< ယေဇကျေလ 46 >
1 ၁ အရှင် ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အရှေ့ သို့ မျက်နှာပြု သော အတွင်း တန်တိုင်း တံခါး ကို အလုပ် လုပ်သောနေ့ ခြောက် ရက်ပတ်လုံးပိတ် ထား ရမည်။ ဥပုသ် နေ့ နှင့် လဆန်း နေ့ ၌ ဖွင့် ထားရမည်။
2 ၂ မင်းသား သည် ထိုတံခါး မုတ် ဖြင့် ဝင် ၍ တံခါး တိုင် အနား မှာ ရပ် နေရမည်။ ယဇ်ပုရောဟိတ် တို့သည် မင်းသားမီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ ၌ ဦးညွတ် ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင် ၊ ညဦးယံ မ ရောက်မှီ ထိုတံခါး ကို မ ပိတ် ရ။
3 ၃ ထိုနည်းတူ ၊ ဥပုသ် နေ့နှင့် လဆန်း နေ့၌ ပြည်သူ ပြည်သားတို့သည် ထို တံခါးဝ နားမှာ ထာဝရဘုရား ရှေ့ တော်တွင် ဦးညွတ် ချရကြမည်။
4 ၄ ဥပုသ် နေ့ ၌ မင်းသား သည် မီးရှို့ ရာယဇ်ဘို့ အပြစ် မပါသော သိုးသငယ် ခြောက် ကောင်၊ အပြစ် မပါသော သိုးထီး တကောင်ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
5 ၅ ဘောဇဉ် ပူဇော်သက္ကာဘို့ သိုးထီး တကောင်နှင့် မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို၎င်း၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
6 ၆ လဆန်း နေ့ ၌ အပြစ် မပါသော နွားထီး တကောင်၊ သိုးသငယ် ခြောက် ကောင်၊ သိုးထီး တကောင်ကို ပူဇော် ရမည်။
7 ၇ ဘောဇဉ် ပူဇော်သက္ကာဘို့ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်း ပူဇော် ရမည်။
8 ၈ မင်းသား ဝင် သောအခါ အရှေ့တံခါး မုတ် ဖြင့် ဝင် ရမည်။ ထိုတံခါးမုတ် ဖြင့် လည်း ထွက် ရမည်။
9 ၉ ပြည်သူ ပြည်သားတို့သည် ဓမ္မပွဲ ခံချိန်ကာလ၌ ၊ ထာဝရဘုရား ရှေ့ တော်သို့ ဝင် သောအခါ ၊ ဦးညွတ် ချခြင်းငှါ မြောက် တံခါး ဖြင့် ဝင် သောသူသည် တောင် တံခါး ဖြင့် ထွက် ရမည်။ တောင် တံခါး ဖြင့် ဝင် သောသူသည် မြောက် တံခါး ဖြင့် ထွက် ရမည်။ ဝင် သောတံခါး ဖြင့် မ ထွက် ရ။ ဝင်သော တံခါးတဘက်တချက် ၌ရှိသောတံခါးဖြင့် ထွက် ရမည်။
10 ၁၀ ပြည်သား တို့တွင် မင်းသား ဖြစ်သောသူသည် သူ တို့ ဝင် သောအခါ ဝင် ရမည်။ သူ တို့ထွက် သောအခါ ထွက် ရမည်။
11 ၁၁ ပွဲ ခံ၍ ပရိသတ် စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်းပူဇော် ရမည်။
12 ၁၂ မင်းသား သည် အလိုလို ပြုသော မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြု သောအခါ ၊ အရှေ့ သို့မျက်နှာပြု သော တံခါး ကိုဖွင့် ရမည်။ သူသည်ဥပုသ် နေ့ ၌ မီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော် သကဲ့သို့ ပူဇော် ရမည်။ ပူဇော်ပြီးမှ ထွက်သွား ၍ တံခါး ကို ပိတ် ထားရမည်။
13 ၁၃ နေ့ တိုင်းအစဉ်၊ ထာဝရဘုရား အား မီးရှို့ ရာယဇ် ဘို့ အပြစ် မပါ၊ အခါမလည် သော သိုးသငယ် တကောင်ကို နံနက် အချိန်၌ ပူဇော် ရမည်။
14 ၁၄ နံနက် တိုင်းအစဉ်၊ ထိုသိုးသငယ် နှင့်အတူ ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ တွင် ခြောက်စုတစု ကို၎င်း ၊ မုန့်ညက် နှင့်ရောရသော ဆီ လေး လောဃ ကို၎င်းပူဇော် ရမည်။ ဤရွှေ့ကား၊ ထာဝရဘုရား အား အစဉ်အမြဲ ပြုရသော ဘောဇဉ် ပူဇော်သက္ကာတရား ပေတည်း ။
15 ၁၅ ထိုသို့မီးရှို့ ရာယဇ်ကို နံနက် တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ် ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာနှင့် ဆီ ကို၎င်း ပြင်ဆင် ရမည်။
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မင်းသား သည် မိမိ သား ၌ လက်ဆောင် တစုံတခု ကို ပေး လျှင် ၊ ထိုလက်ဆောင်သည် အမွေ ဥစ္စာဖြစ်၍၊ သား တော်သည် အမွေခံ လျက် သိမ်းယူ ရမည်။
17 ၁၇ မိမိ ကျွန် ၌ အမွေ ဥစ္စာလက်ဆောင် တစုံတခုကို ပေး လျှင် မူကား ၊ လွတ် ရာနှစ် သက္ကရာဇ်တိုင် ရုံမျှသာထိုကျွန်သည် ပိုင် ရမည်။ နောက်မှ မင်းသား လက်သို့ ပြန်ရောက် ရမည်။ သား မူကား ၊ အစဉ်အမြဲအမွေ ခံရ မည် ။
18 ၁၈ ထိုမှတပါး ၊ မင်းသား သည်ပြည်သား အမွေ မြေကို အနိုင်အထက် ယူ ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါမပြုရ။
19 ၁၉ ထိုနောက်မှ တံခါး အနား ၌ ရှိသောဝင်ဝ ဖြင့် ငါ့ ကို ဆောင်သွား ၍၊ မြောက် သို့ မျက်နှာပြု သော ယဇ်ပုရောဟိတ် သန့်ရှင်း သော အခန်း များ ထဲသို့ သွင်းသဖြင့်၊ အနောက် ဘက်၌ ရှိသောအရပ် တခုကို ငါမြင် ၏။
20 ၂၀ ဤ အရပ် ကား၊ ယဇ်ပုရောဟိတ် တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ် ဖြေရာယဇ်ကိုပြုတ် ၍၊ ဘော်ဇဉ် ပူဇော်သက္ကာကို ဖုတ် ရသောအရပ် ဖြစ်၏။ လူ များကို သန့်ရှင်း စေခြင်းငှါ ၊ ထိုအရာတို့ကို ပြင် တန်တိုင်း ထဲသို့ မထုတ် ရကြဟု ငါ့ အား ပြောဆို ၏။
21 ၂၁ တဖန် ပြင် တန်တိုင်း ထဲသို့ ငါ့ ကိုခေါ် သွင်း၍ တန်တိုင်း ထောင့် လေး ထောင့်တို့ကို ရှောက်သွား စေသဖြင့် ၊ ထိုလေးထောင့် တို့၌ တန်တိုင်း ငယ် တခုစီရှိသည်ကို ငါမြင် ၏။
22 ၂၂ ထိုတန်တိုင်း ငယ်တို့သည် အလျား အတောင်လေးဆယ် ၊ အနံ အတောင်သုံးဆယ် ရှိ၍၊ အတိုင်း အရှည် တညီတညွတ် တည်းဖြစ်ကြ၏။
23 ၂၃ ထိုလေး ထောင့်တို့အတွင်း ပတ်လည် ၌ ချက်ပြုတ် စရာဘို့ အစဉ်အတိုင်းခုံလောက် တန်းများ ရှိ ကြ၏။
24 ၂၄ ဤ အရပ်တို့ကား အိမ် တော်အမှု စောင့်တို့သည် လူ များပူဇော်သော ယဇ်ကောင် တို့ကို ပြုတ် ရသောအရပ် ဖြစ်ကြသည်ဟု ငါ့ အား ပြောဆို ၏။