုင်​၏။-
18 ၁၈ ထိုမှတပါး ၊ မင်းသား သည်ပြည်သား အမွေ မြေကို အနိုင်အထက် ယူ ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါမပြုရ။
၁၈ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။
19 ၁၉ ထိုနောက်မှ တံခါး အနား ၌ ရှိသောဝင်ဝ ဖြင့် ငါ့ ကို ဆောင်သွား ၍၊ မြောက် သို့ မျက်နှာပြု သော ယဇ်ပုရောဟိတ် သန့်ရှင်း သော အခန်း များ ထဲသို့ သွင်းသဖြင့်၊ အနောက် ဘက်၌ ရှိသောအရပ် တခုကို ငါမြင် ၏။
၁၉ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊-
20 ၂၀ ဤ အရပ် ကား၊ ယဇ်ပုရောဟိတ် တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ် ဖြေရာယဇ်ကိုပြုတ် ၍၊ ဘော်ဇဉ် ပူဇော်သက္ကာကို ဖုတ် ရသောအရပ် ဖြစ်၏။ လူ များကို သန့်ရှင်း စေခြင်းငှါ ၊ ထိုအရာတို့ကို ပြင် တန်တိုင်း ထဲသို့ မထုတ် ရကြဟု ငါ့ အား ပြောဆို ၏။
၂၀ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။
21 ၂၁ တဖန် ပြင် တန်တိုင်း ထဲသို့ ငါ့ ကိုခေါ် သွင်း၍ တန်တိုင်း ထောင့် လေး ထောင့်တို့ကို ရှောက်သွား စေသဖြင့် ၊ ထိုလေးထောင့် တို့၌ တန်တိုင်း ငယ် တခုစီရှိသည်ကို ငါမြင် ၏။
၂၁ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-
22 ၂၂ ထိုတန်တိုင်း ငယ်တို့သည် အလျား အတောင်လေးဆယ် ၊ အနံ အတောင်သုံးဆယ် ရှိ၍၊ အတိုင်း အရှည် တညီတညွတ် တည်းဖြစ်ကြ၏။
၂၂
23 ၂၃ ထိုလေး ထောင့်တို့အတွင်း ပတ်လည် ၌ ချက်ပြုတ် စရာဘို့ အစဉ်အတိုင်းခုံလောက် တန်းများ ရှိ ကြ၏။
၂၃ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။-
24 ၂၄ ဤ အရပ်တို့ကား အိမ် တော်အမှု စောင့်တို့သည် လူ များပူဇော်သော ယဇ်ကောင် တို့ကို ပြုတ် ရသောအရပ် ဖြစ်ကြသည်ဟု ငါ့ အား ပြောဆို ၏။
၂၄ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။

< ယေဇကျေလ 46 >