< ယေဇကျေလ 45 >

1 သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။
ובהפילכם את הארץ בנחלה תרימו תרומה ליהוה קדש מן הארץ--ארך חמשה ועשרים אלף ארך ורחב עשרה אלף קדש הוא בכל גבולה סביב
2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။
יהיה מזה אל הקדש חמש מאות בחמש מאות מרבע סביב וחמשים אמה מגרש לו סביב
3 ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။
ומן המדה הזאת תמוד ארך חמש (חמשה) ועשרים אלף ורחב עשרת אלפים ובו יהיה המקדש קדש קדשים
4 ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။
קדש מן הארץ הוא לכהנים משרתי המקדש יהיה הקרבים לשרת את יהוה והיה להם מקום לבתים ומקדש למקדש
5 အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။
וחמשה ועשרים אלף ארך ועשרת אלפים רחב יהיה (והיה) ללוים משרתי הבית להם לאחזה--עשרים לשכת
6 မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။
ואחזת העיר תתנו חמשת אלפים רחב וארך חמשה ועשרים אלף לעמת תרומת הקדש--לכל בית ישראל יהיה
7 သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
ולנשיא מזה ומזה לתרומת הקדש ולאחזת העיר אל פני תרומת הקדש ואל פני אחזת העיר מפאת ים ימה ומפאת קדמה קדימה וארך לעמות אחד החלקים מגבול ים אל גבול קדימה
8 ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။
לארץ יהיה לו לאחזה בישראל ולא יונו עוד נשיאי את עמי והארץ יתנו לבית ישראל לשבטיהם
9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
כה אמר אדני יהוה רב לכם נשיאי ישראל--חמס ושד הסירו ומשפט וצדקה עשו הרימו גרשתיכם מעל עמי נאם אדני יהוה
10 ၁၀ မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။
מאזני צדק ואיפת צדק ובת צדק יהי לכם
11 ၁၁ ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။
האיפה והבת תכן אחד יהיה--לשאת מעשר החמר הבת ועשירת החמר האיפה אל החמר יהיה מתכנתו
12 ၁၂ ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။
והשקל עשרים גרה עשרים שקלים חמשה ועשרים שקלים עשרה וחמשה שקל--המנה יהיה לכם
13 ၁၃ ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။
זאת התרומה אשר תרימו ששית האיפה מחמר החטים וששיתם האיפה מחמר השערים
14 ၁၄ ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။
וחק השמן הבת השמן מעשר הבת מן הכר--עשרת הבתים חמר כי עשרת הבתים חמר
15 ၁၅ သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ושה אחת מן הצאן מן המאתים ממשקה ישראל למנחה ולעולה ולשלמים--לכפר עליהם נאם אדני יהוה
16 ၁၆ ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။
כל העם הארץ יהיו אל התרומה הזאת לנשיא בישראל
17 ၁၇ မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
ועל הנשיא יהיה העולות והמנחה והנסך בחגים ובחדשים ובשבתות בכל מועדי בית ישראל הוא יעשה את החטאת ואת המנחה ואת העולה ואת השלמים לכפר בעד בית ישראל
18 ၁၈ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။
כה אמר אדני יהוה בראשון באחד לחדש תקח פר בן בקר תמים וחטאת את המקדש
19 ၁၉ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။
ולקח הכהן מדם החטאת ונתן אל מזוזת הבית ואל ארבע פנות העזרה למזבח ועל מזוזת--שער החצר הפנימית
20 ၂၀ ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။
וכן תעשה בשבעה בחדש מאיש שגה ומפתי וכפרתם את הבית
21 ၂၁ ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။
בראשון בארבעה עשר יום לחדש יהיה לכם הפסח חג--שבעות ימים מצות יאכל
22 ၂၂ ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။
ועשה הנשיא ביום ההוא בעדו ובעד כל עם הארץ--פר חטאת
23 ၂၃ ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။
ושבעת ימי החג יעשה עולה ליהוה שבעת פרים ושבעת אילים תמימם ליום שבעת הימים וחטאת שעיר עזים ליום
24 ၂၄ နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။
ומנחה איפה לפר ואיפה לאיל--יעשה ושמן הין לאיפה
25 ၂၅ သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။
בשביעי בחמשה עשר יום לחדש בחג יעשה כאלה שבעת הימים כחטאת כעלה וכמנחה וכשמן

< ယေဇကျေလ 45 >