< ယေဇကျေလ 44 >
1 ၁ ထိုနောက် ၊ သန့်ရှင်း ရာအရပ်အရှေ့ သို့ မျက်နှာပြု သောပြင် တံခါး သို့ ဆောင် သွား၍ ၊ ထိုတံခါးသည် ပိတ် လျက်ရှိ၏။
Then he brought me towarde the gate of the outwarde Sanctuarie, which turneth towarde the East, and it was shut.
2 ၂ ထာဝရဘုရား ကလည်း ၊ ဤ တံခါး ကိုမ ဖွင့် ဘဲ ပိတ် ထားလျက်ရှိရမည်။ လူ များမ ဝင် ရကြ။ အကြောင်းမူကား ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင် တော်မူသောကြောင့် ပိတ် ထားလျက်ရှိရမည်။
Then saide the Lord vnto me, This gate shalbe shut, and shall not bee opened, and no man shall enter by it, because the Lord God of Israel hath entred by it, and it shalbe shut.
3 ၃ မင်းသား အဘို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရား ရှေ့ တော်၌ စားသောက် ၍ထိုတံခါးဝ မှာ ထိုင် ရ လိမ့်မည်၊ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက် ဝင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
It appertaineth to the Prince: the Prince himselfe shall sit in it to eate bread before the Lord: he shall enter by the way of the porche of that gate, and shall go out by the way of the same.
4 ၄ ထိုအခါ အိမ် တော်ရှေ့ ၊ မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုဆောင်သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထာဝရဘုရား ၏အိမ် တော်ကို ဖြည့် တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
Then brought he mee toward the North gate before the House: and when I looked, beholde, the glorie of the Lord filled the house of the Lord, and I fell vpon my face.
5 ၅ ထာဝရဘုရား ကလည်း၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု ၍ မှတ် လော့။ ထာဝရဘုရား ၏ အိမ် တော်အဘို့ ငါစီရင် ထုံးဖွဲ့ချက် ပညတ် တရားရှိသမျှ တို့ကို နားထောင် လော့။ အိမ် တော်ဝင် ရာတံခါးဝနှင့် သန့်ရှင်း ရာဌာနမှ ထွက် ရာတံခါးဝရှိသမျှ တို့ကို စေ့စေ့မှတ် လော့။
And the Lord sayd vnto me, Sonne of man, marke well, and behold with thine eyes, and heare with thine eares, all that I say vnto thee, concerning al the ordinances of the house of the Lord, and al the lawes thereof, and marke well the entring in of the house with euery going forth of the Sanctuarie,
6 ၆ ပုန်ကန် တတ်သောသူ ဣသရေလ အမျိုးသား တို့ အား အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဣသရေလ အမျိုးသား တို့၊
And thou shalt say to the rebellious, euen to ye house of Israel, Thus saith ye Lord God, O house of Israel, ye haue ynough of al your abominations,
7 ၇ သင်တို့သည် ငါ့ ဘောဇဉ် တည်းဟူသောဆီဥ နှင့် အသွေး ကို ပူဇော် သောအခါ ၊ ငါ့ ဗိမာန် ကိုညစ်ညူး စေခြင်းငှါ ၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကို မခံ သောကိုယ် ရှိသောတပါး အမျိုးသားတို့ကို ငါ ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍နေရာ ချသဖြင့် ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ စက်ဆုပ် ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ ပဋိညာဉ် ကို ဖျက် ကြပြီ။
Seeing that yee haue brought into my Sanctuarie strangers, vncircumcised in heart, and vncircumcised in flesh, to bee in my Sanctuarie, to pollute mine house, when yee offer my bread, euen fat, and blood: and they haue broken my couenant, because of all your abominations.
8 ၈ ငါ ၏သန့်ရှင်း ရာဌာနကို မ စောင့် ။ ထိုဌာန၌ စောင့် သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထား ကြပြီ။
For yee haue not kept the ordinances of mine holy things: but you your selues haue set other to take the charge of my Sanctuarie.
9 ၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင် နေ၍၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကိုမခံသော ကိုယ် ရှိ သောတပါး အမျိုးသားသည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ မ ဝင် ရ။
Thus saieth the Lord God, No stranger vncircumcised in heart, nor vncircumcised in flesh, shall enter into my Sanctuarie, of any stranger that is among the children of Israel,
10 ၁၀ ဣသရေလ အမျိုးသားတို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွှဲ ပြီးလျှင်၊ မိမိ တို့ရုပ်တု များနောက်သို့ လိုက် သွား သောအခါ၊ ငါ့ ထံမှ ထွက်၍လမ်းလွှဲ သော လေဝိ သားတို့ သည်လည်း ကိုယ် အပြစ် ကိုခံရ ကြမည်။
Neither yet ye Leuites that are gone backe from me, when Israel went astray, which went astray from thee after their idoles, but they shall beare their iniquitie.
11 ၁၁ သို့ရာတွင် ၊ ငါ ၏သန့်ရှင်း ရာဌာနနှင့်ဆိုင်သော အမှု စောင့်ဖြစ်၍၊ ဗိမာန် တော်၌တံခါး တို့ကို စောင့် လျက် ၊ အမှု တော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ ရာယဇ် နှင့် လူ များပူဇော်သော ယဇ်ကောင် တို့ကိုသတ် ၍၊ လူများ ကိုယ်စားအမှု တော်ကို ဆောင်ရွက်ရကြမည်။
And they shall serue in my Sanctuarie, and keepe the gates of the House, and minister in the House: they shall slay the burnt offring and the sacrifice for the people: and they shall stand before them to serue them.
12 ၁၂ သူတို့သည် ရုပ်တု တို့ရှေ့မှာ လူများအမှု ကို ဆောင်ရွက်သဖြင့် ၊ ဣသရေလ အမျိုး ထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူ တို့ တဘက် ၌ငါကျိန်ဆို ၍၊ သူတို့သည် ကိုယ် အပြစ် ကို ခံရ ကြမည် ။
Because they serued before their idoles, and caused the house of Israel to fall into iniquitie, therfore haue I lift vp mine had against the, saith the Lord God, and they shall beare their iniquity,
13 ၁၃ ယဇ်ပုရောဟိတ် လုပ်၍ ငါ့ ထံသို့ မ ချဉ်းကပ် ရကြ။ အလွန် သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်း သောအရာတို့ကို မချဉ်းကပ် ရကြ။ ကိုယ် အရှက်ကွဲ ခြင်း၊ ကိုယ်ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုခံရ ကြမည်။
And they shall not come neere vnto me to do ye office of ye Priest vnto me, neyther shall they come neere vnto any of mine holy things in the most holy place, but they shall beare their shame and their abominations, which they haue comitted.
14 ၁၄ အိမ် တော်ကိုစောင့် ၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှု တို့ကို ဆောင်ရွက် စေခြင်းငှါ ငါခန့်ထား မည်။
And I will make them keepers of ye watch of the House, for all the seruice thereof, and for all that shalbe done therein.
15 ၁၅ ဣသရေလ အမျိုးသား တို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွဲ သောအခါ ၊ ငါ ၏သန့်ရှင်း ရာဌာနကို စောင့်နေသော လေဝိ အမျိုးဖြစ်သော ဇာဒုတ် သား ၊ ယဇ်ပုရောဟိတ် တို့သည် ငါ့ အမှု ကိုဆောင်ခြင်းငှါ ငါ့ ထံသို့ ချဉ်းကပ် ရကြ၏။ ငါ့ အား ဆီဥ နှင့် အသွေး ကို ပူဇော် ခြင်းငှါ အရှေ့ မှာရပ် ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
But the Priests of the Leuites, the sonnes of Zadok, that kept the charge of my Sanctuarie, when the children of Israel went astray from me, they shall come neere to me to serue me, and they shall stande before me to offer me the fat and the blood, saith the Lord God.
16 ၁၆ ထိုသူ တို့သည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ ဝင် ၍ ငါ့ အမှု ကိုဆောင်ခြင်းငှါ ၊ ငါ့ စားပွဲ အနားသို့ ချဉ်းကပ် ၍ ငါ့ အမှု စောင့်ဖြစ်ရကြမည်။
They shall enter into my Sanctuarie, and shall come neere to my table, to serue me, and they shall keepe my charge.
17 ၁၇ သူတို့သည် အတွင်း တန်တိုင်း တံခါး အတွင်း သို့ ဝင် သောအခါ ၊ ပိတ် အဝတ် ကိုသာ ဝတ် ရကြမည်။ အတွင်း တန်တိုင်း တံခါး အတွင်း၌ အမှု တော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေး အဝတ်ကို မ ဝတ် ရကြ။
And whe they shall enter in at the gates of the inner court, they shall be clothed with linen garments, and no wool shall come vpon the while they serue in ye gates of the inner court, and within.
18 ၁၈ ခေါင်း ပေါ်မှာ ပိတ် ဦးထုပ် ကို ဆောင်း ၍ ၊ ခါး ၌ ပိတ် ပေါင်းဘီ ကိုဝတ် ရကြမည်။ ချွေးထွက် စေသော အဝတ်ကို မ ဝတ် ရကြ။
They shall haue linnen bonets vpon their heades, and shall haue linnen breeches vpon their loynes: they shall not girde them selues in the sweating places.
19 ၁၉ လူ များရှိရာ ပြင် တန်တိုင်း သို့ ထွက်သွား သောအခါ ၊ အမှုတော်ကို ဆောင် စဉ်တွင်ဝတ်သောအဝတ် ကို ချွတ် ၍ ၊ သန့်ရှင်း သောအခန်း တို့၌ ထား ပြီးလျှင် ၊ အခြား သောအဝတ် ကိုဝတ် ရကြမည်။ အရင်အဝတ် ကိုဝတ်လျက် လူ များတို့ကို မ သန့်ရှင်း စေရကြ။
But when they goe foorth into the vtter court, euen to the vtter court to the people, they shall put off their garments, wherein they ministred, and lay them in the holy chambers, and they shall put on other garments: for they shall not sanctifie the people with their garments.
20 ၂၀ မိမိ တို့ဆံပင် ကိုလည်း မ ရိတ် ရ၊ မ ရှည် စေခြင်းငှါဖြတ် ရမည်။
They shall not also shaue their heades, nor suffer their lockes to growe long, but rounde their heades.
21 ၂၁ ယဇ်ပုရောဟိတ် သည် အတွင်း တန်တိုင်း ထဲသို့ ဝင် သောအခါ စပျစ်ရည် ကိုမ သောက် ရ။
Neither shall any Priest drinke wine when they enter into the inner court.
22 ၂၂ မုတ်ဆိုးမ နှင့် မစုံဘက်ရ။ လင်ကွာ သောမိန်းမနှင့် မ စုံဘက် ရ။ ဣသရေလ အမျိုး အပျိုကညာ နှင့် သော်၎င်း၊ ယဇ်ပုရောဟိတ် ၏မယား ဖြစ် ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်းစုံဘက် ရမည်။
Neither shall they take for their wiues a widowe, or her that is diuorced: but they shall take maidens of the seede of the house of Israel, or a widow that hath bene the widow of a Priest.
23 ၂၃ ငါ ၏လူ တို့သည် သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို၎င်း၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာတို့ကို၎င်းပိုင်းခြား ၍သိစေခြင်းငှါသွန်သင် ရကြမည်။
And they shall teach my people the difference betweene the holy and prophane, and cause them to discerne betweene the vncleane and the cleane.
24 ၂၄ တရားတွေ့ မှုကိုစီရင်လျှင်၊ ငါ ၏ဓမ္မသတ် အတိုင်း စီရင် ရကြမည်။ ငါ ၏ဓမ္မပွဲ တို့ကို ဆောင်ရွက်လျှင်၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ ငါ ၏ဥပုသ် နေ့တို့ကို၎င်းစောင့်ရှောက် ရကြမည်။
And in controuersie they shall stande to iudge, and they shall iudge it according to my iudgements: and they shall keepe my lawes and my statutes in all mine assemblies, and they shall sanctifie my Sabbaths.
25 ၂၅ အသေကောင် ကိုချဉ်း ၍ ကိုယ်ကိုမ ညစ်ညူး စေရ။ သို့ရာတွင် ၊ ကိုယ်မိ ဘ ၊ သား သမီး ၊ ညီအစ်ကို ၊ လင် မ နေ သောနှမ အတွက် ကိုယ်ကို ညစ်ညူး စေရသော အခွင့်ရှိ၏။
And they shall come at no dead person to defile theselues, except at their father, or mother, or sone, or daughter, brother or sister, that hath had yet none husband: in these may they be defiled.
26 ၂၆ သန့်ရှင်း ခြင်းကိုပြုပြီးမှ ခုနစ် ရက် နေ ရမည်။
And when he is clensed, they shall reckon vnto him seuen dayes.
27 ၂၇ သန့်ရှင်း ရာဌာန၌ အမှုတော်ကိုဆောင် ခြင်းငှါ အတွင်း တန်တိုင်း သန့်ရှင်း ရာဌာနထဲသို့ ဝင် သောနေ့ တွင် ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And when he goeth into ye Sanctuarie vnto the inner court to minister in the Sanctuarie, he shall offer his sinne offring, saith ye Lord God.
28 ၂၈ ထိုအရာသည် ယဇ်ပုရောဟိတ် တို့၏ အမွေ ဥစ္စာ ဖြစ် ရမည်။ ငါ သည်သူ တို့အမွေ ဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူ တို့အား အမွေ မြေကို မ ပေး ရ။ ငါ သည်သူ တို့၏ အမွေ မြေဖြစ်၏။
And the Priesthood shall bee their inheritance, yea, I am their inheritance: therefore shall ye giue them no possessio in Israel, for I am their possession.
29 ၂၉ ပူဇော် သောမုန့်ညက်နှင့် အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကို စား ရကြမည်။ ဣသရေလ အမျိုးသားကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သိမ်းယူ ရကြမည်။
They shall eate the meat offring, and the sinne offring, and the trespas offring, and euery dedicate thing in Israel shall be theirs.
30 ၃၀ အဦး သီးသောအသီးအမျိုးမျိုး နှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ အလုံးစုံ တို့ကို ယဇ်ပုရောဟိတ် သည် သိမ်းယူ ရမည်။ သူသည်သင့် အိမ် ၌ ကောင်းကြီး မင်္ဂလာကို သက်ရောက် စေခြင်းငှါ ၊ အဦး နယ်သော မုန့်စိမ်း ကို သူ ၌ လှူ ရမည်။
And all the first of all the first borne, and euery oblation, euen all of euery sort of your oblations shall be the Priestes. Ye shall also giue vnto the Priest the first of your dough, that he may cause the blessing to rest in thine house.
31 ၃၁ ငှက် ဖြစ်စေ ၊ သား ဖြစ်စေ၊ အလိုလို သေသော အကောင်၊ သားရဲ ကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ် မ စား ရ။
The Priests shall not eate of any thing, that is dead, or torne, whether it be foule or beast.